Powered By Blogger

Friday, December 9, 2016

မြေလတ်မြို့ လေးက ချစ်ပုံပြင်


မြေလတ်မြို့ လေးက ချစ်ပုံပြင်
---
ဘ၀အလှည့် အပြောင်းတွေဟာ တစ်ခါတစ်လေ ထူးဆန်းတယ် ကြိုတွေးမှန်းဆရခက်တယ် မတွေးထား မထင်ထားတာတွေလည်း ဖြစ်တတ်တယ် စသဖြင့် တွေ သဘောကို ဟိုး လွန်ခဲ့ တဲ့ အနှစ် ၂၀ကျော်လောက်က ကြုံဖူးတဲ့ ဖြစ်ရပ်ကလေးတစ်ခုပြန်တွေးရင်းပေါ့ လေ..ဒီဇာတ်ထုပ် မှာ ပါဝင်သူတွေက မသေကြသေးလို့  ဖွက်ရေးရတာပေါ့ လေ...

မိဘတွေ ရှိတုန်းက ပွဲရုံဖေါက်သည်တွေမှာ အဲ့ မြေလတ်မြို့ လေးက မိသားစုတစ်စုလည်းပါတယ် ကျနော်တို့ ဆီက ကုန်တွေယူ ပြန်ရောင်း ကျနော်တို့ ကိုကုန်ကြွေးဆပ်ခေါက်ပြန်ကြေးသဘောတွေပေါ့ 
 ၂ ဖက် မှန်တာရယ် ကုန်သည်ဖက် နှစ်သက်တန်းရင့် တာတွေ့ အမျိုးတွေလို ဆက်ဆံရေးရှိကြတယ် အဲ့ မိသားစုက အစ္စလာမ်ဘာသာဝင်တွေပါ

သူတို့ မှာ သမီး ၂ ယောက်ရှိပြီး အကြီးက အဖေအမေကသာ အသားမဲပြီး သမီးအကြီးက ဖွေးဥနေအောင် ဖြူတဲ့ အသားအရည်နဲ့  ဘောလီးဝုဒ် ရုပ်ရှင်မင်းသမီးလေးတစ်ယောက်လို လှတဲ့  မျက်နှာ အချိုးအဆစ်တွေ ရှိတယ်..သူက ကျနော်တို့ အလုပ်နဲ့  မပတ်သက်ပဲ ရန်ကုန်ဆင်းဆင်းပြီး ကြက်ဒိုင်က ကြက်တွေဝယ် သူတို့ မြို့ လေးကို ပြန်တင်ပေးတဲ့ ကြက်ကုန်သည် အလုပ်ကိုသီးသန့် ခွဲလုပ်သူပေါ့ လေ...

သူ့ ကို လိုချင်လို့ ကမ်းလှမ်းနေတဲ့  မျိုးနွယ်တူ အယူတူတွေ ၀ိုင်းဝိုင်းလယ်နေသူတွေရှိပေမယ့်  သူနဲ့ တကယ်ကြိုက်သွား ယူဖြစ်သွားတာက အဲ့ ကြက်ဒိုင်မှာ အလုပ်လုပ်နေတဲ့  တရုပ်စစ်စစ် လူမျိုးတစ်ယောက်နဲ့  တကယ်ကြိုက် တကယ်ယူဖြစ်သွားကြတယ်... အဲ့ မှာ ကိုရွှေတရုပ်က အဲ့ မွတ်မလေးကို ကြိုက်သွားလွန်းချက်က အယူပါ မွတ်အယူဝင်အဖြစ်ပြောင်းလဲသွားပြီး အဲ့ မြေလတ်မြို့ လေးကိုပါ အပြီးပြောင်းလိုက်သွားတဲ့ အထိ မေတ္တာကြီးခဲ့ တယ်...အဲ့ လိုကိုဖြစ်သွားတော့  ကိုရွှေတရုပ်ရဲ့  မိဘဆွေမျိုးသားချင်းတွေက အမွေပြတ်အဖြစ် စွန့် လွှတ်လိုက်ကြတယ်..ဒါကိုလည်း ကိုရွှေတရုပ်က မမှု့ ပါဘူး...

ဒီလိုနဲ့  အယူပြောင်းတွေမှာတွေ့ ရတဲ့ ပုံစံအတိုင်း အင်းကျီသင်တိုင်းရှည် အဖြူသာဝတ် ဗလီမှန်မှန်တက် စာမှန်မှန်ဖတ်တွေ ဈေးရောင်းမပျက် ပုံမှန်ကိုလုပ်တော့ တာပါပဲ..လုပ်ချက်က ဟို သူ့ မိန်းမ သူ့ မိန်းမ အိမ်သားတွေထက်တောင်ထက်တောင် သူက ၀ီရိယပိုပြီး နောက်မကြာခင် ဗလီဆရာတောင်ဖြစ်လာခဲ့ တာမျိုးပဲ....

ဒီလိုနဲ့  ကျားလေး သုံးယောက်အရမှာ အဲ့ ခေတ်မှာ ဘေထုတ် အရောင်းအ၀ယ်တွေ ခေတ်စားလာတဲ့ အချိန်နဲ့ ကြုံလာတဲ့ အခါ အဲ့ အမျိုးသမီးလေးဟာ
သူ့ ယောင်္ကျားနဲ့  စီးပွားခွဲ အသစ်လုပ်ပြီး ဘေထုပ်ကုန်ကူးတဲ့ လိုင်းထဲဝင်သွားပါတော့ တယ်

အဲ့ မြေလတ်မြို့ လေးကနေ မန္တလေးမြို့ တော်ကြီးမှာ ဘေထုတ်တွေ သွားသွားရောင်းတော့ တာမျိုးပေါ့ လေ ဘေထုပ် အရောင်အ၀ယ်သဘောအကြောင်းပြုပြီး မန္တလေးမှာနေတာ လနဲ့ ချီ ကြာလာတယ်...နောက်တော့  အဲ့ မန္တလေးမြို့ မှာ နေတဲ့  သူ့ ထက် ငယ်ရွယ်နုပျိုတဲ့  မျိုးနွယ်တူ အယူတူ ဘေထုပ် ကုန်သည်လေးနဲ့  မေတ္တာဖြစ်ရွှေလမ်းငွေလမ်းဖေါက်ကုန်ကြပါလေရောဗျား...

အဲ့ မှာ ကိုရွှေတရုပ် အရူးမီးဝိုင်းတော့ တာပါပဲ..သူလေးစားတဲ့  လူကြီးတွေကို အကူအညီတွေတောင်းပေါ့ ....( ကျနော်တို့ အဖေပါ ကြားထဲက ကန့် လန့်  ကန့် လန့် တွေပါသွားတော့ တာပါပဲ)... အမျိုးသမီးက ပထမပိုင်း သူ့ အရင်ယောက်ျားကို အတွေ့ မခံတော့ တဲ့ အပြင် အယူတွေ ရဲ့ ထုံးတမ်းစဉ်လာအရနဲ့ ကွာပေးဖို့ ချည်းတောင်းဆိုနေတော့ တာ..

ကိုရွှေတရုပ်ကလည်း ကြိုက်သလိုနေပျော်သလိုသာနေပါ ကွာတော့ မပေးနိုင်ဘူး သားလေးတွေမျက်နှာထောက်ပါ အိမ်ကိုပြန်လာပါ ဘာညာတွေနဲ့  ချော့ ချက် အောက်ကျို့ ခံချက်က ဘေးက လူတွေက သူ အရူးမီးဝိုင်းဖြစ်နေပုံတွေကို ကြည့် ပြီး သနားလည်းသနားကြ အံ့ သြဘ လည်းဖြစ်ကြပေါ့ 
..သူ့ ကို သနားကြတဲ့ အထဲမှာ အမျိုးသမီးလေးရဲ့  အမိအဖ ညီမ အမျိုးတွေ အကုန်လုံးကပါ ၀ိုင်းသနားကြတာမျိုး ဟို အမျိုးသမီးကိုတော့ ဝိုင်းဆဲပေါ့ လေ.. သူ့ ယောက္ခမတွေက သူ့ သားမက်လေးကို နောက်သူ့ သမီးအငယ်နဲ့ ပေးစားသေးတယ် အကြီးမကို ပစ်ထားလိုက် ဘာညာပေါ့  ကိုယ်ရွှေတရုပ်ကတော့  နိုးပဲ ဒါမျိုးမလုပ်ဖူးလို့  ငြင်းခဲ့ တယ် အကြီးမမှအကြီးမ သူ့ အမျိုးသမီးမှ သူ့ အမျိုးသမီးပဲ.......

အပြန်အလှန်တွေ ညှိကြ နားချကြ လုပ်နေကြရာကနေ နောက်တော့ ...အဲ့ အမျိုးသမီးရဲ့  ပြတ်သားချက်ကလည်း အဲ့ အရင်ယောက်ျားကို ဘယ်လိုမှ ပြန်မပေါင်းနိုင်တော့ ဘူး ပစ္စည်းတွေလည်းအကုန်ယူလိုက်တော့  သားတွေ
အတွက်တော့ 
အဝေးကထောက်ပံ့ ပေးမယ် ကွာပေမယ် ဆိုရင်တော့  သားတွေဆီ ခဏခဏပြန်လာခဲ့ မယ် မကွာပေးရင်တော့  တစ်သက်ပြန်မလာ. ဇွတ်ခေါ်ရင် သတ်သေလိုက်မယ်..ဆိုပြီး ရာဇသံပို့ လိုက်တဲ့ အခါမှတော့ ကိုရွှေတရုပ်ဖြစ်သွားချက်က ဆေးရုံကိုရောက်လုလုပါပဲဗျား..
.နောက်ဆုံးတော့ ....ခဏခဏ တွေ့ နေရလည်း ကျေနပ်ပါတယ် မင်းတော့ မသေလိုက်ပါနဲ့  ဆိုတဲ့  စတိုင်နဲ့ လျှော့ ပေး ကွာပေးလိုက်ရပါရောဗျာ..

ဒီဇာတ်ထုတ်မှာ အဲ့ ကိုရွှေတရုပ် ဘ၀ပျက်လုလု အခြေအနေတွေ ရောက်ရောက်သွားလို့ ကျနော်တို့ 
ဖားသားကြီးက ၀င်ထိမ်းကြောင်းပေးခဲ့ တာနဲ့ သူတို့ သားအဖတွေ ရေစုန်မျောမသွားရတာလို့ ဆိုပြီး
ကျေးဇူးတွေတင် ကျနော်တို့ အဖေကကျေးဇူးရှင်ကြီးပေါ့ လေ.....

အခုတော့  အသက်တွေလည်းကြီးကုန်ကြပြီ သားတွေလည်း မိန်းမတွေရလို့ ပေါ့  အမျိုးသမီးကတော့ နောက်အိမ်ထောင်နဲ့  မန္တလေးမှာ ကလေး မရပါတဲ့  ယောက်ျားကခဏခဏနှိပ်စက်တယ်လို့ ဆိုတယ် မြေလတ်မြို
့လေးက ယောက်ျားဟောင်းဆီနဲ့ သားတွေဆီတော့  ခဏခဏပြန်လာတွေ့ တယ် ကိုရွှေတရုပ်ကတော့ အတော် အိုသွားပြီ မုတ်ဆိပ်တွေလည်း ရင်ဘတ်နားကပ်နေပြီ

သူ့ သားချွေးမမြေးမြစ်တွေနဲ့  ဈေးရောင်းမြဲ ဗလီမှန်မှန်တက်မြဲ စာဖတ်မြဲပေါ့ လေ..( ကျနော်ကတော့  အဲ့ ဇာတ်ထုပ်မှာ ဘယ်နေရာကမှ မပါပေမယ့်  ဇာတ်ထုပ် အစအဆုံး သိကြားမြင်နေခဲ့ ရလို့  အင်း...ဘ၀တွေဆိုတာ...ဘ၀တွေပါပဲ မသေခင် ဘာမှ ပုံသေတွက်ထားလို့  မရဘူးပေါ့ လေ)


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..