Powered By Blogger

Wednesday, December 7, 2016

.♫ ♪♫ ထန်းပင်ကျရေ ထန်းပင်ကျရေ.. ချို သမျမျ ခါးသလေလေ့  ♫ ♪♫



.♫ ♪♫ ထန်းပင်ကျရေ ထန်းပင်ကျရေ.. ချို သမျမျ ခါးသလေလေ့  ♫ ♪♫
------
အဲ့  ငွေဆောင်က ကျနော်တို့ တည်းခဲ့ တဲ့  ရီဇော့ မှာ တိုက်ဂါးဘီယာလေးတစ်ဗူးကို ဈေးမေးကြည့် တာ ထောင့် ငါးရာတဲ့ ..ပုံမှန် ဘယ်လောက်လဲတော့ မသိဘူး...ကျနော်ကလည်း အာ့ တွေ မသောက်တာ ကြာပြီဆိုတော့ လေ..ခိခိ မ၀ယ်ပဲ ဈေးသည် အခြေအနေကြည့်  ဈေးတွေလျှောက်မေးတာတော့  ရောက်လေရာ အရပ်ပဲ အဟီး... အဲ ပုသိမ်မှာတော့ သိုက်ဘုရား သိုက်ဆက်
ထွက်ရပ်ပေါက်ဂိုဏ်းတွေ ရဲ့  အောင်မြေလို့ နာမည်ကြီးတဲ့  ရွှေမြင်တင်ဘုရား အသွား ( အတော်သွားယူရတယ် မြို့ နဲ့  လှမ်းပြီး ချောင်ကျတယ် ကျောင်းပြေးလို့ အတော်ကောင်းတဲ့  ဘုရားပဲ အဲ ကျောင်းပြေး အတွဲလေးတွေ တောင်တွေ့ ခဲ့ သေးတယ်.
အဲ့  အတွဲလေးတွေ တွေ့ လိုက်တော့  ကျနော်တို့  ဆယ်တန်းတုန်းက ရွှေတိဂုံဘုရားပေါ် အတွဲလေးနဲ့  ကျောင်းပြေးခဲ့ တာလေးတောင် သတိရလိုက်သေး အဟီး... ) အဲ့ ဘုရားမရောက်ခင် လမ်းမှာ ကားက ထန်းတောရှေ့ ဖြတ်တုန်း ထန်းရေ၀ိုင်းတွေ တွေ့ တာနဲ့  မနေနိုင်တော့ ပဲ အဲ့ ထရေဆိုင်မှာရပ် ထန်းရေ ၀ယ်မိတော့တာပါပဲဗျာ...ထန်းတောထဲ ထိုင်ရောင်းနေတော့  ထရေက အင်တော့ မဖြစ်လောက်ဖူးလို့  တွက်တာလည်းပါပေါ့ လေ...

ဒါနဲ့ . ထရေဆင်း ၀ယ်တဲ့ အချိန်က နေ မွန်းတည့်  ၁၂နာရီကျော်နေပြီ....အချိုတော့ ဘယ်ရတော့ မလဲ ( မရတော့ မှန်းလဲ သိပါ့  ငိငိ).. ဒါပေမယ့်  ဒီလိုပေါ့  ထရေ အချို ၀ယ်တယ်ပေါ့ လေ ခိခိ
အဲ့ မှာ ရေသန့် ဗူးနဲ့  တစ်ဗူး ထရေ၀ယ်ခဲ့ တော့ တာပေါ့ ဗျား အဲ့ တစ်ဗူးကို တစ်ထောင်တဲ့  ငင့် ...အိုး...လုပ်မနေနဲ့  ထရေဖြစ်ရင်ပြီးရော ကြုံထုန်းလေးဟာ...အဟီး.. အာ့ နဲ့  ၀ယ်ချလာပြီး အဖုံးလေးဖွင့်  အနံ့ လေးရူကြည့် လိုက်တာ.....ဟားးးး....မွှေးလိုက်တာ ထရေအနံ့ လေးက အနံ့ တောင်မရူရတာ အနှစ်ကို မနဲပုစ်....ခိခိ...အာ့ နဲ့  အဲ့  ထရေဗူးလေးကို ကားပြူတင်းပေါက်မှာ နေပူလေးခံပြီး ပလုံစီလေး ဘယ်လောက်တက်ပြီလဲလို့  ခဏခဏ ခံကြည့် ပေါ့  ....ထရေက နေကျော်ရင် အချိုမဟုတ်တော့ ပဲ ကစော်ဖေါက်ရင် ပုစွန်ဆိတ်ခုန် ပလုံစီလေးတွေ ထရေ မျက်နှာပြင်မှာ ထလာ အမြှုံ့ လေးတစီစီ တက်လာသတဲ့ ...ခ်....ထရေ သောက်ချင်နေတာများ ပါးစပ်ထဲ တတွေးတောင် ပျစ်ချွဲချွဲ ဖြစ်လာတယ် ဂလု ပဲ....အဟီး....။ ဒါနဲ့  ရွှေမြင်တင်ဘုရား ဖူးပြီး ပြန် ထွက်လာတော့  အဲ့  တမင်နေပူခံထားတဲ့  ထရေ ဗူးကို အဖုံးလေးဖွင့်  မော့ တာ ဂလု ဂလု ဂလု ဂလု...နဲ့  ( အဲ့ လို မမြည်အောင် ထိမ်းမော့ တယ်လို့ စ်...အဟီး )......ဟား...♫ ♪♫ .ထန်းပင်ကျရေ ထန်းပင်ကျရေ.. ချို သမျမျ ခါးသလေလေ့ ..... ♫ ♪♫ ပဲ..ခ်ခ်... ရွှေမန်းတင်မောင်ရဲ့  မောင်မူးပြဇာတ်ခွေထဲက အတိုင်းပဲ...နှစ်တွေ အကြာကြီးကြာမှ အဲ့ ထရေကို ပြန်သောက်ဖူးတာ...ကောင်း..လိုက်....တာ...ဗျာ..(ကတောက် ကြက်ကြော်မပါတာ နာလိုက်ထှာ အဟိ.. ငိငိ..) ...အဲ အဲ့  ရေသန့် တစ်ဗူး နေကျော်ထရေက ကျနော် ထင်တယ် ဘီယာလေး တစ်ဗူးစာလောက်တော့  ခပ်ပါးပါးလေး ဒီဂရီ တက်ပုံရတယ်ပေါ့ လေ..
.ဂေ့ တွေ အေ့ တွေတော့ မဖြစ်ဘူးပေါ့ လေ...အဟီး... :P

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..