'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Sunday, May 31, 2015
အကြောင်းအကျိုးသဘော နဲ့ သိနိုင်စွမ်း အကန့် အသတ်ရှိတဲ့ ဗေဒင်.
အကြောင်းအကျိုးသဘော နဲ့ သိနိုင်စွမ်း အကန့် အသတ်ရှိတဲ့ ဗေဒင်.
------------
ကမ္ဘာ့ သမိုင်းကို သုံးသပ်တဲ့  ကမ္ဘာစစ်တွေဖြစ်ရခြင်း အကြောင်းမှာ စစ်ဖြစ်ရခြင်းအကြောင်းကို ဝေးသောအကြောင်းနဲ့ နီးသော အကြောင်းဆိုပြီး ၂ မျိုးခွဲထုတ်လို့ ရတယ်...ဝေးသော အကြောင်း သဘောအဖြစ်က စစ်ဖြစ်လာဖို့  အခြေခံအကြောင်းတွေဆိုပြီး ပင်မအကြောင်းကြီး ၄ ကြောင်းနဲ့ ပြတယ်.အရှုံးသမားကိုလှုပ်မရအောင် စာချုပ် နဲ့ ဝိုင်း ပိတ်ဆို့ ခံထားရတာ ဒါကို တင်းလာတော့  စာချုပ်ကို ဖေါက်ဖျက်စပြလာတာ လူတွေဆင်းရဲလာတာ စသဖြင့် အထွေထွေကျပ်တည်းလာနေတာမျိုးက နှစ်တွေအကြာကြီးဖြစ်လာနေတဲ့ အကြောင်းရင်းကြီးတွေ..အဲ့ အကြောင်းရင်းတွေကြောင့်  ဒေါသတွေအမြင့် ဆုံးရောက်နေချိန်မှာ မင်းသားတစ်ယောက် ဂန်းလျှော့ အလုပ်ခံလိုက်ရတာကို အကြောင်းပြချက်လုပ်ပြီး ချက်ချင်းရာဇသံတွေထပေးပြီး စစ်ထတိုက်ကြတော့ တာက နီးသော အကြောင်းသဘောပေါ့ ...ဒါကို စစ်ဖြစ်ရခြင်းလတ်တလောအကြောင်းကြီးလို့  သုံးနှုံးကြတယ်...
''ထမင်း ''ဆိုတဲ့ စားစရာတစ်ခုဟာ လူ့ ဘော်ဒီအတွက် အင်အားဖြစ်စေတဲ့ ပင်မအစာကြီး တစ်ခုအဖြစ် ထင်ရှားတဲ့ အကျိုးတရားကြီး ဖြစ်လာဖို့ မှာ နောက်ကွယ်က အကြောင်းတရားက အများကြီး..ထမင်းဖြစ်ဖို့  ဆန်+ရေ+အိုး+မီး+ ချက်ပေးမယ့် လူ ချက်ရမယ့် နေရာဆိုတဲ့  အကြောင်းတရားတွေရှိနေတာ...အဲ့ ဒါတွေရဲ့ တစ်မည်ချင်း နောက်မှာလည်း နောက်ထပ်အကြောင်းတရားတွေက အများကြီးဝင်ပတ် သက်နေရတာ..ဆိုပါတော့  ဆန်ဖြစ်လာဖို့ အတွက် မျိုးစေ့  မြေ ရေ လေ ရာသီဥတု စိုက်မယ့် သူ ထွန်မယ့် သူ နောက်....အများကြီးပဲ ဆက်လိုက်ရင် ကမ္ဘာဦးအထိ ရောက်သွားနိုင်တယ်..သဘောက ထမင်းစားရင်းအားရှိတယ်လို့  လွယ်ကူအောင်သာ တစ်ကြောင်းဆွဲ ပြောချလိုက်ရတယ် အဲ့ ထမင်း ဖြစ်လာဖို့ ဆိုတာ အကြောင်းတွေအများကြီး တိုက်ဆိုင်ညီညွတ်မှာသဘော...
စနေဂြိုလ်ဆိုတဲ့ အကွက်ကြီးနေရာ ဖြတ်ချိန်မှာ တစ်ခြားဂြိုလ်တွေမှာဖြတ်သန်းသွားတုန်းကထက် အမှု့ ဖြစ်လွယ်တတ်ကြတာ ခြူခြာလွယ်ကြတာ ကွိုင်တွေ တက်တတ်ကြတာများလို့  စနေဂြိုလ် သက်ရောက်ဆိုရင် သတိနဲနဲပိုထားလို့လွယ်ကူအောင်ပြောတာသာဖြစ်ပြီး တကယ့် အတွင်းသဘောကတော့  မကောင်းမှု့ တွေ ဖြစ်ဖို့ ဆိုတာ စနေဂြိုလ်မရောက်ခင် အဝေးကြီးကတည်းက အကြောင်းအစအနလေးတွေ တစ်စတစ်စ စုစည်းနေခဲ့ ပြီးမှ စနေဂြိုလ်ဆိုတဲ့ နေရာလေးရောက်မှ ဓတ်ဆီမှောင်ခိုရောင်းနေတဲ့ နေရာအနား ဖယောင်းတိုင်ထွန်းဖို့  မီးခြစ်သွားခြစ်မိသလို မျိုး အကြောင်းတစ်ခုခုဖြတ်ခနဲဝင်ချလာပြီး မကောင်းမှု့ ကြုံဖို့ အကြောင်းတရားပြည့် စုံသွားပြီး ထကွိုင်တော့ တာမျိုးပဲ..အကောင်းစကားလုံးအရဆိုရင် နောက်ဆုံးဘ၀ သိဒ္ဓတ္ထမင်းသားဘ၀ဆိုတာဟာ လတ်တလောအကြောင်း နီးသောအကြောင်းလို့ ဆိုရင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့် ခဲ့ ခြင်းကာလဆိုတဲ့ အကြောင်းဟာ သိဒ္ဓတ္ထမင်းသားဘ၀ကနေ ဘုရားအဖြစ်ပွင့် တော်မူဖို့  ဝေးသောအကြောင်း သဘော။
.ဒီတော့  ဒါကြောင့်  ဒါဖြစ်တယ်ဆိုတာ နီးသောအကြောင်းကို မှတ်ရလွယ်အောင် ပြောတာမျိုးသာဖြစ်ပြီး ဒါဖြစ်ဖို့  နောက်ကွယ်ကဝေးသော အကြောင်းတွေက အများကြီး နဲ့ အရင်ကတည်းက အပျိုးတွေ စုစည်းထား ရှိခဲ့ ပြီးသားပါလို့ မြင်လို့ ရတယ်ပေါ့ ..သဘောက စနေဂြိုလ်မှာ အရပ်မျက်နှာထောင် ရွေးမှု့  ခရီးသွား မှားလို့ ကွိုင်တက်တယ်ဆိုတာ နီးသော အကြောင်းသဘောဖြစ်ပြီး အဲ့ ခရီးသွားဖို့ အတွက်လိုအပ်တဲ့  အခြေအနေတွေက နောက်ကွယ်မှာ နဂိုထဲက ဝေးသော အကြောင်းတွေအများကြီး အဖြစ် ရှိနေပြီးသားသဘော..
ဒီတော့  တစ်ခုခုဆို တစ်ကြောင်းဆွဲသဘော ဒါကြောင့် ဒါဖြစ်တယ်ဆိုတာ စနေဂြိုလ်ထဲရောက်လို့ အမှု့ ဖြစ်တယ်ဆိုတာ အဖြစ်များတဲ့ နေရာကို မှတ်ရလွယ်အောင် အမည်တစ်ခုခုအဖြစ် ယေဘူယျသဘော စကားအဖြစ်ပြောလိုက်တာလောက်ပါပဲလို့ ယူထားလိုက်တော့ တာမျိုးပေါ့ ဗျာ...
နောက်တစ်ချက်က လောကီပညာတွေရဲ့ အသုံးချ သဘောရဲ့ အကန့် အသတ်ရှိပုံက လျို့ ဝှက်လွန်းပြီး ကျယ်ပြန့် လွန်းတဲ့  ကံသတ္တိအကျိုးပေးပုံတွေကို လူ့  ဥာဏ်နဲ့ လေ့လာ စောင်ကြည့် အကဲဖြတ် မှတ်သားခဲ့ ရင်း ချိန်ဆယူရတဲ့  သဘောသာဖြစ်လို့  သံသရာအဆက်ဆက် ပြုမူခဲ့ တဲ့  ကုသိုလ်အကုသိုလ်တွေရဲ့ အကျိုသက်ရောက်ပုံတွေကို ခန့် မှန်းရခက်လောက်အောင် ရှုတ်ထွေးလှတဲ့  ကံသတ္တိ အကျိုးသက်ရောက်ပုံ စတိုင်မျိုးစုံကိုတော့ ကျော်ပြောလို့ မရဘူးဆိုတာ မြင်သာတာက ......
ဆိုပါတော့  လေယာဉ်တွေ ပျက်ကျတိုင်း သေသွားတာ လူရာချီပါတယ် ဟီရိုရှီးမားနဲ့ နဂါစကီ ၂ မြို့ အနုမြူဗုံးကျဲချလိုက်တာ လူသိန်းချီ စက္ကန့် ပိုင်းမီးနစ်ပိုင်းအတွင် တစ်ပြိုင်နက်ထဲ သေသွားတယ် .သူတို့ အကုန်လုံး စနေဂြိုလ် ဖြတ်နေတာတွေ မရဏကိန်းကျနေတာတွေ သက်ရောက် အကုန်လုံးဆိုးနေတာတွေ အကုန်လုံး ဘုမ္မိကြီး ဘုမ္မိလေးတွေ သူခိုးဂျပိုးတွေ သားသတ်သမားတွေတော့ မဖြစ်နိုင်ဘူး..
.ဂြိုလ်စီးဂြိုလ်နင်းကောင်းတယ် သက်ရောက်က ဂွတ်ရှယ် ကောင်းပါတယ်ဆိုတဲ့ ရတနာပုံကိန်း ဆိုက်နေတယ်ဆိုတဲ့ သူတွေ သီလကောင်းသူတွေ လူကြီးလူကောင်းတွေ အပြစ်မဲ့ အပြစ်နဲသေးတဲ့ ကလေးတွေ လည်း ပါလိမ့် မယ် ဒါဆို ဘာလို့ ကောင်းပါတယ်ဆိုတဲ့ လူတွေလည်း ဗုံးထိပြီး သေသွားရတာလည်းကတွေးစရာ......အဲ့ ဒါကိုတော့ ဗေဒင်ရှု့ ထောင့် ကနေ မသုံးသပ်နိုင် ဗေဒင်ရဲ့ သိနိုင်စွမ်းကနေ ဘောင်ကျော်သွားပြီ...
ဒီကိစ္စက ဘာသာရေးထောင့် ကသာ ရှင်းလိုက်တာ ကိစ္စပြတ်မယ်..ကိုင်ပြလို့ မရတဲ့  သံသရာက မကောင်းမှု့ တွေ လုပ်ခဲ့ တဲ့ လူတွေ တစ်နေ ရာထဲ တစ်ချိန်ထဲသွားစုမိနေလို့ တို့  (၀ါ) ဘုရားသခင်အလိုတော်ပဲ တို့ (၀ါ) ဘုရားပဲသိလိမ့် မယ်နဲ့ တို့ ဆိုပြီး ဘုရားတို့  အတိတ်ကံတို့ လွှဲချလိုက်မှပဲ ကိုယ်ဥာဏ်မမီတော့ တဲ့  ဇာတ်လမ်းကပြတ်တော့ တယ်....
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..