Powered By Blogger

Friday, June 3, 2016

အခါတိုင်ပညာ အခြေခံသဘောပါ








အခါတိုင်ပညာ အခြေခံသဘောပါ
--------------------------------------
အခါတိုင်ပညာမှာ  ခိုက်ဆိုတဲ့  အမြစ်နံ နေရာက နံ ပရိယာယ်သဘောနဲ့  န၀င်းဆိုတဲ့  ပဉ္စပွတ် နေရာက နံသင့်  ၂ ခု ကို အခါတစ်ခု ရဲ့ မြင်သာတဲ့  အဓိက လက္ခဏာ အဖြစ် ဆွဲထုတ်ပြီး အခါတိုင်တစ်ခုရဲ့  အတိုချုပ် သီဝရီ အဖြစ် သတ်မှတ်ပြခဲ့ တယ်.. ဥပမာ တနင်္ဂနွေတိုင် မှာ ခိုက်ဟာ တနင်္ဂနွေ နံ ရဲ့ အမြစ်  စနေနံ ဖြစ်ပြီး န၀င်းဟာ တနင်္ဂနွေ နံ ရဲ့ ၅ ခု မြောက် နံ ပဉ္စပွတ် ကြာသာပတေးနံ ပေါ့ လေ...အဲ့ မှာ စနေနံ ခိုက် သဘောက အမှု့ အခင်းတွေ သဘော သိက္ခာတွေချိုးဖဲ့ ကြတာ မာနပြိုင်ကြတာသဘော
နဲ့  န၀င်းဆိုတဲ့  ကြာသာပတေးနံ သဘောကိုတော့  အသိမှန် ပညာမှန် တွေးဆချက်တွေအမှန်သဘော
 လို့ ဆိုနိုင်ပါတယ်

ဒီ န၀င်း နဲ့ ခိုက်ဟာ အခါတိုင်တစ်တိုင်အတွင်း တစ်ပြိုင်နက်ထဲ မလွှမ်းမိုးပါဘူး  မာနစိတ်တက်နေရင် အသိမှန်အတွေးမှန်ပညာမှန်စိတ် ဆုတ်သွားပြီး  အသိမှန် အတွေးမှန် ပညာမှန်စိတ်ဝင်နေချိန်မှာ မာနဆုတ်သွားပြီး ကိုယ့် ကိုယ်ကိုယ် ရိုးရိုးကုပ်ကုပ်သဘော နေတော့ တဲ့ စိတ်မျိုး ဖြစ်လာပါတယ် ( စနေနဲ့  ကြာသာပတေး ပရိယာယ်သဘောကို  အတိုချုပ်ရေးလိုက်တာပါ ပြီးတော့  စိတ်ပိုင်းဆိုင်ရာတွေသဘောကို ပြောနေတာ ပိုဆန်ပါတယ်)



ဒါကို တနင်္ဂနွေ အခါတိုင်မှာ သော့ ချက်အဖြစ် အတိုချုပ် သုံးတဲ့  စကားလုံးက  တရားတိုင် အမှု့ တိုင် လို့  သုံးလိုက်ပါတယ်  ဒီအခြေခံ စကားလုံးက သူများအတွက် ကြည့် ပေးပေး ကိုယ့် အတွက် ကိုယ် ကြည့် ကြည့်  ဒီအခြေခံ စကားလုံးကနေ လွတ်မသွားပဲ တနင်္ဂနွေ အခါတိုင်ထဲမှာ ကြုံလာ ကြားလာတဲ့ ကိစ္စတွေကို သုံးသပ်တာပါ..

ဥပမာ တနင်္ဂနွေတိုင်မှာ အမှု့ ပြဿနာ တစ်ခုခု ကို လာတိုင်ပင်ပြီ ဆိုပါစို့  လာတိုင်ပင်သူဟာ ဟူး၊ စနေ၊ အင်္ဂါ  ဆို ကံ အခြေအနေမသာဘူး  သောကြာ တနင်္လာ ကြာသာပတေးဆို ကံအခြေအနေ သာနေသေးတယ်  တနင်္ဂနွေမူလ ဆို တစ်ဝက်တစ်ဝက် ကြိုးတန်းလမ်းလျှောက်အခြေအနေ...လို့  စပြီး တွေးဆလိုက်တာဟာ တရားတိုင်အမှု့ တိုင်သဘောရဲ့  အခြေခံ စတင်ခြင်းသဘောပါ (ယေဘူယျမှာလည်း အဲ့ အတိုင်းမှန်နေတတ်လေ့ ရှိပါတယ်)

( ဒီ လို အခါတိုင်ပညာတွေဟာ ပုံသေတော့ ယူလို့ မလွယ်ပါဘူး အကြောင်းက  '' ကြားနမိတ် မြင်နမိတ် '' သဘောတွေဟာ ၀င်ဝင်ပတ်သက်ပြနေသေးလို့ ပါပဲ  အဲ့ နမိတ်တွေ ပေါ်လာလို့  အကောက်အယူ မှန်မယ်ဆိုရင် တနင်္ဂနွေတိုင်မှာ အမှု့ နဲ့ လာတဲ့  ကြာသာပတေး န၀င်းသမားမို့  အိုကေနေသေး
တယ်ကနေ နမိတ်တစ်ခုခုက  အခြေအနေမကောင်းသဘောလည်း ဖြစ်ချင်ဖြစ်သွားနိုင်သလို  အမှု့ နဲ့ လာတဲ့  စနေ ခိုက်သမား မို့  အခြေအနေ မကောင်း လို့ တွေးနေတုန်းမှာပဲ နမိတ်တစ်ခုခု ဖြတ်ဝင်လာတာကြောင့်  အခြေအနေကောင်းသေးတယ် ဖြစ်ချင်ဖြစ်သွားတတ်ပါတယ်

ဒီသဘောတွေ ကိုယ်တိုင်သိဖို့ က ကျနော်တစ်ခါကရေးခဲ့ ဘူးသလို တိုင်နဲ့ အတူနေ တိုင်နဲ့ အတူစား တိုင်နဲ့ အတူသွား တိုင်နဲ့ အတူအိပ် သဘောလောက်အထိ အာရုံဝင်စားနေတော့ မှ ကိုယ်တိုင် တိုင်သဘောကို ပိုဖမ်းတတ်လာတတ်တာမျိုးပါ..

မူလ ပိုစ့် ရည်ရွယ်ချက်ကို ပြန်ကောက်ရရင် တစ်တိုင်ချင်း အတွက်  ခိုက် နဲ့  န၀င်း ကို အခြေပြုပြီး သော့ ချက် လုပ်ထားတဲ့  စကားစုတွေက..

တနင်္ဂနွေတိုင်.....တရားတိုင်အမှု့ တိုင် (အမှု့ ခိုက်စနေ တရားန၀င်းကြာသာပတေး)

တနင်္လာတိုင် ...ခရီး ခွဲခွာ.တိုင်  ( ခရီးကောင်းန၀င်း သောကြာ  ခွဲခွာအဆိုး တနင်္ဂနွေ)

အင်္ဂါတိုင်.... ဟန်အကြွား အရှုပ်တိုင်  ( ဟန်အကြွား ခိုက် တနင်္လာ အရှုပ် န၀င်း စနေ)

ဗုဒ္ဓတိုင်.....ယှဉ်စိတ်ပြိုင်စိတ် အနိုင်စိတ် လူစွမ်းကောင်း တိုင် ( ပြိုင်စိတ် ခိုက် အင်္ဂါ လူစွမ်းကောင်း န၀င်းတနင်္ဂနွေ )

ကြာသာပတေးတိုင် ...လူပျက်အကျင့် ပျက် လျော်ကြေးဆုတိုင်  ( လူပျက် ခိုက် ဗုဒ္ဓဟူး ဆု တနင်္လာ )

သောကြာတိုင် ..အရူး အပျော်တိုင် ..( အရူး ခိုက် ကြာသာပတေး အပျော် စိတ် န၀င်း အင်္ဂါ )

စနေတိုင်.... ထောင်မသာ အမှု့   ဘုန်းကြီးကလေး ဆေးရုံ ဗိုက်ကြီးသည်...( ထောင် ..ခိုက် သောကြာ  ဘုန်းကြီး.န၀င်း..ဗုဒ္ဓဟူး )

ဒါတွေဟာ အခြေခံသီဝရီတွေပါ  သူများအတွက်ရော ကိုယ့်  အတွက်ပါ ဒီ အခြေခံတွေနဲ့ သွားပါတယ်..

မဟာဘုတ် ဂြိုလ်စားသက်ရောက်ပညာနဲ့  ဒီ အခါတိုင် ပညာကို ပေါင်းစပ်လိုက်တဲ့  အခါ အကျိုးသက်ရောက်မှု့ ကြီးမားတဲ့  ဗေဒင်ပညာကြီး ဖြစ်လာပါတယ်။
-------------


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..