Powered By Blogger

Sunday, May 31, 2015

သို့ ဆိုပါလျင်..


သို့ ဆိုပါလျင်..
----
အရှေ့ အနောက် အယူတွေအတော် များများမှာ တစ်ချိန်ချိန်မှာ..ကမ္ဘာဟာ ပိုကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာမှာထက်

ပျက်ခြင်းသဘောနဲ့အဆုံးသတ်မယ့် ကမ္ဘာကြီး အဖြစ်ဆိုကြတဲ့ သဘောချည်းများတယ်..

ဒီသဘောသာမှန်ရင် ကမ္ဘာပျက်ဖို့ အတွက် အဖျက်သဘောတွေက ပိုအင်အားကောင်းလာဖို့ လိုလိမ့် မယ်..

အဖျက်သဘောတွေ အင်အားကောင်းလာတဲ့ အခါ အပြုသဘောတွေက တစ်စတစ်စ နောက်ဆုတ်ပေးရရင်း နောက်ဆုံးမှာ....
.
..သို့ ဆိုပါလျင်..

အပြုသဘောတွေ ကွယ်ပျောက်လို့  အဖျက်သဘောတွေ အင်အားကြီးလာမှု့ ကြောင့်  ကမ္ဘာပျက်ခါနီးလာချိန်မှာ

အထွတ်အထိပ်ရောက်လာတဲ့  လူ့ ဒေါသတရားရဲ့ ပါဝါကြောင့်  သာမန်အားဖြင့် ပျော့ ပြောင်းလှတဲ့ မြက်တစ်ပင်တောင်

လူ့ ရဲ့ လက်ထဲမှာ မာကျော ထက်မြက်လှတဲ့ လူသတ်လက်နက် ဓားတစ်ချောင်းဖြစ်သွားလိမ့် မယ်လို့ ဆိုတယ်...

အတွေးစတစ်ချို သာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..