Powered By Blogger

Wednesday, December 7, 2016

လေးဘီးကားသမားဘ၀မှာ....( ၁၂ )


နောက်အမှတ်ရစရာ ဘ၀ဖြတ်သန်းမှု့ တွေက  ကိုယ်လိုချင်နေတဲ့  ဘ၀စတိုင်တွေအတွက် လဲခဲ့ ရတာတွေ  စိတ်ဓါတ်ကြံ့ ခိုင်မှု့ တွေကို ကိုယ့် ဟာကိုယ် တည်ဆောက်ယူခဲ့ ရတာတွေ နဲ့  အမျိုးအရင်းတွေပေမယ့်  ကိုယ် ရဖို့ ဆို  သစ္စာ တရားပျက်လွယ်သူတွေနဲ့  ကြုံခဲ့ ရတာတွေ  သရော်ခံခဲ့ ရတာတွေ အများကြီးပါပဲ ဆိုတဲ့ သဘောတွေနားရောက်လာတော့  ချရေးလိုက်ရမှာ အတွေးစဉ်းစားနေရသေးတယ်.. အခက်ခဲဆုံးက ကိုယ်တိုင်ရဲ့  ဆုံးဖြတ်ချက်တွေကို  ဘယ်သူ တွေဝေဖန်တာ သရော်တာတွေကို ဂရုမစိုက်တော့ ပဲ ဒူးအော်ဒိုင်း စိတ်နဲ့  ကိုယ် လိုချင်နေတဲ့  ဘ၀စတိုင် ကိုယ်တိုင် စိတ်ဇွဲတွေနဲ့   တည်ဆောက်ခဲ့ ရတဲ့  စိတ်ထားတွေအကြောင်းပါပဲဗျား... 😁
----------------------

လေးဘီးကားသမားဘ၀မှာ....( ၁၂ ) ( ကားနိဂုံး ပွဲသိမ်းရိုက်ချက်တွေ ) ။
----
အမှန်တော့  ဒီလောက်အထိ ရေးမယ်လို့  စိတ်ကူးမရှိပါဘူး ရေးဖြစ်သွားလိမ့် မယ်လည်း မထင်ပါဘူး ကိုယ့် အကွေ့ လေးတွေ သဘော နဲနဲပါးပါး တို့ ထိပြီး ဘ၀တွေရဲ့ အချိုးအကွေ့ တွေသဘောဟာ မှန်းဆရခက်တတ်တယ် ရည်ရွယ်တာတွေ ဖြစ်ချင်လည်း ဖြစ်လာတတ်ပြီးမရည်ရွယ်ခဲ့ တာတွေလည်း ဖြစ်ချင်ထဖြစ်တာမျိုး လို့ ကိုယ့် ဘ၀လေးကို အခြေခံပြီး ရေးချလိုက်တဲ့ 
သဘောလောက်ပါပဲ..၊ ခပ်တိုတို လိုတိုရှင်းသာဆိုရင် ကားဆွဲနေတာကနေ မဆွဲတော့ ပဲ ပွဲရုံထဲပြန် ခဏထိုင် နောက်တော့  အခု အလုပ်လိုင်းထဲ ဟိုလိုလို ဒီလိုလိုနဲ့  ရောက်လာတယ်လေ ဆို ပြီးရောပေါ့ လေ... ဟီး....၊

ဆရာနဲ့  နေ့ ပိုင်း လုံးထွေး လုံးထွေးနေလိုက် ညတစ်ပိုင်း ကားထွက်ဆွဲလိုက် လုပ်နေရာကနေ တစ်နေ့ မှာ ကားသမား ဘော်ဒါတစ်ယောက်က နေ့ ပိုင်း ကားဆွဲနေတဲ့  အမျိုး ဦးလေး အကြောင်း သတင်းပေးလာချက်က ဒီနေ့ ခင်း ဘယ်နေရာက အိပ်ဇောပိုက်ဆိုင်မှာ မင်းကားက အော်ရဂျင်နယ်အိပ်ဇော် နဲ့  အဟောင်း နဲ့  ဖြုတ်လဲနေတာ တွေ့ ခဲ့ တယ်တဲ့ ဗျာ....၊ အဲ့ မှာ ညနေ ကားပြန်လာသိမ်းတော့ ကားကို မသိမသာ ပတ်ကြည့် တာမှာ ကားသမား ဘော်ဒါ က သတင်းပေးသလို တကယ် အသစ်နဲ့  အဟောင်း ဖြုတ်လဲထား ယုံမကပဲ...တစ်ခြား ကလီကမာတွေ လုပ်ထားတဲ့  ကိစ္စတွေပါ အများကြီး တွေ့ လိုက်ရရောဗျာ..

အဲ့ အချိန်က လေးဘီးကားလောကဆိုတာ ကားတွေသာ အထိုက်အလျောက် ရှိတာ နာမည်ရ အပြင်များတဲ့  လေးဘီးကား သီးသန့် ကိုင်တဲ့  ၀ပ်ရှော့ တွေ ဘော်ဒီရုံတွေ အိပ်ဇောဆိုင်တွေဆိုတာ လက်ချိုးရေလို့ ရတဲ့ အနေအထားမျိုးဖြစ်ပြီး ဘယ်ကားက ဘာ ဆိုတာ အိုးလ်ဆားဗစ် လေးဘီးသမားဆရာကြီးတွေ အများစုက သိနေကြတာများတယ် ဆီဆိုင်မှာ တန်းစီရင်းကို ကားသမားချင်း အဖွဲ့ ကြနေတာ သတင်း ဖလှယ်နေတာ
မျိုး လည်းရှိတယ် အဲ့ တော့  ခိုးလုပ်ရတာ ခက်တယ်ပေါ့ လေ..အဲ့ မှာ အတော် စိတ်မကောင်း ဖြစ်သွားရောဗျာ အမျိုးချင်းချင်း ညီအစ်ကိုချင်းချင်း ဘယ်လောက်မှလဲ ပိုက်ဆံပိုရလိုက်တာ မဟုတ်ပဲ လုပ်ရက်တယ်ပေါ့ လေ...
( အဲ့ အချိန်က အဲ့ လေးဘီးကားလေးတွေမှာ ကားတစ်စီနဲ့ တစ်စီး ပစ္စည်းချင်း အသစ်နဲ့ အဟောင်း အလိုက်ပေးလဲ ခွင်ရိုက်ကြတာမျိုးတွေ ရှိနေတယ်)

.အဲ့ မှာ စိတ်တွေ ရှုတ်ထွေးပြီး ညစ်သွားတာက သိပ်ရင်းနေတဲ့  အမျိုးဖြစ်နေတာရယ်သူတို့ က စီးပွားကျပြီး နွမ်ကလည်း နွမ်းပါးနေတာရယ်
ညီအစ်ကိုတွေလို သံယောဇဉ်ကလည်း ရှိနေတာရယ် က ဒဲ့ ဖွင့် ပြောပစ်ရမှာလည်း အားနာသလိုလို ဖြစ်နေ အဖေသိသွားရင် မကောင်းဘူးဆိုတဲ့  စိတ်ကလည်း ဖြစ်လာ .....

ပိုဆိုးတာက ပြီးတော့  ဒီ အင်ထုတဲ့  ကိစ္စကို ဆရာ့ ဆိုင်မှာမှ ဒီသတင်းကို ကားသမားဘော်ဒါက လမ်းကြုံဝင်လာရင်း ပြောသွားတော့  ဆရာနဲ့  ဘော်ဒါတွေ ရှေ့ မှာ ကိုယ့် အမျိုး အတွက် ရှက်ကလည်း ရှက်နဲ့ ဘာဆက်လုပ်ရမှန်းမသိဘူး ဖြစ်နေရောဗျား...

အဲ့ ရက်ပိုင်းတွေမှာ ကိုယ့် ဖက်က ဟာကွက်က ညပိုင်းကားဆွဲတာကို ခဏနားထားတဲ့ အချိန် ဖြစ်နေလို့  ကားထဲက အော်ရဂျင်နယ်ပစ္စည်းလေးတွေ ဖြုတ်လဲ ရောင်းတုတ် အဟောင်းပြန်ထည့် ထားတာ မရိပ်မိ မသိလိုက်ခဲ့ ဘူး...ကားကို ပစ်ထားလိုက်သလိုကြီးဖြစ်နေတာမျိုးပေါ့ လေ...

အဲ့ မှာ ကျနော် ပြန်မောင်းတော့ မယ် ထလုပ်ပြီး ကားကို ပြန်သိမ်းလိုက်ရောဗျာ အမျိုးကတော့  နဲနဲတော့  အစာမကြေဟန်တော့ ပြသွားတာပေါ့ လေ၊ အဲ့ မှာ အမေရော အဖေကပါ ကျနော် တစ်ခုခုတော့ ဖြစ်နေပြီလို့  ရိပ်မိသွားရောဗျာ...အမေက ဘာဖြစ်လို့ လဲ သင်တာပြီးပြီလာဆိုတော့  မပြီးသေးပါဘူး ပိုက်ဆံရှာဦးမလို့ တွေ ဘာညာနဲ့ 
စိတ်ကူးတည့် ရာတွေ လျှောက်ပြောပေမယ့်  အမေက မယုံပါဘူး

အဲ့ ညနေမှာတော့  ဖအေက ဒဲ့ ကြီး မေးတော့ တယ် ( မောင်..) ဘယ်သူ နဲ့ ဘာဖြစ်လို့ လဲ ကားက ဘာဖြစ်သွားလို့ လဲတဲ့  အဲ့ မှာ အဲ့ လိုတွေ အဖေ အမေက ပေါ်တင်တွေ မေးလာရင် ဆက်မလိမ်တတ်တော့  ဖွင့် ပြောလိုက်ရတော့တယ်...အဲ့ မှာ အမေလည်း သိသွားပြီး အတော်စိတ်ဆိုးသွားတယ် အဖေကတော့  ဘာမှ ဆက်မပြောတော့ ပါဘူး အမေစိတ်တွေ ဆိုးနေတာမြင်လို သူ့ မိန်းမမျက်နှာကြည့် ပြီး ငြိမ်ကျသွားပုံရပါတယ်....( အဲ့ အမျိုး အစ်ကို ဦးလေးဟာ
သဘောကောင်းပေမယ့်  အဲ့ ကိစ္စတွေမှာ ဇ ရှိတယ်လို့  အဖေရောအမေရော ကျနော်တို့ ပါ အစကတည်းက ကြိုသိထားပေမယ့်  အမျိုးချင်းတော့  မလုပ်လောက်ဖူးလို့ ထင်ထားကြတာကိုးလေ..)

အဲ့ နေ့ ကစပြီး အဲ့ ကားကို မြင်နေရတာ စိတ်မချမ်းသာစရာ ပစ္စည်းကြီးလို့  အဖေရော အမေပါမက ကျနော်ပါ ခံစားပြီး မြင်နေရတာကိုက ဖီးလ်ငုတ်နေသလိုကြီး ဖြစ်နေတာပေါ့ လေ ကိုယ့် ကားလေးရဲ့ 
ပစ္စည်းတွေ တစ်ချို့ က အင်တွေ လို့  ကိုယ့် ဟာကိုယ် သိနေတဲ့ စိတ်က အတော် ငုတ်နေတာမျိုး...စက်ရုံကနေ ကိုယ်တိုင်သွားထုတ် အစအဆုံး ကိုယ်တိုင်ဆင် တစ်လက်ကိုင်လို သ ပြီး လုပ်ထားခဲ့ တော့လေ..အဖေ စိတ်ကုန်သွားချက်က ကားနဲ့ ပါတ်သက်တဲ့ ကိစ္စတွေ စိတ်ကို မ၀င်စားတော့ သလို ဖြစ်သွားတာမျိုးပဲ စိတ်ထဲက ခု သွားပြီးဆို လူ့ စိတ် သဘောတစ်ချို့ ကတော့  အဲ့ လိုပါပဲ.....၊

အဲ့ မှာ အဲ့ ကားကို ကားဆွဲမနေတော့ ပဲ အိမ်သုံး ကျနော်သုံး ဆီထုတ် ရောင်းစားလောက်ပဲလုပ်နေလိုက်တော့ တယ် စိတ်ကုန်ပြီဆို အဲ့ လိုတွေ... ( ကားလေးနဲ့ ပတ်သက်ပြီး တစ်ခု အကျိုး ရှိခဲ့ တာ ဒုတိယဆရာ ဖြစ်လာမယ့်  ဆရာ့ ဆရာဆီ အဲ့ ကားလေးနဲ့ ပဲ ဆရာရော သူငယ်ချင်းတွေနဲ့ အတူတူ စနေတနင်္ဂနွေဆို ညနေပိုင်းတွေ သွားကြ သင်တန်းတက်ကြ အတူတူ ပြန်ကြ လုပ်ခဲ့ ကြတာပါပဲ )

အဲ့ ကားကို မကြည့် ချင်တော့လောက်အောင် စိတ် အရမ်းကုန်နေတဲ့ အချိန်မှာ အဖေ့ မိတ်ဆွေတစ်ယောက်ရဲ့ သားတစ်ယောက်က ဖုန်းဆက်ပြီး ဦးလေးကား ရောင်းမလားလို့  လှမ်းမေးလာပါရောဗျာ...သူတို့ က အဲ့ ကားဟာ တစ်လက်ကိုင်လို့  သိထားတာဖြစ်နေလို့ ပါပဲ...အဲ့ မှာ အဖေက ကျနော့် ကို ဘယ်လိုလဲလို့  လှမ်းမေးလာပါရော..( မေးသာ မေးတာပါ အဖေ့ မျက်နှာကိုက ရောင်းချင်နေတဲ့ အမူအယာနဲ့ ဖြစ်နေတာ ပေါက်ဈေးတွေ မေးနေတာ ကျနော်က ကြားနေမြင်နေရတယ် ) အဲ့ မှာ ကျနော်က လေးဘီးကား ဈေးတွေတော့ တက်နေတယ် နောက် သုံးလေးလလောက်ဆို ထပ်တက်ဦးမယ်လို့ လည်း ပြောနေကြတယ်...
အဖေ ရောင်းချင်ရင်တော့ ရောင်းပစ်လိုက်အဖေ ငွေပေါ်တာပေါ့  အခု တက်ဈေးနဲ့ လည်း မဆိုးပါဘူးလို့  ပြောလိုက်တော့  အဲ့ မှာ ဟိုဖက်က ကားလာကြည့် မယ်ဦးလေး တဲ့ 

( အဲ့ မှာ ကားကို အမြန် အလုပ်ဖြစ်သွားစေချင်တာရယ် အင် ပစ္စည်းတွေကို မျက်စိရှမ်းပြီး မတွေ့ ရအောင်ရယ် ကားကြောလေးမြင်တာနဲ့ ကြိုက်
သွားအောင်ရယ်က ယတြာကလီကမာတွေ ကူထားလိုက်တော့ တာပေါ့ လေ..) အဲ့ မှာနောက်နေ့ မနက်ပိုင်းကြတော့  ကားညအိပ်သိမ်းတဲ့  ဂိုထောင်ထဲလာ တောင်ကြည့် မြောက်ကြည့်  စက်နှိုးကြည့် နဲ့  အိုကေ ယူမယ်တဲ့  ( စက်ကလည်း ဦးလေး အပီ ဗျင်းထားလို့  အင်ဂျင်က မီးခိုးက လိုက်နေပြီ အဲ့ မှာ ကြို လုပ်ထားက လေးဘီးကား စပါယ်ရှယ်လစ် ၀ပ်ရှော့ ဆရာက စက်ကို အင်ဂျင်ဝိုင်းတွေ ကလီကမာတွေ ကျွေးပြီး အင်ဂျင်အသစ် အသံလေး ငြိမ်ပြီး ထွက်နေအောင် လုပ်ပေးထား မီးခိုးပျောက်အောင်လုပ်ပေးထားပေါ့ လေ....အဲ့ မှာ ၀ယ်လက်က သဘောတွေကျ ယူသွားပြီဆိုတော့ မှ ဟေး..လွတ်ပြီးကျွတ်ပြီဟေး....ပေါ့ လေ....အဲ့ ကစပြီး နိုးကားသမားဘ၀ နိုးကားဆွဲ ပါပဲဗျာ...
( အင်း..ကား ..ကံဆိုးချက်က သူများလက်ထဲ ရောက်သွားပြီး သုံးလေးလလောက်မှာ လေးဘီးကားဈေးတွေ ထပ်မြောက်သွားလို့ အဲ့ လူ ပြန်ရောင်းတုတ်လိုက်တာ ထပ်မြတ်သွားချက်က ကိုယ့် ထက်တောင် အမြတ်ကြမ်းသေးဖြစ်သွားသေးတယ် အဟီး..)

ဘ၀ဟာ တစ်ခါတစ်ခါ ပျော်ရွှင်စရာလေးတွေ ကြည်နူးဆွတ်ပျံ့ ဖွယ်လေးတွေနဲ့  ကြုံရတတ်သလို ကြေကွဲစရာ စိတ်မကောင်းစရာလေးတွေနဲ့ လည်း ကြုံရတတ်တာမျိုးပါပဲ တစ်ခါတစ်ခါတော့ လည်း လွမ်းစရာလေးတွေပေါ့ လေ..။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..