----------------
ဒီညတော့ ဂူဂယ်လ်အပ်နဲ့ အဖေဖက်က အဖိုးအဖွားတွေနေခဲ့ တဲ့ အဖေတို့ ဇာတိ ကြံခင်းမြို့ လေးကို သွားလယ်ခဲ့ တယ် :P ကျနော်တို့ ကလေးဘ၀က နွေကျောင်းပိတ်ရက်တွေဆို တစ်နွေလုံးသွားနေဆော့ ကစား မြစ်ထဲရေဆင်းကူးခဲ့ တဲ
့ပျော်စရာကောင်းတဲ့ မြို့ လေးပေါ့ လေ..
အဲ့ တုန်းက ကြံခင်းမြို့ ခြေရင်းအထိမော်တော်ကြီးတွေဆိုက်ဖို့ ရေကြောင်းလမ်းရှိသေးတယ်
သောင်ပြင်က မြို့ အထက်ပိုင်းမှာတော့ စကျယ်နေပြီ.. ကြံခင်းကို အဲ့ တုန်းက တွင်ကျယ်တဲ့ လမ်းက ပြည်ကနေ မော်တော်အကြာကြီး စီးသွားရတာပါပဲ..လမ်းမှာ အခု ခေတ်စားလာတဲ့  အကောက်တောင်နံရံက ဘုရားတွေဆို မော်တော်ပေါ်ကနေ ဖူးခဲ့ ရတာမျိုးပေါ့ ..နွေပေါက်ကျောင်းပိတ်ချိန် ၇တန်းနှစ်မှာ ကိုရင်ကို ရန်ကုန်မှာ စီးပြီး ကြံခင်းက အဖေ့ အစ်ကိုအကြီးဆုံးငယ်ဖြူ ဘကြီးဘုန်းကြီးဆီမှာ တစ်နွေလုံး ကိုရင်ဝတ် ဘ၀လေးနဲ့ သွားနေခဲ့ ဘူးတယ်...ဘကြီးဘုန်းကြီးရဲ့  ကျောင်းဝင်းကြီးက မြို့ အထွက်ဖက် လက်ကွင်းကျယ်ကြီးတွေနဲ့ ဆက်နေတဲ့ ရှေးကျတဲ့ ဒီဇိုင်းတွေနဲ့  ဘုန်းကြီးကျောင်းတွေ စေတီလေးတွေ အများကြီးရှိတဲ့ မြို့ အထက်ဖက် မြို့ ပြင်ကျကျအကွက်ထဲမှာ..၊
ဘဘုန်းကျောင်းဝင်းထဲမှာလည်း တောစာလို့ ခေါ်တဲ့ သရက်ပင်ကြီးတွေ မရမ်းပင် အချိုပင်ရော အချဉ်ပင်ကြီးတွေ ငှက်ပျော်အုပ်စုစုလေးတွေရှိပြီး ကျောင်းကြီးက အုပ်ခံပျဉ်ထောင်
ရှေးစတိုင်အုပ်လှေခါးကြီးနဲ့ ကျောင်းကြီးပေါ့ လေ..ကျောင်းဝင်းထဲက သရက်တွေ မရမ်းတွေဆို ကြံခင်းတစ်ဖက်ကမ်းက ကိုင်းသမားယာသမား အမျိုးတွေ ရွာက လူတွေက ခြံချုပ်ပြီးလာခူးယူကြတော့ မိုးတွင်း ဆွမ်းကွမ်းစာ ရတယ်ပေါ့ လေ
.
ဘဘုန်းက ကိုယ့် ကျောင်းကိုယ်ထိုင်ခဲ့ တာဖြစ်ပြီး အဖိုးတို့ အဖွားတို့  အသက်တွေ သိပ်ကြီးလာတော့  ဘဘုန်းရဲ့ ကျောင်းမှာ အဖိုးက ကပ္ပိယလိုလိုပ်လုပ်ပြီး အမြဲအချိန်ကုန်နေလေ့ ရှိတယ် အဖွားကတော့ သူ့ သားကြီး ဘုန်းကြီးကျောင်းကို ဆွမ်းဟင်းတွေဘာချက်ချက်ပို့ တတ်တယ်.အဲ့ မှာ အဖွားကဘဘုန်းကြီးကို ခေါ်ပုံလေးကချစ်စရာသိပ်ကောင်းတယ် မောင်ပုဇဉ်းတဲ့ ...
အမေတစ်ယောက်ရဲ့ သားအပေါ်ဖြစ်တဲ့ မိခင်တို့ ရဲ့ ချစ်ခြင်းမေတ္တာသံယောဇဉ်တွေကနေဖြစ်လာတဲ့ 
သဘောပေါ့ ...ဘဘုန်းကတော့  အဖွားကို အစ်မလို့ ခေါ်လိုက် ဒကာမကြီးလို့ ခေါ်လိုက်ပါပဲ ကျုပ်နဲ့ အစ်မနဲ့  အဲ့ လိုတွေ စကားဘွင်းဘွင်းကြီးတွေပြောတတ်တယ်..
..နောက်ဘကြီးတွေကတော့  ကြံခင်းဟိုဖက်ကမ်းရယ်.
.ကြံခင်းနဲ့ ထိစပ်နေတဲ့ သောပြင်ကျယ်ကြီးမှာ ဆေးရွက်ကြီးအခင်းကြီးတွေ စိုက်ကြတယ် အဲ့ သောင်ပြင်ထဲမှာပဲ ယာယီတဲကြီးတွေ ထိုးနေတတ်ကြတယ်...
ဧရာဝတီရေတက်ချိန်ဆို သောပြင်ကျယ်ကြီး အတွင်းပိုင်းအထိကို ရေမြုတ်သွားလေ့ ရှိတယ်..
ကြံခင်းရောက်ရင် ဘကြီးရဲ့ ဆေးရွက်ကြီးစိုက်ခင်းကျယ်ကြီးထဲ လိုက်သွား ဆော့ ကစား
ညနေစောင်းတော့  ဟိုဖက် သောပြင်ကမ်းပါးအစွန်းက ဧရာဝတီမြစ်ကြီးထဲ ရေဆင်းကူးကြပေါ့ လေ..
.ကြံခင်းနဲ့ ထိနေတဲ့ မြစ်တိုလေးက ရေတိမ်ပြီးရေစီးအားသိပ်မသန်လို့ ရေကူးရတာ ရဲပေမယ့်  ဟိုဖက် ဧရာဝတီမြစ်မကြီးရေလမ်းကြတော့ မရဲတော့ ဘူး ကမ်းပါးတွေကခဏခဏပြိုကျနေတတ်ပြီး အဲ့ သောင်ပြင်စပ် လူ ၃ရပ်လောက်မြင့် တဲ့ ကမ်းပါးစပ်မှာတော့ စောက်နက်နေတတ်တယ် ရေစီးအား
လည်းသန်တော့  ရဲရဲမကူးရဲဘူးပေါ့ လေ....
အဖိုးအဖွားတွေရဲ့ အိမ်က မြစ်ကမ်းနဲ့ နီးပြီး တာရိုးအမြင့် လေးလည်း ရှိတော့  ညနေ ညနေစောင်း နေ၀င်ရီတရော ဆို အဲ့ တာရိုးလေးပေါ်တက် မြစ်ထဲမှာနှေးနှေးကွေးကွေးနဲ့  သွားနေတတ်တဲ့ စီဘီတွဲကြီးတွေ ငွေရောင်ဓါတ်ဗူးအကြီးစားကြီးတွေ
ငွေရောင်ဘောလုံးအကြီးစားကြီးတွေ တုံးလုံးလှဲထားတာနဲ့  တင်လာတာနဲ့  တူတဲ့  ရေနံလှောင်ကန်ကြီးတွေနဲ့ တွဲသင်္ဘောကြီးတွေကို ငေးမော မြစ်လေလေးအတိုက်ခံရင်း .
ဟိုး...ကွေ့ မ ရေနံမြေဖက်က ဓါတ်ငွေ့ တွေ မီးရှို့ ထားတဲ့  မီးအလင်းရောင်ကို လှမ်းငေးနေရတာ အိမ်ပြန်ချင်တဲ့  အလွမ်းစိတ် တိတ်တဆိတ် ရောက်လာတယ် ဆိုတာမျိုးပါပဲ အိမ်ကိုပြန်ပြေးချင်စိတ်တွေတောင်ဖြစ်လာအောင် လွမ်းစရာကောင်းတဲ့ ကြံခင်းမြို့ လေးရဲ့  ဧရာဝတီမြစ်ကမ်းဘေးက လွမ်းစရာ့ နွေ ညနေခင်းလေးတွေပေါ့ လေ........
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..