Powered By Blogger

Friday, October 28, 2016

နာဂစ်ည (၁) ( ၂)


နာဂစ်ည (၁)
--
နာဂစ်ညလို သဘာဝဘေးသဘောက ဘ၀တစ်လျှောက်မှာ တစ်သက်မှ တစ်ခါလိုမျိုး ကိုယ်တွေ့ ကြုံခဲ့ တဲ့  အဖြစ်မျိုး ဖြစ်ပြီး နာဂစ်နောက်ပိုင်း နာဂစ်လောက် ပြင်းထန်လွန်းတဲ့  သဘာဝမုန်တိုင်းဘေးမျိုး ထပ် မကြုံဖူးတော့ ပါဘူး

နာဂစ်နောက်ပိုင်း နာဂစ်ညကို သတိရ စရာကောင်းလောက်အောင် အတော်လေး ပြင်းထန်တဲ့  မိုးကြိုးတွေပစ် လျပ်စီးတွေလက် အိမ်ခေါင်မိုး အထက်နား တည့် တည့် ကလို ထင်ရလောက်
အောင် အသံကျယ်ကြီးနဲ့  ( ဆီပေပါခွံ အပိန်အရှုံ့ တွေကို ပေတစ်ရာလမ်းပေါ် လှိမ့် သွားသလိုးမျိုး လမ်းကြိတ်စက်ကားက ခပ်မြန်မြန်လေး အိမ်ရှေ့ က ဖြတ်မောင်သွားသလိုမျိုး ) မိုးခြိမ်းသံတွေကြားရ ..ကောင်းကင်ကြီး နီရောင်သန်းနေပြီး နောက်မကြာခင် လေပြင်းတွေ ခပ်ပြင်းပြင်းလေး တိုက်ခတ်လာတာမျိုး တစ်ခါတစ်လေ ကြုံရတတ်ပေမယ့်  အဲ့  ကြုံခဲ့ ဖူးတဲ့  နာဂစ်ညကလောက်ကို မဖြုံတော့ ပါဘူး........

နာဂစ်ညက သိပ် ဖြုံနေခဲ့ သလားဆိုတော့ လည်း အလွန်အကျွံကြီး ဖြုံနေတာမျိုး အဲ့ ညက ဖြစ်မနေခဲ့ ပြန်ဘူး...ဘာ့ ကြောင့်  နာဂစ်ညကို အလွန်အကျွံ မဖြုံမိခဲ့ လည်း ဆိုရင် ပထမအချက်က အဲ့ လောက်ပြင်းထန်တဲ့  မုန်တိုင်းမျိုး ကိုယ်တွေ့ အဖြစ် တစ်ခါမှ မကြုံခဲ့ ဘူးလို့  မုန်တိုင်း သဘောကို ကြောက်ရကောင်းမှန်း မသိခဲ့ ဘူးက ပထမ အချက်လို့  မှတ်ရနိုင်ပြီး..

.နောက်အချက်တွေက ကိုယ်တိုင်ရဲ့  စိတ်ကိုက ကြို တွက်ချက်ထားမှု့ တွေက ကိုယ့် စိတ်ကို အဲ့ ညက အလွန်အကျွံ သောက ဖြစ် မနေစေခဲ့ ဘူးလို့  သဘောရပါတယ်..

စိတ်က တွက်ချက်ထားမှု့ သဘောက ဆိုပါတော့  ကိုယ့် ဆီကနေ ဘာတွေ ဆုံးရှုံး ပျက်ဆီးသွားနိုင်သလဲ ပျက်ဆီး ဆုံးရှုံး သွားရင် အစားထိုးဖို့  ဓန တတ်နိုင်သလား ဆိုတဲ့ အတွက်အချက်သဘောတွေ ကြိုတွေး တွက်ချက်ထားတာမျိုးပေါ့ ... အဲ့ လို တွေးချလိုက်တဲ့ အခါ ကျနော်တို့ နေတဲ့ အရပ် သဘောအရရော ကိုယ့်  စိတ်တွက်တွေ သဘောအရပါ အဲ့ နာဂစ်ညကို သိပ်စိတ်ပူနေတာမျိုး ဖြစ်မလာတော့ ပဲ ...

နာဂစ်ဆိုတာကြီး ငါတို့  အရပ်ကို ဘယ်လိုများ ဘယ်တော့ များ လာမှာပါလိမ့် ဆိုတဲ့  စပ်စုလိုစိတ်.( အပျော်စိတ် စပ်စုလိုစိတ်တွေကသာ အကြောက်တရားထက် ပိုများလာတော့ တာပါပဲ အဲ့ နာဂစ်ညက
မအိပ်နိုင်ပုံများ နာဂစ်ကို ကြောက်နေတာထက် အိပ်ပျော်သွားရင် မုန်တိုင်း နဲ့  မကြုံဘူးလိုက်မှာ စိုးလို့  မအိပ်နိုင်ဖြစ်နေတာက ပို လွှမ်းမိုးနေတာပါပဲဗျာ..)

ညဦးပိုင်းကတည်း နာဂစ်ရဲ့  သတင်းတစ်ချို့ က အရပ်ထဲမှာ နယ်ခေါ်တဲ့ လိုင်း ဖုံးကွန်တက် သတင်းတွေ အရ တစ်စွန်းတစ်စတော့ ကြားလာနေရသလို ရန်ကုန်မြို့ ကြီးရဲ့  ကောင်းကင်မှာလည်း အနီရောင်ပျိုးစ ပြုလာတာကို လူတွေ သတိတော့ ထားမိနေပါတယ်...ဒါပေမယ့်  ည အမှောင်ထုထဲတိုးဝင်သွားတဲ့  ည ၇နာရီစွန်းစွန်းကနေ ညကြီး ၉နာရီ ၁၀နာရီလောက်အထိ က အဲ့ ကောင်းကင်ကြီး နီရောင် သန်းနေတာလောက်က လွဲလို့  ထူးခြား လက္ခဏာတွေ မပြသေးပါဘူး..


 ကိုယ့် အရပ် ပတ်ဝန်းကျင်ရဲ့  အပူအအေး သဘောမှတော့  နေသာထိုင်သာလေး ဖြစ်နေတဲ့  အနေအထားဖြစ်ပြီး အရပ်ထဲကလူတွေက အိမ်ရှေ့ တွေမှာထွက်ရပ် လမ်းသားတွေနဲ့  အာလာပ သာလာပတွေပြော ရင်း အဲ့ ကောင်းကင်နီကိုပဲ  တမော့ ကြည့် ကြည့် နဲ့ ပေါ့ ..

ဘယ်တော့ များ မုန်တိုင်း လာမှာပါလိမ့် ပေါ့ ....ဖုန်းသတင်းတစ်ချို့ ကတော့  ဘယ်နေရာကို ဘယ်မြို့ ကိုတော့  မုန်တိုင်းဝင်နေပြီ ဖဲ့ နေပြီဆိုတဲ့  သတင်းတွေကတော့  ကုန်သည်တွေများတဲ့ အရပ်မို့  ကြားနေရာပါပြီး...


( သတင်းလိုလို အတင်းလိုလို ကြားနေရတာမျိုး)...ရန်ကုန်မြို့ ကြီးပေါ်ကို ည ၁၁နာရီလောက်ပဲ လာတော့ မလိုလို သန်းခေါင်ကျော်မှရောက်မှာလိုလိုတွေလည်း မှန်းပြောနေတာမျိုးတွေပါပါတယ်...
အများစုကတော့  အဲ့ နာဂစ် ဆိုတာကြီးကို မလာပါစေနဲ့ လို့ 
ဆုတောင်းနေသလိုလို  တကယ်ကြောက်နေသလိုလို နဲ့  တကယ်တော့  ကြောက်နေပုံ မရပဲ မလာမှာတောင် စိုးရိမ်နေသလိုလို မကြုံဘူးလိုက်မှာ စိုးနေသလိုလို သတင်းသဘော အတင်းသဘော စကားပြောစရာ ခွင်တစ်ခုခုလိုဖြစ်နေတာမျိုးလို့  မှန်းဆလို့ ရနေပါတယ် အတော်များများက သောက မျက်နှာထက် ရယ်ကျဲကျဲတွေနဲ့ အေးဆေးသဘော ဖြစ်နေတာမျိုးပေါ့ လေ...

အဲ့ နာဂစ်ည မိုးမချုပ်ခင် နေ့ လည်ပိုင်းကနေ ညနေစောင်း အထိကြားမှာတော့  ရန်ကုန်မြို့ ကြီးကတော့  တစ်ချို့  ရုံးတွေက ကုမ္ပဏီတွေက သူတို့ ရုံးသားတွေ ၀န်ထမ်းတွေကို စောဆင်းပေးလိုက်တာမျိုး တစ်ချို့ ဈေးဆိုင်တွေ စားသောက်ဆိုင်တွေ လမ်းဘေးဈေးသည်တွေ စောစော ပိတ်လိုက်တာ တစ်ချို့ တွေ အိမ်ကိုစောစောပြန်ကုန်ကြတာမျိုး ရှိခဲ့ လို့  ညနေစောင်းတော့  ရန်ကုန်မြို့ ကြီးက အရင်ညတွေလို မဟုတ်တော့ ပဲခြောက်ကပ်ကပ်ကြီးတော့  ဖြစ်သွားပါတယ် တစ်ချို့ လိုင်းကားတွေပါ စောစောသိမ်းကုန်တာကြောင်း ကားသွား ကားလာတောင် အတော်နဲသွားတဲ့ သဘောရှိခဲ့ ပါတယ်ဗျား.။
========================================================


နာဂစ်ည (၂)
----
နာဂစ်က ရန်ကုန်လာမလိုလို အဖျားလောက်ပဲ ခတ်မလိုလိုနဲ့ မရေမရာ သတင်းတွေက ပျံ့ နေတော့  အိမ်ကအုပ်ရေကန်ထဲစောစောစီးစီးရေအပြည့် တွေဖြည့် ထား အိမ်ကရှိသမျှ တိုင်ကီနဲ့ ရေပုံးလေးတွေ ဒန်အိုးဒန်ခွက် ဒန်ခွက်လေးတွေ ပါမကျန် ရေဖြေည့် ထားလိုက်တယ်ပေါ့ လေ၊

 မီးက ပျက်သွားတာနဲ့ ရေက ခက်တတ်ပြီဆိုတော့ လေ၊ အဲ့ ဒါနဲ့  နာဂစ်သတင်းတွေကို နားထောင် မုန်တိုင်းကိုမျှော်ရင်ည၁၁နာရီစွန်းစွန်းကျတော့  လေပြင်းလေးတွေစလာပါရောဗျာ...

အဲ့ အချိန်ကောင်းကင်နီနေတာကို ပို နီလာတယ်..၊ ညနက်လာလို့  လမ်းသားတွေလည်း ကိုယ့် အိမ်ထဲကိုယ်ဝင်နေ တစ်ချို့ အိမ်တွေ အိပ်ယာဝင်နေကြပြီပေါ့ ၊ ကျနော်တို့ ကတော့ မုန်တိုင်းကို ထိုင်စောင့် ရင် အိမ်ထဲဝင်လိုက် အိမ်ရှေ့ ထွက်စပ်စုလိုက်နဲ့ ပေါ့ လေ..ဒီလိုနဲ့  သန်းခေါင်ယံကျော် စွန်းလာတဲ့ အခါမှာတော့ ............

လေနီကြမ်းက စပြင်းလာတယ် လမ်းပေါ်က အမှိုက်တွေ သဲတွေ ဖုံတွေ ဆိုတာ လေနဲ့ စလွင့် လာတော့ တယ်...ပတ်ဝန်းကျင်ကလည်း အအေးဓာတ်က သိသိသာသာ လွှမ်းမိုးလာတော့တယ်..၊

 လေနီကြမ်းတွေက ရှေ့ ပြေးလို ခပ်ပျင်းပျင်းလေး တိုက်လာနေရင်းက လူ့ အသားကိုထိရင် စပ်ဖျင်းဖျင်းလေ ခံစားရတဲ့  မိုးရေစက်တွေက ခပ်ပါးပါးလေး လိုက်လာတော့ တယ်
လေကြမ်းနေလို့  မိုးက သည်းသည်းမဲမဲ ရွာချလိုက်တာမျိုးတော့ 
မလာသေးဘူးပေါ့ လေ..၊ နောက်တော့  လေရောမိုးပါ ခပ်ပြင်းပြင်းလေး
တိုးတိုးပြီး လာတော့ တယ် အဲ့ အချိန် မှာ ည ၁နာရီ နားနီးလာခဲ့ ပြီ...အဲ့ လို လေရောမိုးပါ ပြင်းထန်းလာချိန်မှာပဲ မီးက ဖြတ်ကနဲ ပျက်သွားပါရောဗျာ..

အဲ့ ကာလတစ်ဝိုက်မှာကို မီးက အပျက်စိတ်လို့  အိမ်မှာ ဘက်ထရီအိုး အကြီးနဲ့  မီးစက်က အဆင့် သင့် ဆောင်ထားတာ လက် မီးသီးအိမ်လေးတွေ ဆောင်ထားတာရှီနေတာကြောင့်  မီးပျက်ပေမယ့်  ရိုးနေတဲ့ ဖြစ်စဉ် သဘောမို့  မုန်တိုင်းလာနေတာလောက် စိတ်မ၀င်စားပါဘူး မုန်တိုင်းက ဘယ်လောက်ပြင်းထန်မှာလဲသာ စိတ်ဝင်စားနေတာမျိုးညပေါ့ လေ..၊ နောက်မကြာပါဘူး မုန်တိုင်းဆိုတာဒါပဲဟေ့  မှတ်ထားကြလို့ ဆိုသလိုပါပဲ.ပြင်းထန်တဲ့ လေတိုက်နှုံးနဲ့ အတူ တစ်ညလုံး မုန်တိုင်း ကစ်ပါလေရောဗျာ......

မြွေတွန်သံလို အသံစူးစူးတွေရော တဝေါဝေါနဲ့ မိုးစက်ကြီးတွေက တိုက်ခေါင်မိုးတွေအပေါ် အသံပြင်းပြင်းနဲ့ ထိခတ်သံတွေ နဲ့ အတူ မုန်တိုင်းတကယ်တိုက်ပြီဆိုတော့  အဲ့ အချိန်မှာ မုန်တိုင်းကို မြင်ဖူးချင်လို့  အိမ်ရှေ့ ဘာဂျာတစ်ခါးလေးကကအသာဟပြီး ခေါင်းပြူကြည့် ကြတော့ တာပေါ့ လေ..၊

အဲ့ လို ပတ်ဝန်းကျင်ကို ဘယ်ကြည့် လိုက်ညာကြည့် လိုက်နဲ့ ခေါင်းပြူကြည့် လိုက်ချိန်မှာပဲ ဘယ်ကလွင့် လာမှန်းမသိတဲ့  ခေါင်မိုးသွပ်ပြားချပ်ကြီးတွေ သွပ်ပြားအလိမ်အတွန့် တွေ တစ်ချပ်ပြီးတစ်ချပ် ကောင်းကင်က ကျလိုက်လိုက်...တိုက်အမြင့် တွေက ပြူတင်းပေါက် ရွက်တွေ လေကြောင်း အုပ်နံရံကို တဗျန်းဗျန်းရိုက်လို့  မှန်တွေ တချွမ်ချွမ်နဲ့  ကွဲကျသံတွေ ဆိုတာ အကျယ်ကြီးကြားလာရတော့ တာပါပဲ .. တစ်ချို့ အိမ်တွေက အလန့် တကြား လူအော်သံတွေပါ ကြားလာရပြီး အဲ့ အချိန်ဟာ ညတစ်နာရီကျော်ခဲ့ လို့ ၂ နာရီလောက်ဖြစ်လာခဲ့ ပြီ...

မရဲတရဲနဲ့  တိုက်ခေါင်မိုးပေါ်တွေ မျှော်ကြည့် လိုက်တော့  ၈ ပေစလောင်းတွေ အတော်များများက ဂုတ်ကျိုးကျကုန်တာ ဟိုဖက်ဒီဖက် လည်ထွက်ကုန်တာတွေပါ မြင်နေရပြီ...လမ်းလယ်ထွက် လူမ တ်တတ်ရပ်နေရခက်လောက်အောင် သိပ်ပြင်းထန်တဲ့ လေကို အတိုက်ခံကြည့် လိုက်သေးပေမယ့်  ကြာကြာမရပ်ရဲတော့ဘူး လေနဲ့ အတူလွင့် ပါလာတဲ့  အမှိုက်တွေ သွပ်ပြား အကျိုးအပဲ့  အပိုင်းအစတွေက လေနဲ့ အတူ ၀ဲပါလာတာ မြင်နေရလို့  အဆင်မသင့် ရင် လည်ပင်းပြတ်သွားနိုင်တယ် ဓါတ်ကြိုးတွေ ပြတ်ကျလာရင် ဒုက္ခရောက်နိုင်တယ်လို့ တွေးပြီး ဖြုံလာတာနဲ့  ကိုယ့် အခန်းဝလေးက သစ်ပင်ပန်းပင်လေးတွေကြား ပြန်ကွယ်ရပ်နေလိုက်ရတော့တယ်.( ဓါတ်ကြိုးတွေက ကြိုးအချင်းချင်း တဖြန်းဖြန်း လွှဲရိုက်နေချက်က အတော်ကြောက်စရာကောင်းတဲ့  မြင်ကွင်းမျိုးပါ မီးပျက်နေပေမယ့်  လျပ်စစ်စီးနေမနေ မသိဘူးလေ...

..မုန်တိုင်းလာနေပုံ လေက အရမ်းပြင်းထန်နေချိန်မှာ မိုးစက်တွေက သိပ်များများ ကျမလာတတ်ပဲ လေနဲနဲ ငြိမ်ကျသွားချိန်မျိုးမှာမှ မိုးရေတွေ ခပ်များများကျလာတာမျိုးပဲ၊ တစ်မြို့ လုံးလိုလို မီးပျက်သွားပေ မယ့်  ကောင်းကင်နီကြီးရဲ့  အလင်းက အတော်လေး အလင်းရောင်ရနေလို့  ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ အတော် ထင်ထင်လင်းလင်းကြီးမြင်နေရတယ်..

.လေ အတိုက်ဆုံး အချိန်ဟာ ည ၁ နာရီလောက်ကနေ မနက်ကြီး ၅ နာရီလောက်အထိကို အလွန်ပြင်းထန်တဲ့  နှုံးနဲ့ တိုက်နေတာမျိုး ဖြစ်ပြီး ကြားအချိန် မနက် ၃နာရီလောက်မှာ ခဏ လေငြိမ်သွားသေးတယ်

နောက်တော့် လေတွေပြန် တိုက်လာချက်က မနက် ၅နာရီလောက်အထိ ပြင်းထန်ပြီး နောက်ကြတော့  လေနဲ့အတူ မိုးကောင်းလာချက်က မနက် ၆နာရီကျော်လို့  ၇နာရီလောက်အထိကို  ပြင်းထန်ခဲ့ တယ်ပေါ့ လေ..ပြီးတော့ မုန်တိုင်း လေကြမ်းတိုက်ပုံက ပထမပိုင်း တစ်ဖက်က တိုက်နေပြီးနောက်ပိုင်း နောက်တစ်ဖက်က ပြန်ကွေ့ လာတိုက်နေသလိုမျိုးလည်း ကိုယ့် အရပ်မှာ အတိုက်ခံခဲ့ ရတာမျိုးပါပဲ ဘယ်က တိုက်လာလိုက် ညာက ပြန်တိုက်လာလိုက်ပေါ့ 

နေ့ အလင်းရောင်လေး ရစပြုလာတဲ့  မနက် ၅ခွဲ ၆နာရီစွန်းလောက်မှာ လေရော မိုးရော သည်းထန်နေတဲ့ ကြားက လမ်းထိပ်လမ်းမကြီးအပေါ်စွန့် စား ပြီး ထွက်ကြည့် လိုက်ချိန်မှာတော့  လမ်းမကြီးဘေးက သစ်ပင်ကြီးတွေ လမ်းမတွေအပေါ် ပြိုလဲနေတာ လမ်းမှာ သစ်ရွက်ကြွေတွေ စလောင်းတွေ အမှိုက်တွေ ပျံ့ ကျဲပြီး လေနဲ့ အတူရွေ့ နေတာတွေ အများကြီးတွေ့ လိုက်ရတယ် အဲ့ အချိန်က မြင်ကွင်းဟာ ရန်ကုန်မြို့ ကြီးဟာ နေ့ ချင်းညချင်းမြို့ ပျက်ကြီး လို မြို့ နဲ့  အတော်တူနေတာပါပဲ

မီးလိုင်းတွေတင်မက ဖုန်းလိုင်းတွေပါ အကုန်အောက်ကုန်လို့  အဆက်အသွယ်တွေပါ ပြတ်တောက်ကုန် လို့  ဘယ်နေရာဘာဖြစ်ကုန်ပြီလဲဆိုတာပါ သတင်းအဆက်ပြန်ကုန်ပြီပေါ့ လေ.. လမ်းထဲက ညအိပ်ရပ်ထားခဲ့ တာကဲ့ တစ်ချို့  သွပ်ပြားစာတွေ မိပြီး ရှေ့ လေကာမှန် နောက်လေကာမှန် ကားအမိုးတွေ ကွဲ ရွဲကုန်တာ မြင်နေရပြီ....သူများ စလောင်းတွေ အတော်များများ ပြိုလဲ ဖယိုဖရဲတွေ ဖြစ်ကုန်လို့  ကိုယ့် တိုက်ခေါင်မိုးပေါ်က စလောင်းရွက်လေး ရှိမှရှိသေးရဲ့ လားလို့  မော့ ကြည့် တော့  စလောင်းရွက်လေးက အိနြေ္ဒမပျက်သေးတာတွေ့ လိုက်ရတော့  မဆိုးဘူး ခံနိုင်နေသေးသားပဲပေါ့ လေ...

ကံကောင်းတာက ကိုယ့် လမ်းရဲ့ ထိပ်မှာ မိုးမျှော်တိုက်ကြီးက ပိတ်ခံနေသလို ဖြစ်နေလို့  လေကွယ်သလို ဖြစ်နေတာနဲ့ သူများ လမ်းတွေလောက်တော့ အဖြစ်မဆိုးဘူးပေါ့ လေ...ဒါပေမယ့်  အတော့် ကိုတော့  ဖြုံစရာကောင်းတဲ့  နာဂစ်ညတော့  ဖြစ်သွားပါတယ်ပေါ့ လေ...ကိုယ့် အရပ်က တိုက်အိမ်တွေမို့  တိုက်ပြိုကျမှာမျိုးတော့  တွေးပြီး စိတ်မပူမိခဲ့ ပါဘူး မသကာ ခေါင်မိုးသွပ်ပြား တစ်ချပ် နှစ်ချပ်လောက် လန်ယုံပေါ့ လောက်ပဲ ကြိုတွေးထားလိုက်တာပါပဲ တကယ်ကြတော့  တိုက်အမြင့် တွေ ကွယ်နေလို့ လားတော့ မသိ ကိုယ့် တိုက် ခေါင်းမိုးသွပ်ပြားတွေ တစ်ချပ်မှ မလန်သွားခဲ့ လို့  အေးဆေးပေါ့ လေ..။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..