Powered By Blogger

Wednesday, December 7, 2016

''' နာရီပုံပြင် '''



'''  နာရီပုံပြင် '''
---
ဟိုဖက်ခေတ်တုန်းကတော့  နာရီပတ်တယ်ဆိုတာ ကလေးအရာမဟုတ်ပဲ လူကြီးအရာလိုလို  ငွေနဲနဲ သုံးနိုင်သူတွေရဲ့ အရာလိုလို  သဘောထားမျိုးက ပိုများခဲ့ ပုံရသလို ကျနော်တို့ တောင် ၅ တန်းရောက်မှ နာရီလေးတစ်လုံး စပတ်ခွင့် ရခဲ့ တာမျိုးပဲ၊ ဒါတောင် ကိုယ့် နာရီက ၅တန်းတက်လို့  စတိတ်ကျောင်းသားကြီး ဖြစ်လို့  အဖေက ငါ့ သားကြီး  နာရီ ပတ်စေသတည်း လုပ်တာမျိုးပုံရပြီ အဲ့ မှာ အသစ်ဝယ်ပေးတာမျိုး မဟုတ်ခဲ့ ပဲ အဖေက သူပတ်နေကျ အိုမီဂါ နာရီလေးကို ချွတ် ကျနော့် ကိုပေး သူက ဂျပန်က ၀င်စ ပေါ်စ   ဆီကိုနာရီကြီးကို အသစ်ဝယ်ပတ် လုပ်ခဲ့ တာမျိုးဗျား..ဒါတောင် အတန်းထဲ ကျနော့် လို နာရီပတ်ထားတဲ့ ကျောင်းသားက ခပ်နဲနဲပဲရှိသေးတာမျိုးရယ် အများစုက အလယ်တန်းနောက်ဆုံးနှစ်တွေဆိုတဲ့  ၇ တန်း ၈တန်းလောက်နဲ့  အထက်တန်းဆိုတဲ့  ၉တမ်း ၁၀တန်းလောက်မှ နာရီကို ကျကျနနပတ်ကြတာများတယ်...


အဲ့ ခေတ်က အိုမီဂါနာရီဆိုတာ ကမ္ဘာ့ ထိပ်တန်း နာရီဆိုတာ ကျနော်တို့ က  ကလေးတွေဆိုတော့  ဘယ်သိမလဲ အဖေက အဲ့ အိုမီဂါ ဟာ အကောင်းစား ဘာညာပြောလဲ အင်း အင်း လောက်ပါပဲ  ( ၀င်းဦးတောင် သူ့  ဓါတ်ရှင်ထဲ သီချင်းလုပ်ဆိုခဲ့ သေးတယ် ♫ ♪♫  ခေါင်းကလေး မော့ မော့  ကျော့ မူယာလေး ရင်ထဲ...♫ ♪♫  အို...အို အို..အိုမီဂါ ♫ ♪♫   ဘာညာတွေနဲ့  ခ်ခ်  ။  အဲ့ အိုမီဂါ နာရီတံဆိပ်ကလည်း  မိန်းကလေးတွေရဲ့  ခေတ်ပေါ်စတိုင် ဆံပင်ပုံဆန်းအဖြစ် ခေတ်ထလိုက်သေးတယ်  သူတို့ တွေ  ဆံပင်ညှပ်ဆိုင်သွားရင် အိုမီဂါ ပုံလေး ညှပ်ပေးပါတဲ့    အမှန်က ဒါလဲ  ဓါတ်ရှင်မင်းသမီးတွေက စခဲ့ တာမျိုးပါပဲ 
 ရုပ်ရှင် မင်းသမီး စန္ဒာ ရဲ့  ဆံပင်ပုံနဲ့  သိပ်မကွာဘူးထင်တယ်...စန္ဒာပုံ ညှပ်ပေးပါဆိုလဲ ဒါပဲ  အိုမီဂါ ပုံဆိုလဲ ဒါပဲ  ..ဗမာစာ အက္ခရာ ဂ ငယ်ကို အောက် အနားဆံလုံးထူထူ လေးကနေ အဖျားပြန်  ကော့ တက်နေပုံမျိုးလေး   ငိငိ    )  )


အဲ့ အိုမီဂါ နာရီက  ဒိုင်ခွက်က နဂိုကကို နို့ နှစ်ဖြူ ရောင်သန်းနေပြီး ဒိုင်ခွက်ပေါ်မှာရော ဒိုင်ခွက်ဖင်မှာပါ နာရီ စီးရီးနံပတ် ဂဏန်း ၄ လုံး အတူတူရေးထားတာပါနေတာမျိုး...နာရီတစ်လုံးရဲ့  ကိုယ်ပိုင် နံပတ်လိုမျိုးကြီးပေါ့ လေ...ဒါပေမယ့်  ကျနော်တို့ က အဲ့ ပါးပါးလှပ်လှပ်လေးနဲ့  ဖြူသလိုလို ၀ါကျင်ကျင်ဖြစ်တော့မလိုလို ဖြစ်နေတဲ့  အဲ့ အိုမီဂါ နာရီလေး ပတ်ထားရတာ အသစ်မဟုတ်လို့  ဖီလင်က ခပ်ငုတ်ငုတ်ပေါ့  အန်းတစ်ကြီး အောက်လိုက်တာပေါ့ လေ...


အဲ့  ငုတ်နေတဲ့  ဖီလင်ကို အဖေက ရိပ်မိပုံရပါတယ်  အဲ့ ခေတ်က ဒီဇိုင်းဆန်းသလိုဖြစ်နေပြီး အတော် အဟန့် ကြီးတဲ့  ဂျပန်ကနေ စ၀င်လာနေတဲ့  ဆီကို နာရီကြီးကို သူ ပတ်ထားရကနေ ချွတ်ပေးလိုက်တယ်  ရော့  သား မင်းပတ် တဲ့   ( သူ ကတော့  အဲ့ နာရီဟာ သူ့ ဘ၀မှာနောက်ဆုံးပတ်ခဲ့ တဲ့ နာရီ ဖြစ်သွားတယ်... သားလုပ်သူ ပျော်သွားအောင် သူ့ အကြိုက် ဂျပန်လုပ် အသစ်စက်စက် ဆီကို နာရီကို ချွတ်ပေးလိုက်တဲ့  အဖေတစ်ယောက်ရဲ့  သားသမီးတွေအပေါ်ထားတဲ့   ချစ်ခြင်းမေတ္တာ သဘောကို နောက် အသက်တော်တော်ရလာမှ သိတော့တာပေါ့ လေ )....


ကျနော်လည်း ပျော်သွားပြီး အဲ့ ဆီကို နာရီကြီးကောက်ပတ်ထားပေါ့ လေ  ( ကြွားတော့ တာပေါ့ လေ လို့  ရေးရင် ပိုမှန်မယ်   အဟီး..)  ဟို အာရုံမလာတော့ တဲ့   အရောင်မွဲမွဲနဲ့  အန်းတစ်ကြီးဆိုပြီး ချွတ်ထားလိုက်တဲ့  အိုမီဂါနာရီ ကို ဒီလိုပဲ သိမ်းထားလိုက်တာပေါ့ လေ... အဟီး...မကြိုက်တော့ ဘူးဟေ့ ဆို   မြင်နေရတောင်  စိတ်တွေကို ဆင်းရဲ့ လို့   စိတ်က အဲ့ လိုတွေ...ငိငိ 


အဲ့ မှာ အဖေ့ ညီရင်းထဲက လူလည် ဦးလေးက ကျနော့်  အိုမီဂါနာရီကို ဘယ်တုန်းထဲက မျက်စိကျနေလည်းတော့ မသိပါဘူး  ပြန်ရောင်းမလား ၃ထောင် ပေးမယ်လေ ဘာညာဆိုတော့   မဆိုးဘူး ဆိုပြီး ရော့ ရော့  ဦးလေး လို့  အလွယ်တကူလေး   ပေးလိုက်တာပေါ့ လေ.. ( အမျိုးချင်း အရောင်းအ၀ယ်လုပ်ရတာ ပါးစပ်အရောင်းအ၀ယ်များဆို မသေခြာချက်နဲ့   လေချည်း စားကောင်းအောင်လွှတ်သွားပုံက  အဲ့  ၃ ထောင်ကို ခွဲခွဲ ပေးမယ်ဆိုတာ သဘောတူလိုက်ပေမယ့်  ၅၀၀တောင် မပြည့် ခဲ့ ပါဘူး ဟိုလိုလို ဒီလိုလို မေ့ နေသလိုလို တူအရီးတွေလိုလိုနဲ့  ၃ထောင်ပြည့် အောင် မရတော့ ပါဘူး..ဒါနဲ့  ပွဲပြီးသွားရောဆိုပါတော့ ....


ပွဲပြီးသလိုလို နဲ့  မပြီးပဲ သတင်းပြန်ကြားရတာက အဲ့ အိုမီဂါ နာရီလေးက အော်ရဂျင်နယ် ဆွစ်မိတ်တွေ နာရီ စီးရီး နံပတ်တွေ ပါတယ်  ပြန်ရောင်းရင်ဈေးကောင်းရတယ် ဆိုပြီး နာရီပြင်ဆိုင်က သူ့ ဘော်ဒါတွေဆီက သတင်းရလာလို့  ကျနော့် ဆီက ကျနော် မကြိုက်တော့ လို့    မပတ်ပဲ ချွတ်ထားတဲ့  အဲ့ အိုမီဂါ  နာရီလေးကို သူပဲ သူ့ အစ်ကို နာရီလေးမို့   သူပဲ  ပတ်တော့် မလိုလို နဲ့  လာဝိုက်ပြီး တကယ်ကြတော့   ရောင်းတုတ်လိုက်တာ ပိုက်ဆံ   အတော်ကြီးရသွားတယ်တဲ့ ဗျား... အငှင့်  ပဲ.. ခိခိ။


အင်း...အင်း..ပေါ့ လေ...နှစ်ဖက်သော အမျိုးတွေက ကိုယ့် နည်း ကိုယ့် ဟန်နဲ့   ဇ တွေကတော့  မသေးတာ အရင်ကတည်းက သိပြီးသားဆိုတော့  ဘာမှတော့ မပြောတော့  ပါဘူး..ဦးလေးထောသွား ကျနော် ငတ်ပါပဲလေပေါ့    ဟီးဟီး...အဲ  အဲ့  .အိုမီဂါ စခန်း တစ်ခန်းရပ်ဖြစ်သွားတာပေါ့ လေ...(အဖေကလည်း သူ့ ညီအကြောင်းသိနေတော့  အဲ့ ကိစ္စ   ဘာမှမပြောတော့  ''''ကျနော်ကကော ဘာများတတ်နိုင်ဦးမှာလည်းပေါ့  ခမျာ '''   ပေါ့ လေ...ငိငိ)


ကျနော်တို့ က   နာရီရူးထဲတော့ မပါပေမယ့်  (  ပါလို့ မှ မရတာ နော့်    အဟိ..)  အဲ့ ခေတ်က နာရီပတ်တဲ့ စတိုင်မျိုးထဲတော့  နဲနဲတော့  မျောသွားဖူးတယ်...အဖေ့ ဆီကိုနာရီက လူကြီးတွေနဲ့ ဆို ခန့် ပြီး အဟန့် ကြီးလို့ လိုက်ဖက်ပေမယ့်  ကျနော်တို့  စတိတ်ကျောင်းသား လက်ကလေးနဲ့ ဆို  အဲ့ နာရီက လက်ကောက်ဝတ်မှာ  ခြာရပတ်ကို ရမ်းနေတာမျိုး... အဲ့ လိုကို ချောင်တာ  ကလေးလက်ကောက်ဝတ်နဲ့  ဘာမှကို မဆိုင်ရေးချ မဆိုင်ဆိုတာမျိုးပါပဲ  ၊

နာရီကြိုးတွေ အဆစ်ဖြုတ် ပတ်တာ ဂိတ်ဆုံးနေလဲ ( ဖြုတ်ပြီး သိမ်းထားတဲ့ ကြိုး အဆစ်တွေသာ ဘယ်ရောက်ကုန်မှန်းမသိ ပျောက်ကုန်တာ  ) လက်နဲ့ က   ချောင်နေတုန်းပဲ..ပြီးတော့  အတော်လေးတာမျိုး..နောက်မကြာခင်ပလတ်စတစ်အုံတွေနဲ့ လုပ်ထားတဲ့  ဆီကိုနာရီ ဒီဇိုင်းလှလှ သေသေသပ်သပ်လေးတွေ ကျနော်တို့ စတိတ်ကျောင်းသားတွေကြားမှာ   ခေတ်စားလာတယ် ဈေးကလည်း သိပ် မပေါပေမယ့်  မဆိုးဘူးလောက်တော့ ရှိတယ်..ရေစိမ်ခံ  ဒူပေဒါပေခံလည်း  ရတယ်  အဲ့ တာကို မျက်စေ့ ကျသွားရော...အဲ့ မှာ ဟို အလေးကြီး ဆီကို နာရီကို ခေါက်ထားလိုက်ပြီး  အဲ့ ပလတ်စတစ် အနက်ရောင်အုံနဲ့  ဂျပန်မိတ် အပေါ့ စား ဆီကို နာရီကို ကောက်ပတ်တော့ တာပါပဲ....အဲ့ နာရီတွေနဲ့  အတော်ကြာခဲ့ တယ်...ကိုယ့် လက်ကောက်ဝတ် သေးသေးလေးနဲ့ လည်း လိုက်တယ်ထင်ပြီး ခေတ်စတိုင် နာရီလေးဆိုတော့   လူကြားထဲ လက်လွှဲ လမ်းလျှောက်တာတောင်  အဲ့ နာရီပတ်ထားတဲ့ လက်က လေထဲ  လွတ်တွတ်တွတ်ကြီးဖြစ်နေတာပေါ့ လေ....ခ်။


အမှတ်တရ အဖြစ်ဆုံးက ယောက်ျားလေးတွေ  ဖက်ရှင်သဘောအဖြစ်  နာရီဒိုင်ခွက်သေးသေးလေးတွေ ပတ်ကြတဲ့  ခေတ်နဲ့  လက်ဘယ်မှာရော ညာမှာပါ တစ်လုံးစီနဲ့  နာရီ နှစ်လုံး တစ်ပြိုင်နက်ထဲပတ်ကြတဲ့  ခေတ်သဘော ခေတ်စားခဲ့ တာလေးပါပဲ....( ဒါလည်း ဓါတ်ရှင်ထဲက နေ အပြင်ကို ရောက်လာတာမျိုးပါပဲဗျား )  အဲ့ မှာ ကျနော်တို့ က  ဘယ်ညာနာရီနှစ်လုံး တစ်ပြိုင်နက်ထဲ ပတ်တဲ့  နောက်ကိုတော့ မလိုက်ခဲ့ ကြဘူး ( ဒါတော့ ပေါလွန်းတယ်လို့ ထင်လို့ လေ...အဲ့ ဒါကြောင့် လားတော့ မသိပါဘူး နာရီ ၂ လုံး တစ်ပြိုင်နက်ထဲပတ်တဲ့  ဖက်ရှက်က ခဏလေးပဲ ခံလိုက်တယ်  )


ကျနော်တို့  ကြာကြာပတ်ဖြစ်နေခဲ့ တာ  ခုထိ စိတ်မကုန်ချင်သေးတာက နာရီဒိုင်ခွက် သေးသေးလေးတွေနဲ့ သားရေလက်ပတ်ကြိုးနဲ့ ပတ်တဲ့ စတိုင်ပါပဲဗျား.( တစ်ချို့ တွေက မ ဆန်လိုက်တာ ကျားမဆန်ဘူးဆိုတဲ့ အမြင်နဲ့ ကြည့် လည်း ကျနော်တို့ က ကိုယ်ထင်တာကိုယ်လုပ်နေရရင် ပျော်နေတတ်တဲ့  စရိုက်တွေနဲ့  ဘေးကို သိပ်ဂရုမစိုက်တဲ့ စရိုက်တွေကြောင့်  ဘာထင်ထင် သဘောရှိခဲ့ ကြတယ်ပေါ့ လေ..)


...အဲ့  နပ်စမတွေအပတ်များတဲ့ စတိုင်လို နာရီဒိုင်ခွက်သေးသေးလေးတွေ ပတ်တဲ့  ခေတ်က အတော်လေးကို ကြာခဲ့ တယ်...၊  နောက်တော့  အဲ့ က သားရေလက်ပတ်ကြိုးနဲ့  နာရီပတ်တဲ့  အကျင့် ကျန်ခဲ့ တာ အခုအထိ စတီလက်ပတ်နာရီကြိုးတွေနဲ့ နာရီကို ပြန်မပတ်တော့ သလောဖြစ်သွားတာရယ်  နာရီဒိုင်ခွက် မဟာဒယားကြီးတာမျိုးတွေကို မပတ်တတ်တော့ ပဲ အလတ်စားလေးတွေပဲ ပတ်တတ်တော့ တာမျိုးတွေ ဖြစ်ကျန်ခဲ့ တယ်ပေါ့ ဗျား......စိတ်မကုန်သေးတာကတော့  နာရီ ဒိုင်ခွက် ပိစိလေးတွေကို ပတ်ချင်နေသေးတဲ့  စိတ်ကလေး တစ်ခါ တစ်ခါ ထ ထလာတာမျိုးလေး....ခိခိခိ  အဲ  နာရီ ရဲ့ အဓိက အသက်က  အချိန်မှန်နေဖို့ က အဓိက သဘောဆိုတာကိုတော့  ကြာခဲ့ ပြီ တွေးထားခဲ့ တာ ..ခ်...။


( ဆီကိုနာရီ သတ္ထုအုံသာ အပေါင်ထားလို့ ရခဲ့ ဘူးတာ ပလတ်စတစ်အုံ ဆီကိုနာရီခေတ်လည်းရောက်ရော အဲ့ နာရီတွေ အပေါင်လက်မခံကြတော့ ဘူး...အဟီး...တစ်သက်မှာ အဲ့ တစ်ခါပဲ  နာရီ အပေါင်ထားခဲ့ ရတဲ့ ဘ၀ ရောက်ခဲ့ ဘူးတာ အဲ့ အကြောင်း နောက်တော့ ပေါ့ လေ...ငိငိ)   (  ပြီးတော့   နာရီကြိုး အဆစ်လေးတွေ ဖြုတ်ပြီး ပတ်ကြတဲ့ အကြောင်းရေးရင် တစ်ချို့  ကျောင်းသူလေးတွေ သူတို့ အိမ်က ဆင်ပေးထားတဲ့  သံကွင်းဆက် ရွှေဆွဲကြိုးက  အဆစ်လေးတွေ  ပိုက်ဆုံလိုရင်  ပန်းတိမ်ဆိုင်မှာ  တစ်ဆစ် နှစ်ဆစ်  ဖြုတ်ရောင်းပြီး.....ခိခိ..တွေကို လည်း  သတိရလိုက်သေးတယ်...ဟီးဟီး  )

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..