Powered By Blogger

Sunday, May 31, 2015

ရှမ်တိမ်ကံ....

ရှမ်တိမ်ကံ....
---
တစ်ခါတစ်လေ လာတွက်တဲ့ ဘဲကြီးက တတ်သမျှမှတ်သမျှ တွက်ရိုးအရတော့ ဂွတ်နေသားပဲ ပုံမှန်ဆို မြွေဖမ်းနေရလောက်အောင် ပရော်ဘလမ်ကြီးကြီးမားမား မတွေ့ ရတတ်ပါဘူး...ဒါပေမယ့်  တကယ်တမ်းဖြစ်နေတာ ဒီနှစ်ထဲ လုပ်ရကိုင်ရတာ ဘူနေချက်က ကျားမြီးသာပြေးဆွဲလိုက်ချင်သတဲ့ ...အင်းး...ဧကန္တဆိုပြီး.... သူ့ ကြင်ယာတော် မဒီကညာကို ကံလေးကို တွက်စစ်ကြည့် လိုက်တော့ မှ သူ့ အမျိုးသမီးက မြွေအကောင်၂၀လောက် ၀ိုင်းကိုက်နေတဲ့ ကံဖြစ်နေတယ်...

လင်နဲ့ မယားမှာ လင်က ကံမဆိုးလှပေမယ့်  လင့် လုပ်စာမှီစားရမယ့်  မိန်းမကံက မြွေဖမ်းနေရင်လည်း လင့် ခမျာ ရှာလို့ ဖွေလို့ က မကောင်း...ဘာကြောင့် မကောင်းဆို လင်က အရှာကောင်းလေ မိန်းမဆေးဖိုးဖြစ်သွားလေသဘောဖြစ်လာတတ်လို့ ပဲ..ပြီးတော့  မိန်းမကံက ခွင်သာမကောင်းတာ မသေထိုက်သေးဆိုတော့ လင့် ခမျာ ကံသာနေရဲ့ သားနဲ့ အလွဲလွဲတွေဖြစ် ဖတ်သီဖတ်သီ....အဲ့ လိုမျိုးတွေ ခဏခဏကြုံရတော့  လင်ကို သူ့ မူရင်း ကံသာတဲ့ အတိုင်းပြန်ရဖို့ အကြံအဖန် တွေတင်မကဘူး.မမေးတဲ့  သူ့ မိန်းမ အတွက်ပါ အကာအကွယ် အကြံအဖန်တွေ ထည့် ပေးလိုက်ရတယ်..လင်နဲ့ မယား ကံချိတ်ဆက်ဆိုတာ ဒီသဘောပေါ့ ဗျာ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..