'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
ကြားဖြတ် နှောင်းခေတ်ပုံရိပ်လေးတွေ...
ကြားဖြတ် နှောင်းခေတ်ပုံရိပ်လေးတွေ...
---
ကိုယ့် ဘ၀ဖြတ်သန်းမှု့ တွေ အကြောင်း တစ်စိတ်တစ်ပိုင်း အင်မပါပဲ အမှန်အကန်တွေ သတိတရ အဖြစ် သတိရသလောက်လေးတွေ သူငယ်ချင်းတွေကို ပုံပြောသလို ရေးပြနေရင်းက ကြားဖြတ်သတိရမိတာလေးကပေါ့ လေ..
ဂီတ အကြောင်းလေးပါ ကျနော်တို့ ခေတ် ဖြတ်သန်းမှု့ တွေ စာအုပ်တွေနဲ့  အဲ့ ဂီတပဲ ရှိခဲ့ သလိုမျိုးကြီးဆိုတော့  ဂီတအပေါ် စိတ်တအားညွှတ်ကြတာ သိပ်တော့ မဆန်းဘူးပေါ့ လေ ...
အဲ့ မှာ ကျနော်တို့ လိုမြေလွှာနားနီးတဲ့ မြေသား ကျောင်းသား / သူ လူငယ် အရွယ်တွေရဲ့  နားထဲ မင်းမင်းလတ်တို့ ဂီတလိုင်းတွေထက် စိုင်းထီးဆိုင် ခင်မောင်တိုး ခိုင်ထူးတို့ လိုင်းတွေက အရင် စောနားဝင်သွားတယ် (နောက်မှ ဘိုဘိုဟန်ကို အရင်စ လက်ခံလာတာမျိုး အိမ်မှာ မဟုတ်ပါဘူး အိမ်မှာ အဲ့ ဒါမျိုးတွေ ဖွင့် ခွင့် မရဘူး အိမ်က မိဘတွေက ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရား တို တွေ့  ပွင့် ဦးကြွေမှဖြင့် ကွယ်တွေ ခေါင် မ ဟေ သီ ထွန်းတွေ လုပ်နေတာ ...ဒီတော့ အဲ့ လို စတီရီယို တေးသံစဉ်တွေကို လ္ဘက်ရည်ဆိုင်တွေမှာ ဖင်ကျောက်ချထိုင်ပြီး နားထောင်းခဲ့ ကြရတာ )
စိုင်းထီးဆိုင်ကို သျှမ်းအမည် မရင်းနှီးသေးလို့  စိုင်းထီဆိုင်း လို့ လဲ ခေါ်ကြတာများသလို တစ်ချို့ ကတော့  ထီးဆိုင် လို့  ခေါ်ကြတယ် ....အဲ့ စိုင်းထီးဆိုင် ရဲ့  ၀ဲတဲတဲ ဂီတသံကို ကျနော်တို့ တွေတင်မကဘူး မိန်းကလေး အုပ်စုတွေကပါ ဝေါကနဲ ပြုံကျအားပေးလာကြ ကြိုက်သွားကြတာမျိုပဲ (ပြောရရင် ကျနော်တို့  ကျောင်းသား ကျားလေးတွေ နားထဲကို အဲ့ ကျောင်းသူမလေးတွေက စိုင်းထီးဆိုင် ရဲ့  သီချင်းတွေ သိပ်ကောင်းတာပဲလို ထီးဆိုင်ရဲ့ ဘုန်းတော်ဘွဲ့ တွေ လာညွှန်းလို့  သိပ်အထင်မကြီးပဲ လိုက်နားထောင်ရင်းကနေ တစ်ပုဒ်စ နှစ်ပုဒ်စတွေ စကြိုက်လာတာမျိုးပဲ)
အဲ့ လိုမျိုး မိန်းကလေး ကျောင်းသူထုကြီးပါ ၀င်ပြီး စုပြုံအားပေးတယ်ဆိုတာ အဲ့ ခေတ်က စတီရီယို ခေတ်မဦးတစ်ဦး ခေတ်လေးမှာ သိပ်တော့ လွယ်တဲ့ အနေအထားတော့  မဟုတ်ခဲ့ ဘူး စတီရီယို အဆိုတော်တိုင်းဖြစ်နိုင်ဖို့ မလွယ်တဲ့  အခြေအနေမျိုး သဘောရှိခဲ့ တယ် အဲ့ ကျောင်းသူထု က ထီးဆိုင်ရဲ ၀ဲတဲတဲနဲ နွေဥသြ တို့ လို့  အလွမ်းတေးတွေကို သဘောတွေကျ လိုက်ငြီးလုပ်ကြတာ
ခိုင်ထူးကိုကြတော့  ထီးဆိုင်လောက် ကျောင်းသူထုက ပါမလာသေးဘူး....ကျနော်တို့  ကျား တွေသာ လွှတ်ကြိုက်ဖြစ်တဲ့  သဘောဖြစ်လာတာ.....
အဲ့  မှာ စိုင်းထီးဆိုင်က အတော်လေး ပေါက်လာချိန်မှာ ပလုံပလန် တစ်ခုနဲ့  တောရကျောင်းဝင်သွားရော သတင်းစာတွေမှာတောင် သတင်းအဖြစ်လာလာခဲ့ သေးတယ်..အဲ့ အချိန်က အစိုးရကလဲ စတီရီယို အုပ်စုတွေဆို လာထားပဲ အဲ့  လမ်းသရဲတွေတွေကို ဘယ်လို နှိပ်ကွပ်ရမလဲ အမြဲ ချောင်းနေတာမျိုး.. ဒါနဲ့  ထီးဆိုင်ကြီး ရိပ်သာ ၀င်သွားချိန်မှာ နောက်ထပ် ကျနော်တို့ နားထဲ ပေါက်လာတာ စိုင်းဆိုင်မောတဲ့  ကျနော်တို့ က စိုင်းထီးဆိုင်ကို လွမ်းနေတဲ့ အချိန်မှာ ပေါ်လာသလို ဖြစ်နေတာရယ် ထူးခြားလှပတဲ့  သံစဉ်အဖွဲ့ တွေရယ်ကြောင့်  သူ့ ကိုပါ အမှတ်ပြည့် ပေးလိုက်ကြတာပေါ့ လေ လမ်းမတော် တန်ဆောင်တိုင်ပွဲတော်မှာ ကျနော်တို့ လူတွေကြားထဲ ( ကျောင်းသားလေးတွေ ဆိုပိုမှန်မယ်) စပေါက်သွားတာမျိုး စိုင်းဆိုင်မော ကို တစ်ချို့ က နောက်ခဲ့ ကြတာ ဆိုင်မှာမော့ တာ လို့ လေ..ငိငိ ၊
( အဲ့ ထဲမှာ နာမည်ရလာတာ စိုင်းနေ၀န်း ဆိုတာရှိသေးတယ်) ( ရန်ကုန် တရုပ်တန်းမှာ ပေါက်ပြီဆို ပေါက်ပြီလို့ တောင် အဆိုဖြစ်ခဲ့ တဲ့ ခေတ်မျိုးပေါ့ လေ )
အဲ့ မှာ တကယ့် အမှတ်တရ အဖြစ်ရေးပြချင်နေတာက အဲ့  စိုင်းထီးဆိုင် အသံ ခဏပျောက်သွားချိန်မှာ စိုင်းထီးဆိုင် အသံနဲ့  နင်လားငါလား ဆိုနိုင်တဲ့  အသံရှင်တစ်ယောက် ပေါက်ထွက်လာပြီး စိုင်းထီးဆိုင်
အလွယ်ပြေ အဖြစ် လူတွေက ၀ိုင်းအားပေးခဲ့ ကြတာ ဖြစ်ခဲ့ တယ် သူက မျက်စိ နှစ်ကွင်း အလင်း မရသူတွေ အုပ်စုက ဖြစ်နေတယ်....အဲ့ မှာ '''ဘလိုင်းထီးဆိုင်'' လို့  နာမည်ကြီးခဲ့ တယ်ပေါ့ လေ..သူ့ လိုပဲ မျက်စိ နှစ်ကွင်း အလင်းမရသူတွေထဲက နာမည်ကြီးခဲ့ တာ '' ဘလိုင်းမာမာအေး ''' တဲ့  ...( အဲ့ ခေတ်မှာ ဂီတက လူထက်ပို အရေးပါပုံက ဘယ်အဆိုတော်မှ အပြင်မှာ အရှင်လတ်လတ်ကြီး မမြင်ဘူးပဲ ဂီတ ကိုသာ နား နဲ့  အကဲဖြတ်ပြီး လက်ခံခြင်း ငြင်းပယ်ခြင်း ပေါက်ခြင်း မပေါက်ခြင်းသဘောတွေ ဖြစ်နေတဲ့  ခေတ်မျိုးပဲ ဂီတ ပရိပ်သတ်အများစုကလည်း လူမြင်ရဖို့ တဲ့  ဂီတ ကိုသာ နား အာရုံနဲ့  အဓိက ခံစားတာမျိုးပေါ့ လေ...
အဲ နှောင်းခေတ်ပုံရိပ်လေးတွေလို့  အမည်ပေးပြီးမှ ဖြတ်ကနဲ သတိရလိုက်တာက စိန်မေရီလို့  နှုတ်ကျိုးနေတဲ့  မိန်းကလေးကျောင်းက ကျောင်းသူမလေးအမည်က '' နှောင်းနှောင်း '' တဲ့  အမည်ကလေးလှလွန်းသလို လူကလည်း လှတပတလေး လမ်းလျှောက်လာရင် ပိန်ပိန်ပါးပါးလေး အသားဖြူလေးနဲ့  နွဲ့ နွဲ့ လေးလျှောက်လာတတ်တယ် သိုက်ဆက်ပါတယ်ဆိုတဲ့  ကောင်မလေးတွေနဲ့  အတော်ဆင်တယ် တရုပ်သိုင်းမင်းသမီးလေး ကျန်းကျိယီ ဆိုလား အဲ အဲ့ လို လွမ်းရိပ်သန်းနေတတ်တဲ့  မျက်နှာပေါက်သွယ်သွယ်လေး...ခ်ခ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..