'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
လေးဘီးကားသမားဘ၀မှာ.... ( ၅)
လေးဘီးကားသမားဘ၀မှာ.... ( ၅) ( နိဂုံးနားတော့ ရောက်လာပြီ ဒါတောင် အတောတ်ချုပ်ရေးလိုက်တာ အဟီး)
--------------------------------------------
ဘ၀အလှည့် အပြောင်း အချိုးအကွေ့ အရွေ့ ကြီးတွေ သဘောက အများအားဖြင့်  ရွေ့ ပြီးမှ နောက်ကြောင်းတွေ ပြန်တွေးမှ ..သြော်..ဂလိုကိုး လို့ ဆိုပြီး သိလိုက်တော့ တာများတယ် ကြုံနေဆဲတွေမှာတော့  ဒါဟာ ဘ၀အတွက် အရွေ့ကြီးတစ်ခု စနေတာပါလားဆို သတိမထားမိတတ်ပါဘူး..။ ၈၈ ဖြစ်ခါနီးလာလေလေ ရန်ကုန်မြို့ ကြီးက ဗရုပ်သုတ်ခနိုင်လာလေလေပါပဲ....လူလည်းတကယ့် ကားသမားရုပ်ပေါက်ချင်လာပြီပေါ့ လေ..
အဲ အဲ့ အချိန်က ကားဆရာတွေရဲ့  ကားသမားစတိုင်ဆန်ဆန် အဖြစ် အများဆုံး မြင်ရတတ်တဲ့  မျက်နှာသုပ်သဘက်ပုဝါပိုင်းကိုတော့  လည်ဂုတ်ပေါ်တင် ပုခုံးပေါ်တင်အထိတော့  မဖြစ်ခဲ့ ဘူးဘူးပေါ့ ဗျား.. ခိခိ.၊
ဘုရားတစ်ချို့ က နဲ့ ရပ်ကွပ်ထဲက အိမ်တွေ တစ်ချို့ က ကျောက်ဆင်းတု ရုပ်ပွားတော်တွေ ရဲ့  ရင်ဘတ်တော်တွေ မို့ တက်ဖေါင်းကြွလာတယ် ဘုရားရှင် ရင်နာတော်မူတဲ့ နမိတ်ဆိုးတွေ လူတွေ အသေအပျောက်များတော့ မယ်တွေ တို့  ပြည်က ခြင်္သေ့ ကြီးမျက်လုံးတွေ နီရဲနေပြီတို့ စသဖြင့်  ထူးဆန်းပါ့ တွေ အပျက်သဘောတွေချည်းဆောင်တဲ့  ကောလာဟလ သဘော အတိတ်ဆိုးနမိတ်ဆိုးတွေ အတော်များများလေး ဖြစ်လာပြီး တော့  နောက်တော့  ခဏပြန်ငြိမ်သွားတယ် နောက်တော့  ရွှေတင်မက အခြေခံ ကုန်ဈေးနှုံးတွေပါ ရုတ်တရက်ကြီးလိုလို အတက်ကြမ်းလာတယ် အဲ့ မှာ လူထုတွေ စီးပွားရေးတွေမှာ ပိုပိုပြီးကျပ်တည်းလာပြီပေါ့ လေ...
နောက်မကြာခင်မှာတော့  .စက်မှု့ ကျောင်းသား ဖုန်းမော်ကိစ္စ စပြီး တိုင်းပြည်ရဲ့  အလှည့် အပြောင်းကြီး သဘောဖြစ်လာတဲ့ ၈၈ အရေးအခင်းကာလကြီး ဖြစ်လာပြီး ကျနော်တို့ လည်း
အဲ့  အရေးအခင်းမှာ ၀င်ဆင်နွှဲကြတော့ တာပေါ့ လေ....ကားကိုတော့  အိမ်မှာ ကျောက်ချရပ်ပြီး ၀င်ဆင်နွှဲခဲ့ ကြတာမျိုးပါ (ဒါတောင် ကားမောင်းသင် ပေခဲ့ သူငယ်ချင်းအဖေက အရေးအခင်းကြီးဖြစ်လို့  တစ်မြို့ လုံး ရှုတ်ရှက်ခပ်ပြီး မြို့ လန့် နေချိန်မှာမှ နာရေးထဖြစ်လို့  အဲ့ နာရေးကို စွန့် စားပြီးကားယူ လိုက်က်ပို့ လိုက်ရသေးတယ် ဆွဲနေကျနာရေးကားတွေ က မထွက်သလောက်ရှားကုန်လို့  အငှားရခက်ကုန်လို့ ပေါ့ လေ..အဲ့ မှာ သွားရပြန်ရတာ ရင်တမမ ရှိလွန်းလို့ အရပ်ထဲကပါ နာရေးပို့ သူတွေ အတော်နဲသွားတယ် လိုက်ပို့ သူအများစုကလဲ လမ်းမှာ ဘာတွေများဖြစ်ကုန်ပြီလဲဆိုပြီး ကြောက်ကြောက်နဲ့ လိုက်ပို့ ကြတာမျိုးပေါ့ လေ...။
၈၈ ကာလက ဖြတ်သန်းမှု့ တွေ ပစ်ခတ်ကျ ဖဲ့ ကျ ကာစတန်ဂိုဒေါင်ဖေါက်ကျ အဆိပ်တွေခပ်ကျ အကြောင်းတွေတော့  အဲ့ ကာလက ကိုယ်တွေ့ မျက်မြင်တွေ အရင်က ခဏခဏရေးပြခဲ့ ဘူးလို့  မရေးတော့ ပါဘူး ၊ အဲ့  ၈၈ အပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ အပါအ၀င် တိုင်းပြည်အလှည့် အပြောင်းကြီးတစ်ခုထဲက ကျသွားရောဆိုတာမျိုးပိုဆန်တယ် ချမ်းသာနေတဲ့ သူတွေ တစ်ချို့  ဆင်းရဲကုန်ကြပြီး ဆင်းရဲနေတဲ့ သ
ူတစ်ချို့ တွေ ချမ်းသာလာကုန်တယ် ၈၈ အပြီး အာဏာသိမ်းသူတွေနဲ့ ပေါင်းသင်း ခွင်ရိုက်ပြီး ချမ်းသာလာတဲ့ အုပ်စုတွေကိုတော့ အရပ်က '' ခေတ်ပျက်သူဌေးတွေ '' လို့ ခေါ်ကြတယ် အရင် မျိုးရျိးဆက်ချမ်းသာခဲ့ 
သူတွေလောက် ဂုဏ်မရှိဘူး အဆင့် အတန်းမရှိဘူး လူကုံထန်မစစ်ဘူး သူဌေးမင်းအစစ်တွေအဖြစ်အရာမ၀င်ဘူးဆိုတဲ့  သဘောနဲ့  ကဲ့ ရဲ့ နှိမ်ချခေါ်တဲ့  သဘောပေါ့ လေ ဒီလို အခေါ်တွေမျိုးကလဲ အောက်ခြေက လူတွေ စပြောတာထက် အဲ့  အပေါ်က ဂုဏ်တုဂုဏ်ပြိုင် ဓနမာန် မျိုးရိုးမာန်ချင်း ခတ်နေတဲ့  သူတွေ တစ်ဖက်နဲ့ တစ်ဖက် ငယ်ကျိုးငယ်နာဖေါ် ပြောကြတဲ့  သဘောကနေ အရပ်ထဲရောက်လာတဲ့ စကားလုံးမျိုးတွေပါပဲ...
တစ်ချို့ ကတော့ သူဌေးချိန်းတဲ့ ခေတ်လို့ ဆိုကြတယ်..
အရေးအခင်းပြီးအာဏာသိမ်းအပြီးမှာ အာဏာသိမ်းအစိုးရက အညှိုးကြီးကြီးနဲ့  ဖဲ့ သလိုပါပဲ ၀န်ထမ်းတွေကို ဖြုတ်ထုတ်သတ် ရွှေ့ စသဖြင့် တွေ အစုလိုက်အပြုံလိုက်ကြီးလုပ်တော့ တာပါပဲ အရပ်ဖက်ဝန်ထမ်းလောကကြီးအပါအ၀င် တစ်ပြည်လုံး လူထုကြီးအများစု ရဲ့  ဘ၀ရပ်တည်မှု့ အနေအထားတွေ စိတ်နေစိတ်ထားသဘောတွေ စီးပွားရေးသဘောတွေ အတော်ကြီးကို ပြောင်းလဲသွားတော့ တယ်.. အလုပ်သဘောတွေ ပြန်လာတာမှာ အကုန်လုံးလိုလို လှုပ်စိလှုပ်စိ နဲ့  အရှိန်နှေးနှေးလေးနဲ့  ပြန်စရတာမျိုးပါပဲ..လုပ်နေကျ အလုပ်တွေကို မဖြစ်လို့ လုပ်နေကြရတယ် စိတ်ပါလက်ပါမရှိကြဘူး အကြောက်တရားတွေ လွှမ်းမိုးနေတယ် အနာဂတ်မဲ့ သွားသလိုလဲဖြစ်ကုန်တယ် မကြာခင်က ဖြတ်သန်းခဲ့ ရတဲ့  အနိဌာရုံတွေကိုလည်း မမေ့ သေးသလို နေ့ တဓူဝ တစ်ဖက်စောင်းနင်းရေးနေ လာနေတဲ့  သတင်းစာတွေ ရုပ်သံကသတင်းတွေကြောင့် လဲ ဒေါသတွေ ဖြစ်နေကြတယ် ( ပေါ်တင်တော့ မဟုတ်ပဲ အချင်းချင်းကြိတ်ဆဲနေကြတာပေါ့ လေ) ..
အဲ့ မှာ လပိုင်းလောက် ကားနားထားရာကနေ ကားပြန်ဆွဲပြီဆိုတဲ့ အခါ မူလက ပုံမှန် လည်ပတ်နေတဲ့  အလုပ်က အထိုင်ပျက်သွားသလို ဖြစ်သွားတော့  ကားဆွဲရတာ အရေးအခင်းမဖြစ်ခင်ကလို မလန်းတော့ ဘူး ဖြစ်သွားတယ် ကားဆွဲရတာကိုလဲ ရုတ်တရက်ကြီး စိတ်ကုန်သွားပြီး မလုပ်ချင်တော့ ဘူးဖြစ်သွားတယ်...အဲ့ မှာ ကားမဆွဲချင်ဆွဲချင်နဲ့ တာဝန်ကျေလုပ်ရင်း သူငယ်ချင်းတွေနဲ့ အဲ့ ကားတစ်စီးနဲ့  ရွာရိုးလျှောက်ပတ်နေရင်းကနေ နောက် အလုပ်လောကသစ်တစ်ခုကို အပြောင်းအလဲဖြစ်သွားတဲ့  အခြေအနေတစ်ခု စကြုံရတော့ တာပါပဲ ကိုယ့် လက်ဦးဆရာဖြစ်လာမယ့် လောကီပညာဆရာနဲ့  ကျောင်းနေဖက်သူငယ်ချင်းက ခေါ်သွားပေးလို့ ရောက်သွားရာက စပြီး ဆုံမိတော့ တာပါပဲ အဲ့ လောကီပညာလိုင်းထဲ ခြေစုံပစ် ရောက်သွားလိမ့် မယ် ဆရာတစ်ယောက်ဆီမှာ တပည့် အဖြစ်ပေါ်တင်ခံပြီး ပညာသင်ယူဖြစ်လိမ် မယ်လို့  ပြောရရင် အိပ်မက်တောင် မမက်ခဲ့ ဘူးပါဘူး ပေါ့ လေ....အင်း..ပြောရရင် အဲ့ လိုင်းတွေကိုလည်း ခရီးသွားဟန်လွှဲသဘောလောက် စပ်စုကြည့် တတ်တဲ့  အပြင်းပြေ သာမန်စိတ်လောက်ကလွဲရင် အထင်လဲ မကြီးခဲ့ ပါဘူးပေါ့ ဗျား...။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..