Powered By Blogger

Wednesday, December 7, 2016

လေးဘီးကားသမားဘ၀မှာ....( ၉ )


လေးဘီးကားသမားဘ၀မှာ....( ၉ )  ( တပည့် တော့ စဖြစ်ခဲ့ ပြီ... :P    😁 )
-------------
လောကီပညာတွေနောက် လိုက်ခဲ့ တာမှာ သင်ဆရာက ဒဲ့ ကြီး ၂ ယောက်ပဲ တစ်သက်လုံးရှိခဲ့ တာ ဆရာက ပထမဆရာပေါ့ လေ၊ ကျန်တာက မြင်ဆရာ ကြားဆရာ စာအုပ်ဆရာတွေချည်းပဲ ၊ပြီးတော့  အဲ့ လိုင်းဟာ အပျော်လိုလို အပြင်းပြေလိုလို ကိုယ့် အတွက်လိုလို နဲ့  စခဲ့ ကြရင်းက ကံပါလာရင် ခြေတစ်လှမ်းချင်းကနေ တစ်ဘ၀လုံးကျွံသွားတတ်တဲ့  အထိစွဲဆောင်အားကောင်းတဲ့ သဘောရှိတယ် ။ ကျွံပြီဆိုရင် ပြန်ရုန်းထွက်ရတာလဲ ခက်တတ်တဲ့ သဘောရှိတယ်..၊ ကျနော်တို့ က နဂိုကတည်းက တစ်ကိုယ်တော်နေတဲ့  လှုပ်ရှားတတ်တဲ့  စရိုက်တွေဆန်တာ ဂရုဖွဲ့ မနေတတ်ပဲ  ကိုယ့် စိတ်အတိုင်းသာ နေတတ်စားတတ်သွားတတ်လာတတ်တဲ့  လွတ်လပ်တဲ့  ဖရီးစတိုင်ပဲ နေတတ်တဲ့ အကျင့် က ပိုများနေတာ   ကိုယ့် ကိုယ် သူများက သြဇာတွေ မာလာကာတွေ အလကားနေရင်းလာပေးတောမျိုးကို သိပ်အာရုံမလာတတ်သလို သူများကို  အလွယ်တကူလည်း ဆရာ မတင်တတ် ဆရာမခေါ်တတ်ခဲ့ ဘူး ကားဆွဲနေလို့ ခရီးသည် ကျားအိုကြီးတွေတောင် ဆရာဘယ်သွားမှာလဲ ဘာညာတွေ နှုတ်ကမထွက်ခဲ့ ဘူး  ဘယ်သွားမှာလဲခမျက  အယဉ်ကျေးဆုံးမေးပြောလေးသဘောဆန်ခဲ့ တယ်.. ( အမျိုးသမီးကြတော့  မနေ့ တစ်နေ့ က မွေးလဲ အစ်မလေးတို့ အစ်မတို့  တန်းခေါ်ပစ်လိုက်တာပဲ   အဟီး....)

ဒါနဲ့  သိပ်မကြာခင် အမေ့ ကို ဆရာဆီကို ခေါ်ချသွားတော့ တာပေါ့ လေ ( တစ်ကယ်ခေါ်သွားတော့ အဲ့ နေ့ က ရင်တွေဘာတွေတုန်နေလို့ ပေါ့   တစ်ခုခု စိတ်ပျက်စရာတွေ ဖြစ်မှာ အမေ့ အာရုံထဲ သဘောမကျစရာတွေတစ်ခုခု ဖြစ်သွားမှာကို ကျိတ်စိုးရိမ်စိတ်က ဖြစ်နေတာမျိုး  အမေ့ စိတ်ရင်း အကြောင်းက ကျနော်က သားမို့  သိနေပေမယ့်  ဆရာ့ အကြောင်း ကို အမေက သေသေခြာခြာမသိသေးလို့ ဆရာ့ ရဲ့ တော်ကီတွေအပေါ်မှာ အမေသဘောမကျဖြစ်သွားမှာလည်း တွေးပူနေပေါ့ လေ...မူလတန်းကျောင်းကနေ အလယ်တန်းကျောင်းကို အရွှေ့  အမေကိုယ်တိုင် ကျောင်းလိုက်အပ်ပေးတဲ့  ပထမဆုံး နေ့ က ကျောင်းကြီးကိုကြည့် ပြီး ရန်ခုန်နေတဲ့ ခံစားမှု့ မျိုးနဲ့ လည်း ခပ်ဆင်ဆင်ပါပဲ  ၊ ဆရာ့ ဆီရောက်တော့  ( အဲ့ အချိန်က ကျနော်တို့ သားအမိတွေက မျက်နှာချင်းက အထက်အောက် မောင်နှစ်မလို့ တောင် ထင်ရလောက်အောင် ဆင်ကြတယ် ဒီတော့  ဆရာက အမေဟာ ကျနော့် အမေမှန်းတန်းသိနေပြီပေါ့ လေ)   အဲ့ မှာ  ဆရာက အမေ့ ကို မြင်တာနဲ့ အိုးတိုးအန်းတန်းတွေ ဖြစ်မနေပဲ ဖေါ်ဖေါ်ရွေရွေပါပဲ  အစ်မကြီးလာလာတွေ ဘာတွေနဲ့ ဆိုတော့  စစချင်းတွေ့ ဆုံမှု့ က အိုကေသွားပြီပေါ့ လေ ..အဲ့ မှာ အမေက အဖေ့ ကံကို တွက်တော့  ဆရာက အစ်မကြီးခင်ပွန်းက လူကောင်းကြီးပါဘာညာတွေနဲ ့နဲနဲပါးပါး ပြောလိုက်ရင်းက လေပေးဖြောင့် သွားကြပါရော..၊

အဲ့ ကနေ အမေက ဒဲ့ ကြီး အပ်တော့ တာ အမေ ဆရာ့ ဆီမှာ အပ်နှံချက်က  တကယ့် မြန်မာ့ ရိုးရာလဲဆန်လှတယ်  အလယ်တန်း ၅ တန်း စအတက် စတိတ်ကျောင်းက အတန်းပိုင်ဆရာမဆီမှာ အပ်သလိုပဲ  မကျိုး မပဲ့ မကန်းရရပါပြီ ဆရာကြိုက်သလိုသာဆုံးမပေတော့ တွေဘာတွေ မပြောယုံတမည်ပါပဲ  သူ့ သားကို ဆရာ့ ဆီပုံအပ်သလိုမျိုးကြီး...ဗေဒင်ဆရာတစ်ယောက်ဆီမှာ သင်တန်းအပ်တာမျိုးနဲ့ မတူပဲ ကျောင်းသားတစ်ယောက်ကို ဆရာမဆီ ကျောင်းအပ်နေတာမျိုးနဲ့ တောင်တူနေတယ် ၊ ဆရာက အဲ့ လို မိဘတွေကိုယ်တိုင်ကကျောင်းအပ်သလို  ပုံပြီ အပ်လာတာတွေ့ ရတော့  အင်ပရက်ရှင်တွေတက်ပြီး သဘောတွေကျနေတော့ တာပေါ့ လေ.. အဲ့ နေ့ မှာ ဆရာ့ တပည့် အဖြစ်  တရားဝင် စရောက်သွားတော့ တာမျိုးပါပဲ  ဒီကောင်ကြီးတွေရော ငါ့ ကောင်ကြီးတွေရော စကားလုံးတွေ တောင်ချိန်းကုန်တယ်...( အဲ့ နေ့ က ကျနော်ရဲ့ ဆိုးဖက်သူငယ်ချင်းရယ် နောက်သူငယ်ချင်း ၂ ယောက်နဲ့  အားလုံး ၄ယောက်က  သင်တန်းသားစစ်စစ်တွေအဖြစ် ဆရာက လက်ခံလိုက်တော့ တယ်..၊ ကျန်ေတဲ့  ၂ယောက်ကလဲ အဲ့ ဆိုးပေသူငယ်ချင်းကပဲ
ဆရာ့ ဘုန်းတော်ဘွဲ့ တွေ ရွတ်ပြပြီး ဆွဲစိလာခဲ့ တဲ့  သူငယ်ချင်းတွေပါပဲ...( အဲ့ ၂ယောက်က သင်တော့ သင်လိုက်ကြပြီး ဗေဒင်လောကသားတော့ ဖြစ်မလာပါဘူး ) ကျနော်တို့ လေးယောက်နောက်တော်တော်လေးကြာတော့  ကျနော်တို့ ထက်အသက်များကြီးကြီးတဲ့  အစက လေဟာပြင်ဈေးမှာဈေးရောင်းသူတစ်ယောက်က နောက်တိုး တပည့် ဝင်ဖြစ်လာခဲ့ တယ်....

တပည့် ဖြစ်ပြီလို့ သာဆိုတာပါ  ကားကိစ္စက တန်းလန်းကြီးကျန်နေသေးသလို သင်တန်းလို့ သာဆိုတာ သူ့ အလုပ်ခွင်အချိန်ထဲကနေ ဘော်လေးတစ်ချပ်နဲ့  အချက်အလက်တွေ ထထရှင်းပြရတာမျိုးဆိုတော့  သင်တန်းချိန်သီးသန့် ရယ်လို့ မရှိခဲ့ ဘူး   လက်လှဲ့ စာကူးစက်လေးနဲ့  ရိုက်ထားတဲ့  မှတ်စုဆန်ဆန် စာရွက်လေးတွေတစ်ချို့ နဲ့  စခဲ့ တာမျိုးပဲ  သင်တန်းပြောရခက်  စကားတွေထိုင်ပြောနေကြတာလားလို
ဆိုရအခက်ပါပဲ  ဗေဒင်ကြောင်းတွေအပြင် လောကအကြောင်း ဓမ္မအကြောင်း တွေ နဲ့  အကြောင်းတွေက စုံလွန်းလို့   ဘာနဲ့ ပိုတူနေလဲဆိုတော့  ဂရိ အေသင် ရောမ ခေါမ ခေတ်က အနားပတ်လည်မှာ စုရုံး ၀ိုင်းထိုင်ပညာယူနေတဲ့  တပည့် တွေကို အတွေးအခေါ်တွေ သင်ပေးနေတဲ့  ဒသန ပညာရှင် ဆရာကြီးတွေလိုလို ဆိုဖီဆရာကြီးတွေလိုလိုနဲ့  တူနေတာမျိုးပဲ ....

အမေနဲ့  အဲ့ နေ့ က ဆရာနဲ့ ခေါ်တွေ့ ပေးပြီး အိမ်အပြန်မှာတော့  အဖေနဲ့  စကားဝိုင်းလုပ်ရတော့ တာပါပဲ  ( ကျနော်တို့ အဖေ စရိုက်ကလည်း အဲ့ လို မပြောရင်မပြောဘူး ပြောရင် ဒဲ့ ကြီး  မိသားစု မျက်နှာစုံညီတွေ ဘာတွေ နဲ့ ထထလုပ်တတ်တာမျိုး)  သားအမိသားအဖ ၃ ယောက်ပေါ့ လေ.( မလှမ်းမကမ်းမှာ ကျန်တဲ့ မောင်နှစ်မတွေပါ အစုံအညီပဲ  ၀ိုင်းထိုင်လို့  ဘာတွေများ ဖြစ်ကုန်ပြီလဲပေါ့ လေ  အဟီး..) .၊  အဓိက ကိစ္စက  ဗေဒင်သင်တာကို မကန့် ကွက်ပါဘူး ( မတတ်သာလို့  ပြောမရမယ့် အတူတူ  မကန့် ကွက်တော့ သလိုလို ဘာလိုလို  သား သိပ်လိုလားနေတဲ့ ဆန္ဒကိုပဲ  အဖေက  လိုက်လျောလိုက်တဲ့ သဘောလိုလို  အဟီး..) အခု ကျနော်မောင်းနေတဲ့ ကားကို ဘယ်လိုလုပ်မယ်စိတ်ကူးထားသလဲဆိုတာက စကားဝိုင်းရဲ့  အဓိက ခေါင်းစဉ်ကြီးပေါ့ လေ....  ခိခိ


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..