Powered By Blogger

Wednesday, December 7, 2016

လေးဘီးကားသမားဘ၀မှာ....( ၁၀ )


လေးဘီးကားသမားဘ၀မှာ....( ၁၀ )  ( ဘ၀တစ်ကွေ့  ချိန်းစပြုခဲ့ ပြီလေ  )
-----------------------------
'' အမိုးအကာ မလုံ့ တလုံနဲ့  ဆရာ့ ဆိုင်နေရာလေး စရောက်ခဲ့ ချိန်က ဆရာ့ ဆိုင်မှာ ဆရာ့ ရဲ့  ခံယူချက် အဖြစ် စာဆွဲချိန်ထားတဲ့  စာတိုလေး ၂ ခုက  တစ်သက်တာအတွက် အမှတ်တရ ဖြစ်ခဲ့ သလို သဘောတွေစကျခဲ့ တဲ့  အချက်တစ်ခုလည်း ဖြစ်ခဲ့ တယ်  ဒီစာမျိုး ဆရာ့ ဆီမှာ ပထမဆုံးစ ဖတ်ဖူးခဲ့ တာပါပဲ  ပထမစာတစ်ခုက '' ရလိုလျင်ပေးပါ  ရလာလျင် ပေးပါ'' တဲ့   ဖတ်လိုက်ရမိပြီးချိန် ပထမပိုင်းတော့  ''  ဟင် ..ဆရာ့ စာက  အပေး ဖက်ချည်းပါပဲလား ပိုက်ဆံမရှိရင် ဘာနဲ့ သွားပေးမလဲတွေဘာတွေလည်း တွေးခဲ့ မိသေးတယ်   '' လို့ တော့ တွေးမိတာပေါ့ လေ..( ပေးခြင်းသဘောကို  ပိုက်ဆံဖက်ကချည်း အရင် တွေးထင်နေတဲ့ အချိန်ပေါ့  ) နောက်တော့  ဆရာ့ ဖွင့် ဆိုရှင်းပြချက်တွေ စိတ်အထာကျသွားခဲ့ ရတယ်...ဒီစာဟာ ကျနော့် ဘ၀ခရီးအတွက် ထားရမယ့် စိတ်ထားလို့ လဲ ခံယူခဲ့ တော့ တယ်  ၊  နောက် ဒီ့ ထက်ပိုတဲ့  အတွေးတွေ တွေးစရာတွေပါ  ဖြစ်လာခဲ့ တယ်ပေါ့ လေ..။

 နောက်စာလေးက '' ဓမ္မ သင်္ခါရ နိယာမကို နှိုင်းဆ ဆင်ခြင် ပညာရှင်တို့  ဗေဒင် မေးရန်မသင့် ပါ '''  တဲ့   ငင့်  ပဲ...ခိခိ.. ဒါတော့  ဆရာက ဟိုလိုလို ဒီလိုလို လူတွေကို  ထော်လော်ကန့် လန့် လုပ်ပြတာပဲလို့ ပေါ့  လေ လို့  တွေးပြီး သဘောတွေကျပေါ့   အဲ  ငတ်ပေါက်တွေ လို့ လဲ တွေးမိတာပါသေးတယ်...အဟီး...ဘာပဲဖြစ်ဖြစ် လူတွေကို သရော်တော်တော်မြင်တတ် ဟိုလိုလို ဒီလိုလို လူတွေကို ရယ်ပွဲတွေ ဖွဲ့ တတ်  ဂလန့် စကား ရိုက်ပေါက်စကားတွေ ပြောရတာ ၀ါသနာကြီးတဲ့  ကျနော်တို့ ဆိုးပေလေးတွေအတွက် အဲ့ စာတိုစိကလည်း သဘောကျစရာ စာတိုစိလေးအဖြစ်အမှတ်တရဖြစ်နေခဲ့ တာမျိုးပါပဲ....


ကားကိစ္စအတွက် မိသားစု စကားဝိုင်း အဖေက စလုပ်တော့  ( ကျနော်က နဂိုကတည်းက အဲ့ ကားကိစ္စကို ဘယ်လို ကုလားဖန်ထိုးမယ်လို့ ကြိုကြံထားပြီးသား ဖြစ်နေပြီ )  အဲ့ မှာ ကျနော်က ကျနော့်  စိတ်ကူးကို အဖေ့ ကို ပြောပြလိုက်တယ်  အမေကတော့  ဘေးကနားဆင်သူပေါ့ လေ..မိသားစုတစ်စုလုံးနဲ့ ပတ်သက်လာတဲ့   တကယ့် အဆုံးအဖြတ်ကြီးတွေမှာ အဖေ့ အဆုံးအဖြတ်က အဓိကသဘောပါပဲ  ) ကျနော်က နေ့ ပိုင်းမှာ ကားကို အမျိုးထဲက ကားမောင်းစားတဲ့ အစ်ကိုကြီး အရွယ် ဦးလေးကို အုံနာကြေးနဲ့  အငှားချထားလိုက်မယ် သူ့ မှာလောလောဆယ် မောင်းစရာကားမရှိသေးဘူး.... ညဦးပိုင်းတွေတော့  ကျနော် မောင်းမယ်ပေါ့ လေ...၊  အဲ့ ပလန်ကို ပြောချလိုက်တော့  အဖေလုပ်သူ ခဏစဉ်းစားလိုက်ပြီး အမေ့ ဖက် လှည့် ဘယ်လိုသဘောရလဲ အက်ရှင်နဲ့ ပေါ့ လေ.. ( ကုန်သည်စိတ်သဘောအရ ကားက လောလောဆယ်ဝင်ငွေ ဘရိပ်မဖြစ်ဖူးဆိုတဲ့ အချက်က အဖေ သဘောတူဖို့ စဖြစ်လာပြီပေါ့ ဗျား...) အဲ့  ဦးလေးက  အမေ့ ဖက်က အမျိုးဦးလေး ဖြစ်နေပြန်တော့  အမေကလည်း  မဆိုးပါဘူးသဘော ဖြစ်လာပါရော...အဲ့ မှာ ကားကို နေ့ ပိုင်း သူများကို ပေးမောင်းသဘောစဖြစ်လာတော့ တယ်.....( ကားဆွဲနေတဲ့  အလုပ်နဲ့  ကျနော်နဲ့  စပြီး ရေစက်ကုန်စပြုသလိုမျိုးကြီးပေါ့ လေ...)


ဘ၀ တစ်ကွေ့  အရွေ့  ဖြစ်စဉ်တွေမှာ တစ်ခါတစ်လေ  ဗြုံးစားကြီး ဂငယ်ကွေ့  တစ်ဆစ်ချိုးကြီးမျိုးလဲ ကြုံတတ်သလို တစ်ခါတစ်လေတော့  တစ်ရွေ့ ရွေ့  နဲ့  မသိမသာမလေး ချိုးကွေ့ သွားတာမျိုးလဲ ကြုံတတ်တဲ့ သဘောရှိတတ်ပါတယ်  ကျနော့် အဖြစ်က  တစ်ရွေ့ ရွေ့ ချိုးကွေ့ သွားတဲ့  စတိုင်မျိုးနဲ့ ပိုတူတယ်လို့  ဆိုရမယ့် သဘောရှိပါတယ်... အဲ့ လို စိတ်ကူးထားတယ်ဆိုတော့  အဖေက သဘောတူလိုက်ပြီး  ထပ်မေးတာက သင်တန်းက ဘယ်လောက်ကြာမှာလဲ လို့ မေးလာတယ်  ကျနော်က သေခြာတော့ မပြောတတ်ဘူး အများဆုံး ၂လ ၃ လပေါ့ လို့  ပြန်ဖြေလိုက်တာပေါ့ လေ (  လောကီပညာတွေ (၀ါ) ပညာရပ်တွေသဘောဆိုတာ လိုက်ပြီဆို လိုက်မကုန်ဘူး ဆိုတာ အဲ့ တုန်းက နားမလည်ခဲ့ သေးတော့  အဲ့ လိုပဲ လွယ်လွယ်ပြောလိုက်တာပေါ့ ...တကယ်လည်း ၂ လ ၃လလောက်ါပဲ သင်မယ်လို့ တွေးထားတာ  ပြီးတော့  ပရော်ဖက်ရှင်နယ်သမားလည်း လုပ်မှာမဟုတ်ဘူး  သိထားရင် ကိုယ့် ဘ၀အတွက် ရပြီး အများအတွက်မဟုတ်ဘူးလို့  စိတ်က ခံထားတာမျိုးဆိုတော့ လေ ) 



ဒါနဲ့  ကားကိစ္စ စကားဝိုင်းလေးရဲ့  သဘောတူညီချက်အရ   ကားကို နေ့ ဖက် ယူမောင်းမလားလို့   အမျိုးဦးလေးကို စကားကမ်းလှမ်းလိုက်တဲ့ အခါ အမျိုးဦးလေးလဲ ရေငတ်တုန်းရေတွင်းထဲကျ လိုဖြစ်သွားပြီး မောင်းမယ် လို့ ဖြစ်လာတယ်...အဲ့ မှာ ကားကို မနက်ပေးလိုက် ညနေအိမ်ပြန်လာထားပေါ့ လေ...အမျိုးတွေဆိုတော့  ကိုယ့် ကားလေးကို သူ့ ကားလေးလိုပဲ   ရိုသေမယ် မချိမဆန် ခိုင်းမှာတော့ မဟုတ်လောက်ဘူး ကားထဲက ပစ္စည်း အော်ရီဂျင်နယ်တွေကိုလည်း ကလီကမာတွေ လုပ်လောက်မယ်လို့ တွေးမထားသလို  ဆွေမျိုးစပ် ဇယားအရ ဦးလေးသာဆိုတယ် ညီအစ်ကိုတွေလိုဖြစ်နေတယ် တစ်စိမ်းတွေထက်စိတ်ချရမယ်ဆိုတဲ့  အတွေးတွေနဲ့  ကိုယ့် စိတ်ကူး ပလန်တွေ အတွက် ကျေတွေနပ်ပြီး  အဲ့ ဦးလေးကို တစ်နေလုံး  စိတ်ချလက်ချ ကားပေးထားလိုက်တော့ တာပေါ့ လေ...။ အဲ့ မှာ ကျနော် မိုးလင်း လောက်ထဲကနေ ဆရာ့ ဆိုင် ဆရာမလာခင်ကို ကြိုရောက်သွား ဆရာ့ ဆိုင်သိမ်းချိန်မှ ဆရာနဲ့ အတူတူ ပြန်တွေ စဖြစ်လာတော့ တာပါပဲ  ဆရာ့ ဆီက လောကီပညာအယူအဆတွေက အများအားဖြင့်   ဆရာနဲ့ အတူတူ လမ်းလျှောက်ပြန်တဲ့ အချိန်မှာ  တို့ တိ တို့ တိနဲ့  တစ်ခွန်းစ နှစ်ခွန်းစ ရခဲ့ နားထောင်ခဲ့ ရ ဆက်တွေးတောခဲ့ ရတာပိုများပါတယ်  ဂရိက ဒသနပညာရှင်ဘေးက တကောက်ကောက်လိုက်ပြီး ပညာသင်ယူရတာနဲ့  တူနေပြီလို့ လည်း တစ်ခါတစ်ခါ တွေးမိပါ့ ပေါ့ လေ.. အဲ့ လိုပြန်ရင် ကျနော်နဲ့  ကျနော့် သူငယ်ချင်း ပိုးဟတ်ဖြူ နဲ့  ဆရာနဲ့ က ဒိုင်ခံ အတူတူလမ်းလျှောက်ပြန်ကြတဲ့ အချိန်တွေပေါ့   


အဲ့ အချိန်တွေဟာ ဘ၀တစ်လျောက်မှာ  စိတ်လွတ်လပ်မှု့ အရှိဆုံး   ကိုယ့် ဘ၀ကိုယ် စိတ်ကျေနပ်မှု့ အရဆုံး ဘ၈ရဲ့  အပျော်ရွှင်ဆုံး သတိတရ အဖြစ်မိဆုံး  လွမ်းမော်တမ်းတဖွယ်ရာ အကောင်းဆုံး ညနေခင်းဆည်းဆာအချိန်တွေမျိုးပါပဲ .... လွမ်းစရာအကောင်းဆုံး နေ့ ရက်ချိုလေးတွေထဲက နေ့ ရက်ချိုးလေးတွေ ပေါ့ လေ....။



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..