Powered By Blogger

Tuesday, December 22, 2015

'ငါ'' ဗဟိုပြု ရွေးခြယ်ခြင်း


''ငါ'' ဗဟိုပြု ရွေးခြယ်ခြင်း
--
ကံကောင်းတာက ကျနော့် ဗီဇသဘောပါလာပုံက အများယောင်တိုင်း လိုက်မျောမသွားလွယ်ဘူး အများသဘောကိုလဲ အများသဘောတွေပါလို့  နားလည်ပေးနိုင်တဲ့  ဖီလင်ပါလာသလို့  ကိုယ့်  ၀န် နဲ့  ကိုယ့်  မူလစရိုက်ကို ကိုယ် ကိုယ်ပြန်ပြန်ချိန်ဆပြီး ကိုယ့် ဘ၀လမ်းကို ကိုယ့် ဟာကိုယ် ရွေးခြယ်သွားတာမျိုးပဲ  အဲ့ မှာ ဂါထာပေါင်းသောင်းခြောက်ထောင်ထဲက တစ်ခုစ နှစ်ခုစကို ကိုယ့် အအတွက် ကိုယ်ရွေးခြယ်ခြင်းရဲ့  အခြေခံသဘောဖြစ်လာတယ်

ကိုယ့် စရိုက်က စိတ်ဖိအားမဖြစ်ချင်ဘူး လွတ်လပ်ရမယ် လွယ်လဲ လွယ်ရမယ် အချိန်လဲမပုပ်ရဘူး အလုပ်လဲဖြစ်သင့် သလောက်ဖြစ်ရမယ်  စိတ်ကလဲ သိပ်မရှည်တတ်ဘူး ဒီတော့  စိတ်ရှည်နိုင်လောက်တာမျိုးလဲဖြစ်ရမယ် အားကိုးလောက်ဖွယ်လဲ ဖြစ်ရမယ် နေရာဒေသ အခါလဲ ရွေးနေစရာမလိုရဘူး  စသဖြင့် အဲ့ လို ဖရီးဖြစ်နေတဲ့  ဂါထာသဘောတွေကို တွေးရင်းက '' စမ'' ဂါထာကို သဘောကျသွားပြီး တစ်သက်တာအတွက် ထုံဖြစ်တော့ တာပါပဲ၊ ကိုယ့် အားနဲချက်တွေထဲမှာ ပြဿနာကြီးတစ်ခု ပါဠိတွေ များလာရင် အာရုံမလာတော့ ဘူး..ပြီးတော့  ရှည်လျားထွေပြားတဲ့  ပါဠိ ဂါထာတွေဆို တစ်ဝက်အထိတောင် ဖတ်ကြည့် ဖို့  စိတ်မ၀င်စားဖူး..အဲ့ ဒါက ဂါထာရှည်ကြီးတွေကို ငြင်းလိုက်တဲ့ အချက်ဖြစ်လာတယ်...

နောက်တစ်ခါ ဆိုက်ကိုသဘောမှာ တိုလွန်းရင် ပေါ့  ရှည်လွန်းရင် လွင့်  လွယ်တယ်ဆိုတဲ့ သဘောတရားတစ်ခုရှိတယ် အာရုံဝင်စားနိုင်မှု့ ဟာ အတိုအရှည် အကန့် အသတ်တစ်ခု
ဘောင်ထဲမှာ ရှိတယ်ပေါ့ လေ..ဥပမာ ကျောင်းတွေမှာ အတန်း စာသင်ချိန် ၁ ချိန် ကို ၄၅ မီးနစ်ထားပေးတာဟာ ယေဘူယျ လူအများစုရဲ့  အာရုံစူးစိုက်နိုင်မှု့ ဟာ အဲ့  ၄၅ မီးနစ်ထဲမှာသာ အားအကောင်းဆုံးဖြစ်ကြောင့်း စနစ်တစ်ကျ တွက်ချက်စောင့် ပြီးမှ သတ်မှတ်တဲ့ သဘော...နာရီဝက်လောက် အတွင်းထားရင်လဲ အာရုံမငြိမ်သေး ၄၅မီးနစ်ထက် သိပ်ကျော်သွားရင်လဲ အာရုံရဲ့ မှတ်နိုင်အား စွမ်းရည်ကျ ကျသွားလို့ နောက်ပိုင်းဟာတွေ ခေါင်းထဲ မရောက်...သဘော..၊ ဒီသဘောကို ဂါထာ တိုစိတွေနဲ့  မတိုမရှည် တွေ ရှည်လျားထွေပြားတွေကို ကိုယ့်  စရိုက်နဲ့  ချိန်ပြီး ရှည်လွန်းတာ တိုလွန်းနေတာတွေကို ကိုယ့်  အထုံ အဖြစ်ကနေ ပယ်လိုက်တာမျိုးဖြစ်လာတယ်...ဒီတော့  စမ ဂါထာ ၄ ကြောင်းက ကျနော်အတွက် အတိုအရှည် အနေအတော် ဂါထာ ဖြစ်လာသလို လက်ပေါက်ကပ် ရှုတ်ရှုတ်ရှက်ရှက် ပါဠိ စာတွေမပါလို့  စိတ်ကိုဖိအား မဖြစ်စေတော့ ဘူး တစ်ရေးနိုး ကောက်ရွတ်လိုက်လဲ ဂါထာ စာ ၄ ကြောင်းက အာရုံမိမိနဲ့  တုန့် ဆိုင်းတွေးတောနေစရာ မလိုပဲ အလွတ်တန်း ချောကနဲ ပဲ ။ အဓိက ကတော့ ရင်သပ်ရှု့ မော့  လောက်တဲ့  ကောင်းနိုးရာရာ သြ၀ါဒတွေ ဘယ်လောက်များများ ကိုယ့်  စိတ်လမိုင်းနဲ့  ကပ်တာကိုသာ ရွေးတယ်ပေါ့ ဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..