Powered By Blogger
Sunday, May 31, 2015
ပြိုင်ဆင်းကံ
ပြိုင်ဆင်းကံ
----
သိပ်မကြာခင်ကပဲဆိုပါတော့  .လမ်း ဟိုဖက်ထိပ်က လမ်းသားချင်းချင် အမျိုးသမီးတစ်ယောက် ၀င်လာတယ်..အဲ့အမျိုးသမီးက တစ်ခါလာဖူးတာတော့ သိတယ်..သူ့ အမျိုးသား ဆုံးသွားတယ်ဆိုတာလဲ သိထားပြီးသား..၊ ၀င်လာပြီးတော့  သူ့ အိပ်ကလေးကို ဖွင့် ပြီး..စာရွက်ကလေးတစ်ရွက်ထုတ်လိုက်ပြီး ကျနော့် ကို လှမ်းပြရင်း.ဆြာပြောလိုက်တာ သတိရလို့ ပြန်ရှာတာ အံဆွဲထဲက ပြန်တွေ့ လို့ ပြန်ဖတ်ကြည့် တာ အဲ့ ထဲမှာ သူ့ အမျိုးသား အသက်အန္တရာယ် သတိထားဆိုတာပါနေရဲ့ သားနဲ့  ကျမ ညံ့ တာဆြာတဲ့ ..၊ပြီးတော့  အငှင့် အငှင့် ဖြစ်ပါလေရောဗျာ..
.၊ကျနော်လည်း ဘာပြောရမှန်း မသိတာနဲ့ ငုတ်တုတ်ထိုင်ကြည့် နေလိုက်ရတယ်၊..ခက်တာက ကျနော်က ပြောပြီး မေ့ပစ်လိုက်တာ များတော့  သူ့ လူကို ဘာပြောခဲ့ မိမှန်းကို မမှတ်မိတော့ ဘူးဖြစ်နေတာ..အဲ့ ဒါနဲ့ ဘာပြောခဲ့ မိလို့ လဲလို့  သူ့ ပြန်မေးယူရတယ်...အဲ့ တော့ မှသူက ကျမအမျိုးသား က ကြာသာပတေးသားလေ အသက် ၅၆ရောက်ရင်ကျမ္မာရေးသတိထား သေးသေးလေးကနေ အသက်အထိ ထိခိုက်တတ်တယ်လို့ ပြောခဲ့ တာလေ..အဲ့ တုန်းက ကျမအမျိုးသားက သွေးတိုးလေးရှိတာကလွဲလို့ အကောင်းကြီးဆိုတော့  သတိမထားခဲ့ မိဘူးဖြစ်သွားတာဆြာတဲ့ ...
အဲ့ လို သူက အစပြန်ဖေါ်ပေးလိုက်တော့ မှ သူ့ လူက တက္ကစီဆရာ  ၄လွှာမှာနေတဲ့ လင်မယား လူက ၀တယ် လာတွက်တုန်းက အသက် ၅၆ စနေဂြိုလ်ကိုဝင်တာ၃လလောက်ရှိပြီ   သူ့ မိန်းမက ဗုဒ္ဓဟူး သူကလည်း သူ့ လူထက် လကြီးမို့  ၅၆ထဲကြိုရောက်နှင့် နေပြီသား ဆိုတာတွေ တန်းစီမှတ်မိသွားပြီး အဲတုန်းက  ၂ ယောက်ထဲက တစ်ယောက်ယောက်တော့ ဆေးရုံ စော်နံနေပြီ အမျိုးသားက ပိုနီးစပ်တယ်လို့ ပြောခဲ့ မိတာ ပြန်သတိရသွားတယ်..သေမယ်လို့ တော့ မပြောခဲ့ ပါဘူး..သေမယ်လည်း မထင်မိပါဘူး လူက အလတ်ကြီးဆိုတော့ လေ...ခုတော့  သူပြောမှ ဆြာပေါက်တူဖြစ်နေပြီ...(အင်းပေါ့ လေ.ကံ ဆိုတာ ဘာညာနဲ့  စာအုပ်ထဲက စာတွေပြန်ရွတ်ပြရင်း အခုဘာကူညီပေးရဦးမလဲဆိုတော့  မယ်မယ်ရရ ဘာကိစ္စမှ မပါဘူး  စာထဲမှာပါနေရဲ့ သားနဲ့ ဆိုပြီး အဲ့ လိုတွေ လျှောက်တွေးပြီး သူ့ ကိုယ်သူ တာဝန်မကင်းသလို ငုတ်နေလို့  ရသေ့ စိတ်ဖြေလာခဲ့ တဲ့ သဘောမျိုး...)
အမှန်တော့  ဘယ်ကြာသာပတေးဖြစ်ဖြစ် ၅၆ ဖြတ်သွားတာချည်းပါပဲ..ဖြတ်တဲ့ သူတိုင်း မသေတတ်ပါဘူး ''''သေမယ့် သူမို့ သာ အကြောင်းတစ်ခုခု ကြံဖန် ဆိုက်ရောက်လာပြီး သေတာမျိုးပါပဲ.''' သက်တမ်းရင့် ဆီးချိုသွေးတိုးတွေရှိထားပြီးရင်  သာမန်သဘောထက် သေလွယ်ပျက်လွယ် ဖြစ်တာ နီးစပ်တဲ့  အသက်ပိုင်းမို့ ကြုံသမျှ ကြာသာပတေး ၅၆ ဖြတ်ရင် ကျမ္မာရေး သတိထားလို့ သာ ထုံးစံအတိုင်း ပြောလွှတ်လိုက်တာ..အခုဖြစ်ပုံပြန်မေးကြည့် တော့  ကားဆွဲအပြန် နွေဦးအ၀င်မှာ နေ့ ၁၂နာရီကျော်လောက် တိုက်ခေါင်မိုးပေါ် အင်တာနာ တက်ချိန်ပြီး ပြန်အဆင်း မူးတယ်မူးတယ် ဆိုပြီး ပွဲသိမ်းသွားတာတဲ့  နေပြင်းပြင်း နဲ့ သွေးစောင့် တိုးနဲ့ ပွဲသိမ်းသွားတာမျိုး၊ သတိထားမိတာတော့  လင်မယားတွေမှာ ၂ယောက်စလုံးရဲ့ သက်ရောက်က '''ဓမ္မာသောကကိန်း'' သဘောတွေ ပြိုင်တူဖြတ်ရင် မထင်မှတ်ပဲ အဲ့ လို သေကွဲရှင်ကွဲတွေ ဖြစ်လွယ်လွန်းတာတော့ တွေ့ ခဲ့ တာများတာပါပဲ...(ကြာသာပတေးသားက စနေကို ဓမ္မာ အတွင်းရန်နဲ့ ဖြတ်တာ မိန်းမ ဗုဒ္ဓဟူးသမီးက အင်္ဂါကို ရာဇာ အတွင်းရန်ကိန်းနဲ့ ဖြတ်တာ)
အိမ်ထောင်သည်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ကံတူအကျိုးပေးချိတ်ဆက်နေတာ...ဒီတော့  တစ်ယောက်ချင်းကံကြောင့် ဖြစ်ပျက်နေတာတွေရော နှစ်ယောက်ပေါင်းဖြစ်လာတဲ့ ကံတွေသဘောပါရှိနေတာ အဲ့ တော့ လင်မယားတွေမှာ ကံစတိုင် ၂မျိုးတွေ့ လာရတယ် ပြိုင်တက်ပြိုင်ဆင်း လင်မယားနဲ့  တစ်ယောက်ဆင်းတစ်ယောက်တက် လင်မယားစတိုင်ပေါ့  ကံပြိုင်တူတက်သွားရင် ထောတာမြန်တတ်ပြီး လူမြင်တယ်ပေါ့ ..ပြိုင်တူကျရာင် တောင်မင်းမြောက်မင်းမကယ်နိုင် ၀ရုန်းသုန်းကားကျပေါ ..တစ်ယောက်ကံတက် တစ်ယောက်ဆင်း တွေကျတော့  ၀ုန်းကနဲတော့ မတက်တတ်
မှန်မှန်တော့ တက်နေ၊ ဗ၇ုတ်သုတ်ခဖြစ်အောင်လည်း ပြုတ်မကျလွယ်သဘော...တစ်ယောက်ကံနဲ့ တစ်ယောက်ကံ ထိမ်းထားတယ်ပေါ့ .
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..