ဒီလိုနဲ့  ညတွေလည်း မပျိုမြစ်တော့  နေ့ အိုတွေလည်း များလာခဲ့ြ့ပီ....
တစ်ခါတစ်ခါ တစ်ရေးနိုးလာတဲ့  ညညတွေဆိုတာ အထီးကျန်နိုင်လှသလိုပဲ ..အမှန်တော့ ညညတွေလို့ သာ ပြောတာပါ နေ့ တွေလဲ တစ်ခါတစ်လေ အဲ့ ဒီလိုစိတ်တွေ တစ်ချက်တစ်ချက် ၀င်ဝင်သွားတာပါပဲ ...
ဒီလို သင်းကွဲခံစားမှု့ စိတ်တွေ စဖြစ်လာတာ အချစ်ပျောက်ဆုံးသွားကတည်းကများလားလို့  ဆိုနိုင်လေမလား...အသေအခြာ ပြန်တွေးကြည့် ပြန် တော့ လဲ ဟင့် အင်း အဲဒီလိုလဲ မဟုတ်ခဲ့ ရပါဘူး လို့  စိတ်ကို စိတ်ကပြန်ငြင်းမိပြန်ရော.... ငြင်းပယ်၍ ၀န်ခံလိုခြင်းလေလား. တစ်ခါတစ်လေ ဒီလိုပါပဲလိုလို ဖြစ်တတ်ပါတယ်လေလိုလို ကိုယ်တိုင်ကိုယ်က သီးခြား ဆန်ချင်နေတဲ့ စိတ်က နဂိုအခြေခံစိတ်နဲ့ တူပါရဲ့ လိုလိုတွေ နဲ့  မရေမရာ အဖြေလွှာတွေ ထုတ်ရင်း ဒီလိုနဲ့ ဘ၀ဟာ ၀ိုးတ၀ါးညတွေကို ကျော်ဖြတ်ခဲ့ ပေါ့ လေ...
အများနဲ့ မဆိုင်သော စိတ်နဲ့  အများထဲ နေရင်း လွင့် လွင့် မျောမျော ဖြစ်နေတတ်တဲ့  ကိုယ့် ရဲ့ စိတ်ကူး အာရုံထည်လေးတွေက ကဗျာတွေ စာပေတွေနဲ့  သီချင်းတစ်ချို့ သာ စိတ်ရဲ့ ကွန်းခိုရာလိုဖြစ်လာခဲ့ တယ်.စာတော ကဗျာတော သံစဉ်တွေတောဟာ လေလွင့် ခြင်း ကောင်းကင်ထက်ကနေ ခေတ္တ နားခိုရာလေအလားပါပဲ....
ဒီလိုနဲ့  ညတွေလည်း မပျိုမြစ်တော့  နေ့ အိုတွေလည်းများလာခဲ့ြ့ပီ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..