'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, December 7, 2016
'' ကျွန်းဦးတည့်  သန်လျက်ခုံ ''
'' ကျွန်းဦးတည့်  သန်လျက်ခုံ ''
------------------------
ကြားဖြတ်တွေက များနေပြီ အဟီး.....အွန်လိုင်းရဲ့ ကျေးဇူးလေး တစ်ခုအကြောင်း သူငယ်ချင်းတွေ ပြောပြချင်လို့ ပါ.... 😁
စာအုပ်တွေ နဲ့  ဂီတ တွေသာ အဖေါ်လို ဖြစ်ခဲ့ ချိန်ကပေါ့  အဲ့ တုန်းက စာမျိုးစုံဖတ်ခဲ့ ကြတာပေါ့ လေ...၊ သမိုင်းကြောင်းတွေ သဘောကလည်း အဲ့  စာအုပ်တွေထဲကနေပဲ ဖတ်ခဲ့  ဖတ်ပြီး ဆက်တွေးတောခဲ့ ကြရတာမျိုးဆန်တယ်..။
တစ်ခါတော့  စာအုပ်အဟောင်းတန်းကနေ ဒဂုန်ခင်ခင်လေးရဲ့  '' စာဆိုတော် '' ၃ အုပ်တွဲကြီးကို ဈေးကြီးပေးပြီး ၀ယ်ချလာခဲ့ တယ်ပေါ့ လေ...ဈေးကြီး ဆိုတာ အဲ့ ကာလက အဲ့ လိုစာအုပ်မျိုးတွေကို ပြန်ရိုက်ထုတ်ဝေတာမျိုး မရှိကြသေးလို့  ( ပြန်ရိုက်ထုတ်ဝေခွင့်  မရတတ်သေးလို့  စစ်ကြိုခေတ် စစ်ပြီးစခေတ်က ၆၂ ခုနှစ် ရှေ့ ပိုင်းခေတ်က စာအုပ်တွေတစ်ချို့ ကို ဆိုရှယ်လစ်လမ်းစဉ်နဲ့  မညီဆိုတဲ့ အကြောင်းပြချက်နဲ့  ပြန်ရိုက်ခွင့် မရခဲ့ ကြလို့  သဘော ) ရှားပါး စာအုပ်တွေ သဘောဖြစ်နေတဲ့ အပြင် ကျနော်တို့ ရဲ့  မိဘကပေးတဲ့ မုန့် ဖိုးပဲဖိုးလေးနဲ့  ဖတ်ကြည့် ချင်လွန်းတဲ့  စာအုပ်တစ်အုပ်ကို
အပိုင်ဝယ်ယူရ ခက်လွန်းလို့  သဘော) လိုချင်လွန်းတဲ့  စာအုပ်တွေကို အတော့် ကို စွန့် စား ဆုံးဖြတ်ပြီးမှ ( ချီတုံ ချတုံ တွေ အကြိမ်ကြိမ် ဖြစ်ပြီးမှ ကိုင်လိုက် ချလိုက်နဲ့  အကြိမ်ကြိမ် ဖြစ်ပြီးမှ ၀ယ်ခဲ့ ကြရတဲ့ သဘောဆန်ပါတယ်..။
စာသရဲတွေလို ဖြစ်နေလို့  စာအုပ်တွေကို ၀ယ်တဲ့ အခါ နောင်ခါလာနောင်ခါဈေး သဘောစိတ်နဲ့  ထိုင်ပြီး စာအုပ်ဆိုင်ရှင်က ၀ယ်မှာလား မ၀ယ်ဘူးလားလို့  အာရုံ မလာတော့ လောက်အောင် စာမြည်းချိန်မှာ အရမ်းသဘောကျသွားတတ်တဲ့  စာအုပ်ကို အမိအရ ၀ယ်ပြီဆိုတဲ့ အခါမှာတော့  စိတ်တွေက နောက်တော့  သိပ်မတွန့် ခဲ့ တတ်ကြဘူး အင်းကျီ ပုဆိုး အသစ်ဝယ်ဖို့ ထက် ကိုယ်မမွေးခင်က အဖြစ်အပျက်တွေ ၀တ္ထုလို သမိုင်းနောက်ခံလို အတွေးအမြင်တွေလို မှတ်တမ်း သဘော ရေးထားတဲ့  စာအုပ်ဟောင်းတွေ ၀ယ်ဖို့ ကို အာရုံက ပိုလာနေတတ်ကြတဲ့  ခေတ်မျိုးပေါ့ လေ....
ဒဂုန်ခင်ခင်လေးရဲ့  '' စာဆိုတော် '' ၃ အုပ်တွဲကြီးထဲက မောင်ဖေငယ်နဲ့  ဒိုင်းခင်ခင်တို့ ရဲ့  ကြည်နူးဖွယ် ဆွတ်ပျံ့ လွမ်းဆွတ်ဖွယ် ချစ်ခြင်းမေတ္တာသဘောတွေ ပဒေသရာဇ်ခေတ်ရဲ့  ပဒေသရာဇ်တွေရဲ့  အညှိုးတွေ
လူ့ မနုာလိုမှု့ သဘောတွေ နာကျည်းဖွယ်ရာ ရက်စက်မှု့ သဘောတွေကို ရေးဖွဲ့ ထားတဲ့  ဒဂုန်ခင်ခင်လေး ရဲ့  သိပ်ကောင်းတဲ့  အရေးအသားထဲမှာ မျောပါသွားပါရောဗျာ....အဲ့ မှာ မျောသွားချက်က မောင်နှစ်မတွေ အကုန်နီးပါး..အဲ့  စာဆိုတော်ကြီးကို လက်မချနိုင်အောင်ကို ဖြစ်ကုန်တော့ တာမျိုးပဲ...
အဲ့ မှာ ဒဂုန်ခင်ခင်လေး ရဲ့  စာအုပ်တွေကို စိတ်ဝင်စားသွားတော့ တာပါပဲ....အဲ့ တော့  သူ ရေးခဲ့ သမျှ စာအုပ်တွေ ( အနှစ် ၆၀ ဆိုတဲ့  သူ့ ဘ၀ဖြတ်သန်းမှု့ တွေ သူ့  လူမှု့ အိမ်ထောင်ရေး ဘ၀တွေ ပါတဲ့  စာအုပ်မျိုးတွေပါ အဟောင်းတန်းကနေ ၀ယ်ဖတ်မိတော့ တာပါပဲ သူက သိပ်အရေးကောင်းလေ....)
အဲ့ ကနေ တစ်ခါတော့  ဒဂုန်ခင်ခင်လေးရဲ့  '' ကျွန်းဦးတည့်  သန်လျက်ခုံ '' ဆိုတဲ့  ပဒေသရာဇ်ခေတ်က အကြောင်းတွေ ရေးထားတဲ့  စာအုပ်တစ်အုပ်ကို ၀ယ်ဖတ်မိတော့ တာပေါ့ လေ..အဲ့  စာအုပ်က ဒဂုန်ခင်ခင်လေး ရေးထားခဲ့ သမျှတွေထဲမှာ ကျနော်တို့  စိတ်ကို သိပ်ကိုစွဲဆောင်နိုင်ခဲ့ တဲ့  စာအုပ်လို ဖြစ်လာခဲ့ တယ်...ဇာတ်စအဖွင့် က ကားလေးနဲ့  ခရီးစအထွက် လမ်းမြင်ကွင်းတွေ ဒေသန္တရ ဗဟုသုတ မြင်ကွင်းသဘောတွေကနေ စခေါ်သွားတာမျိုး ဖြစ်နေတော့  ( ခံစားလိုက်ရတော့ ပေါ့ လေ) ခရီးသွား စာပေလို ဖြစ်နေလို့  ဖတ်လို့  သိပ်ကောင်းလာပြီပေါ့ ....
အဲ့ ကနေမှ တစ်စတစ်စနဲ့  ရတနာပုံ နန်းတွင်းထဲအထိကို စာဖတ်သူ ကျနော်တို့ ကို ခေါ်ချသွားတာမျိုးပဲ....အဲ့ မှာ စာအုပ်ရဲ့  နောက်ဆုံးနားရောက်လာလေလေ ရက်စက်ပါပေ့ ကွယ် လို့  တွေးယူ စိတ် မကောင်းတွေဖြစ် ရက်တော်တော်ကြာကြာ မျက်စိထဲ မြင်ယောင်နေတဲ့  အထိကို ရင်ထဲ ဟတ်ထိကျန်ခဲ့ တဲ့  နန်းတွင်းသူလေး ကို ပဒေသရာဇ်ခေတ်ရဲ့  အကြောင်းပြချက်မျိုးစုံနဲ့ 
ရက်ရက်စက်စက် ဆင်နဲ့  နင်းသတ်စေခဲ့ တဲ့  ကွပ်မျက်တဲ့ အခန်း အထိ ဖတ်လိုက်ရတဲ့ အခါ.......
အဲ့ မှာ နောက်ထပ် နန်းတွင်း အရေးတွေ ဘာတွေများ ဆက်ဖြစ်ကုန်ပါလိမ့် က သူ့  '' ကျွန်းဦးတည့်  သန်လျက်ခုံ '' စာအုပ် ရဲ့ နောက်ဆုံး ကြော်ငြာက ဒုတိယပိုင်း ရတနာပုံ နိဒန်း ရတနာပုံ နိဂုံး ကို
မျှော်ပါကို ဆက်မျှော်မိတော့ တာပါပဲ....( အဲ့  မျှော်ပါကနေ အဲ့  ဒုတိယပိုင်းသဘော စာအုပ် ထွက်မလာတော့ တာ ဒီဖက်ခေတ်လောက်အထိပဲ ဆိုပါတော့ ....( နောက်မှ မေ့ သလောက်ရှိမှ စာပေကင်ပေတိုင် မရှိတော့ မှ ထွက်လာတယ် )
အဲ့  ဒုတိယပိုင်းထက် ပထမပိုင်းလိုဖြစ်နေတဲ့  '' ကျွန်းဦးတည့်  သန်လျက်ခုံ '' စာအုပ်က ကာလကြာတော့  ဘယ် စာအုပ်ဘီဒိုထဲ ရောက်နေမှန်းမသိတော့ ဘူး နန်းတွင်းသူကလေးရဲ သနားစဖွယ်
နာကျဉ်ဖွယ် ခံစားမှု့ တွေ ဖြစ်ခဲ့ တဲ့  ရက်စက်လိုက်ကြတာလို့  စိတ်ထဲ ခံစားလိုက်ရတဲ့  အကြောင်း ပြန်ဖတ်ချင်လို့  ပြန်ရှာတော့ လည်း မတွေ့ ပေါ့  လေ...
အဲ့ မှာ အဲ့ လို ပြန်ဖတ်ချင်နေတုန်း သတိတရ ဖြစ်မိနေတုန်းမှာ အွန်လိုင်းပေါ် စရောက်လာပြီး နောက်နှစ်တွေ သိပ်မကြာခင် အွန်လိုင်းပေါ်က ဘလောဂါ မမကြီး တစ်ယောက်ရဲ အဲ့ 
'' ကျွန်းဦးတည့်  သန်လျက်ခုံ '' PDF ဖိုင်စာအုပ်လေး ဖြတ်ကနဲ တွေ့ လိုက်ရပါရောဗျာ...
ကိုယ် သိပ်ဖတ်ချင်နေတဲ့  စာအုပ်ကို ရုတ်တရက်ကြီး ပြန်တွေ့ လိုက် ရလိုက်တဲ့  အခါ ၀မ်းသားလုံး စို့ နေချက်က ဘာနဲ့ မှမတူဘူး.... နင်နဲ့ ငါ ပြတ်ပြီလို့  ပြောသွားတဲ့  ရီးစားကို ကြေကွဲပြီး အသည်းတွေကွဲ သေလုမျောပါး လွမ်းနေတုန်း သူက ပြန်ဆက်လာလို့  ၀မ်းသာလုံးစို့ သွားသလို ပါပဲ...ငိငိ ခ်.. အများ စာချစ်သူတွေ ဖတ်ဖို့  တပင်တပမ်း စာရိုက်တင်ပေးထားတဲ့  အဲ့  ဘလောဂါ မမကြီးကို ကျေးကျေးကမ္ဘာတွေ စိတ်ထဲက အထပ်ထပ်ပေါ့ လေ....။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..