
ငွေဆောင်(၁)
--
လမ်းမှာ ရင်တထိတ်ထိတ်နဲ့  အများဆုံးရှောင်ရတာက ဆိုင်ကယ်စီးဆရာသမားတွေကိုပါပဲဗျာ... ဟိုဖက် ပဲခူးလမ်းကျိုက်ထီးရိုး ခရီးစဉ်လောက်တော့ မများပေမယ့်  ဆိုင်ကယ်တွေနဲ့ ရောနေတာက စက်ဘီးစီးသမားတွေပိုများတယ်..ပြီးတော့  ဆိုင်ကယ်သမားရော စက်ဘီးသမားတွေရောမှာ ဆယ်ကျော်သက် လူငယ်တွေ ပိုများတယ် လူလတ်ပိုင်းတွေက ဆိုင်ကယ်တွေနောက်မှာ ကုန်တွေပစ္စည်းတွေအများကြီးတင်ပြီး
တစ်ရွာနဲ့ တစ်ရွာပို့ နေကြတာမျိုးများတယ် အဝေးခရီးတွေမှာ တွေ့ ရတဲ့  ဆိုင်ကယ်စီးဆရာသမားတွေမှာ အများဆုံးတွေ့ ရတာက ဆိုင်ကယ်စီး ဦးထုပ် အဆောင်းနဲကြတာက တူနေတဲ့ အချက်ပါပဲဗျား အဲ့ ပုသိမ်ဖက်လမ်းမှာ တစ်ချို့ ဆိုင်ကယ်စီးသမားလေးတွေများ ကြုံသလိုကောက်စီးသဘောမျိုးတောင်ဆန်တယ် စွတ်ကျယ်ချိုင်းပြတ်နဲ့ လဲ တက်ခွသွားတာမျိုးဗျား..အဲ့ လိုကို ဆိုင်ကယ်တွေနဲ့  ရင်းနှီးကုန်ကြတာ မြို့ လေးတွေမှာ ဆိုင်ကယ်ကယ်ရီဂိတ်လေးတွေလည်း အများသားပေါ့  ဧရာလမ်းတွေက ကျဉ်းပြီး မျက်နှာချင်းဆိုင် ကားနှစ်စီး ရှောင်တဲ့ အခါ ဘေးချရှောင်စရာ မြေသားအပိုကလည်း ကျဉ်းလွန်းနဲလွန်းတယ် ပြီးတော့ လမ်းသားတွေက မညီတာ ချိုင့် လေးတွေ ပေါတာတွေများတယ် မြေပြင်ညီ ပြေပြီး စပိတင်မောင်းလို့ ရတယ်ဆိုတာ ခဏလေးတွေပဲများတယ် ...
( ပုသိမ်မှာ မြို့ ထဲက ထမင်းဆိုင်တစ်ခုမှာ မနက် ထမင်း ၀င်စားနေတုန်း ခပ်လှမ်းလှမ်း ကားလမ်းဘေးက မအေ တစ်ယောက်က လမ်းဖြတ်ကူးမယ့်  သူ့ ကလေးကို လှမ်းသတိပေးလိုက်တဲ့ အသံလေးကြားလိုက်ရတာ စိတ်ထဲတွေးပြီး ရယ်ချင်ချင်တောင်ဖြစ်သွားသေးတယ်..'' ဟဲ့  ဆိုင်ကယ်တွေ သတိထားကူးဟဲ့ .'' ..တဲ့  ဦးဇင်းကျော် ပြောခဲ့ ဘူးသလိုပဲ ဒါ အသစ်ဗျ အသစ်ဆိုသလိုပါပဲ ကျနော်တို့  အများဆုံးကြားခဲ့ ဖူးရတာက ''' ကားသတိထားကူး နဲ့  စက်ဘီးပေါတဲ့ အရပ်ဆို '' စက်ဘီးတွေ ကြည့် ကူးဟဲ့ '' ''' ပဲလေ.သူ့ အရပ်နဲ့  သူ့ ဇာတ် သူ့ ခေတ်နဲ့ သူ သဘောလေးပေါ့ . ပုသိမ်မှာလည်း ဆိုင်ကယ်တွေ ဘယ်လောက်များသလဲ လိုက်ကြည့် စရာတောင်မလိုဘူးပေါ့ လေ..)
အဲ့ တော့ တစ်ခုကောင်းတာက ကားက မြန်နှုံးဘယ်လောက်ကောင်းကောင်း အင်ဂျင်အားဘယ်လောက်ကောင်းကောင်း စိတ်ကြိုက်စပိတင်မောင်းလို့ ကို မရဘူး အရှိန်ချချ မောင်းနေရတာမျိုးပေါ့ လေ..လမ်းပေါ်မှာ နွားမရှောင်ရသလောက်ပဲ (လမ်းကို ဖြတ်ဖြတ်ပြေးတဲ့ ကြက်သားအမိအုပ်လေးတွေတော့ ခဏခဏ ရှောင်ရ အရှိန်တုံ့ ရတယ် ကြက်က အတော်ပေါ်တဲ့  တိုင်းဧရာပါပဲ ) အများဆုံးရှောင်ရတာ တွေ့ ရတာက တိုင်းဧရာရဲ့  လယ်ယာမြေများတဲ့  သဘော စက်မှု့ လယ်ယာသုံး ထွန်စက်ကြီးတွေ တင်လာတဲ့ ကားတို့  ထော်လာဂျီတို့  မြေကော်ကားတွေသည်လာတဲ့  ကားကြီးတစ်ချို့ ပါပဲ...
ဘယ်လောက်ပဲစပိတင် ကျော်တက်မောင်းမောင်း ရောက်လိုရာခရီးကို ရောက်သွားရင် ကွာလှ ၁၅မီးနစ်မီးနစ်၂၀ပဲဆိုတာမျိုးပါပဲ..လမ်းဘေးဝဲယာကတော့  စိမ်းစိမ်းစိုစိုတွေပိုပေါတယ် ရေကန်တွေ ငါးကန်တွေ ငှက်ပျောပင်အုပ်အုပ်တွေ ငါးကန်တွေ ချောင်းရိုးလေးတွေ ချောင်းရိုးလေးတွေထဲမှာ စက်တပ်လှေအရှည်လေးတွေနဲ့  ဆိုတော့ မြင်ကွင်းက အစိုဓါတ်တွေရနေသလိုပါပဲ ကားလမ်းဝဲယာမှာ လယ်မြေ အိမ်ခြေလေးတွေလည်း သိပ်မပြတ်လှသလို သစ်ပင်အုပ်အုပ်ကြီးတွေ လူတစ်ရပ်လောက်မှာ ထုံးဖြူ ခါးပတ်အမှတ်အသားနဲ့  ကျွန်းပင်တန်းကြီးတွေ အခုကို ၀ါထိမ်နေအောင်ပွင့် နေတဲ့  မလေးရှားပိတောက်တွေက အဆက်မပြတ်သလောက်ဆိုတော့  အရိပ်ရတာ များပြီး အညာခရီးလို လမ်းတစ်လျှောက် အပူဒဏ်သိပ်မခံရဘူးပေါ့ လေ မလေးရှားပိတောက်က အခုကြီးကို ပွင့် နေတာလားလို့ မေးလိုက်တော့  ဒါ သူပွင့် တဲ့ ရာသီတဲ့  ဟုဟု ဟုတ်သားပဲ အခုပွင့် နေမှတော့  အခုရာသီက သူပွင့် တဲ့ ရာသီပေါ့ လေ...ခ်
ငွေဆောင် (၂)
----------
စိတ်ကူးထဲက လုပ်ချင်တာတွေ လုပ်ဖြစ်ဖို့ တစ်ချို့ လုပ်ဖြစ်ချင်ခဲ့တာတွေအတွက်တော့ အချိန်တော့ အတော်လေးယူခဲ့ ရတယ် အဲ့ အထဲ မရောက်တာ သိပ်ကြာသွားပြီ ဖြစ်တဲ့ ပင်လယ်ကို သွားကြည့် ချင်သေးတယ်ဆိုတဲ့  ဖီလင်တစ်ခုလည်းပါတယ် ပင်လယ်ရနံ့ ဆိုတာ မေ့ တေ့ တေ့ တောင်ဖြစ်နေခဲ့ ပြီလေ ၊ တောင်ပေါ်ဟာ တောင်ပေါ်သား မဟုတ်တဲ့ သူတွေ အတွက် ထူးဆန်းတဲ့ အရပ်ဖြစ်နေတတ်သလို ပင်လယ်ဟာ ပင်လယ်ပျော် ပင်လယ်သားမဟုတ်တဲ့ သူတွေအတွက် ထူးဆန်းတဲ့ ခံစားမှု့ တွေပေးစွမ်းနိုင်တာပါပဲ ...
ဒါနဲ့ ပဲ ပင်လယ်ကို အလွတ်လပ်ဆုံးမြင်ကွင်းရှိရာ အရပ်တစ်ခုဖြစ်တဲ့  ရောက်လည်းမရောက်ဖူးသေးတဲ့ ငွေဆောင်ကို ရောက်ဖြစ်ခဲ့ တယ်ဆိုပါတော့ ၊ အိမ်ကစထွက်တော့ မနက် ၄နာရီလောက်ပေါ့ လေ.အဲ့ ကနေရန်ကုန်နယ်နမိတ်နဲ့  လှိုင်သာယာနယ်နမိတ်တွေကျော်အောင်တောင်အတော်ကြာအောင်မောင်းယူရတယ်၊ အဲ့ နယ်နမိတ်တွေမကျော်ခင်အထိတော့  နီယွန်အလင်းရောင်ဆိုင်းဘုတ်တွေ တက်ခနီကာလာဆေးရောင်စုံဆိုင်းဘုတ်ပေါင်းစုံတွေ ဓါတ်တိုင်တွေ ကြီးမားတဲ့ အဆောက်အအုံတွေက အဆက်မပြတ်ဆိုတော့ မြို့ ပြရဲ့ ရနံ့ က မပျောက်သွားသေးဘူးပေါ့ နီယွန်မီးရောင်စုံျေတွအောက်က
မြို့ ပြရဲ့ သဘာဝကို နေအလင်းမလာခင် မနက်အစောကြီးမှာ မြင်ရတာကလည်းတစ်မျိုးလေးကြည့် ကောင်းနေသလိုပါပဲ ၊ ရာသီကလည်း မိုးနှောင်းတို့ နောက်ဆုတ်ချိန်နဲ့  ဆောင်းဦးကြိုရာသီလေးဆိုတော့  အအေးဓါတ်လေးကရနေပြီ ..
လှိုင်သာယာကျော်လာလို့  သိပ်မကြာခင်မှာပဲ အမှောင်ထုထဲရောက်သွားသလိုပါပဲ လမ်းဘေးဓါတ်တိုင်တွေက မီးဖြာနေတာမျိုးတွေမရှိတော့ အမှောင်ထုထဲ ကားမီးထိုးပြီးသွားနေရသလိုဖြစ်သွားတာပေါ့ လေ..အဲ့ မှာတော့ ကောင်းကင်ကိုတော့ ကြယ်တွေစုံစုံလင်လင်နဲ့ လွတ်လွတ်လပ်လပ်ကြီးစမြင်ရပြီ.တန်ဆောင်မုန်းလရဲ့ တိမ်တွေကင်းစင်နေတဲ့ ကောင်းကင်ဟာ အတော်လေး ရှင်းရှင်းလင်းလင်းမြင်နေရ
တာမျိုး..ခုနှစ်စင်ကြယ်စင်စုလေးကိုတောင် ပြတ်ပြတ်ထင်ထင် မြင်နေရတယ်.. အဲ့  ခုနှစ်စင်ကြယ်စုလေးကို ငယ်တုန်းကတောမှာ ညနက်ပိုင်းတွေမှာ တကူးတကမော့ ကြည့် နေခဲ့ ဘူးသေးတယ် ညသန်းခေါင် တိမ်စင်ချိန်တွေမှာ ကြယ်တွေ တလက်လက် နဲ့ ဟင်းလင်းပြင်ကောင်းကင်ကြီးကို မြင်ကွင်းကျယ်ကြီး မျက်စိတဆုံး မြင်နေရတဲ့ ခံစားမှု့ က စိတ်တွေ ရွင်လွှင့် လို့ အတော်ကောင်းတာမျိုးပဲ..အဲ့ လိုကြည့် တဲ့ အခါတိုင်း တလက်လက်နဲ့ ကြယ်တွေကြားမှာ အလင်းတန်းရှည်လေးနဲ့  ဖြတ်ကနေ ပြေးသွားပြီး ဖြတ်ကနဲ ပျောက်က ကွယ်သွားတတ်တဲ့  အမျိုးအမည်မသိတွေလည်း ခဏခဏ မြင်ခဲ့ ဘူးတယ် အဲ့ လိုမြင်လိုက်ရင် ထင်ရာတွေလျှောက်တွေး တစ်နေရာရာမှာ ပြန်ပေါ်လာနိုးနိုးတွေနဲ့ လိုက်ရှာကြည့် ပေါ့ လေ..
ငွေဆောင်မှာတော့ မနက် ၁ နာရီကျော်လောက်မှာ အဆောင်ထဲက ပလတ်စတစ် ဒရင်းဘက် ကျောခင်းထိုင်ခုံရှည်ကြီးကို ယူပြီး ပင်လယ်စပ်က သဲသောင်ပြင်ပေါ်ကို ဆင်း လှိုင်းပုတ်သံ တ၀ုန်းဝုန်းကို နားထောင်ရင်း အဲ့  ခေါင်းပေါ်တည့် တည့် လောက်ကနေ ခပ်စွေစွေလေး နေရာရောက်နေတဲ့  ခုနှစ်စင်ကြယ်စင်စုလေးကို ပက်လက်လှန်ကြည့် ရင်း အဲ့ ကနေ တစ်ခြားကြယ်တွေလိုက်ကြည့် နေခဲ့ လိုက်သေးတယ်..ပင်လယ် အမှောင်ထုထဲကို သဲသဲကွဲကွဲ မမြင်ရပေမယ့်  ကမ်းစပ်ကိုပြေးပြေးတက်လာတဲ့  လှိုင်းတွေက လှိုင်းခေါင်းဖြူလေးတွေကိုတော့  ကြယ်တွေရဲ့  အလင်းအကူအညီ နဲ့  မြင်နေရတယ်..ကမ်းခြေတစ်လျှောက်လုံး လူသွားလူလာမရှိတော့ ပဲ လူခြေတိတ်နေတဲ့  အဲ့ ညက တစ်ညလုံးလိုလို မအိပ်ပစ်ခဲ့ ပါဘူး ည ၉နာရီလောက်ကစ ခဏအိပ်ပြီး ၁၂နာရီလောက်မှာ ပြန်ထ အဆောင်ကနေ အပြင်ထွက် လှိုင်းသံတွေ နားထောင် ပင်လယ်အမှောင်ထုထဲကို ရမ်းမျှော်နေပေါ့ လေ..ပင်လယ်ရဲ့  မနက်အာရုဏ်ဦးနေထွက်ချိန်ကို အိပ်ပျော်နေရင်မမြင်လိုက်မှာစိုးတာနဲ့  တစ်ညလုံး မအိပ်ပစ်တော့ တာမျိုးပေါ့ ဗျား....တစ်သက်လုံး ကိုယ့် အိမ်မှာကိုယ် ခဏခဏ အိပ်ဖူးတယ်လေ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..