ကျမ္မာရေး ပင်မပုံစံ ၂မျိုး ၊ အက်စီးဒန့် ၊ ကံစိတ်ဥတုအာဟာရ ၊ရာသီနာ ၊ ယာယီနာ၊ ဟဲဗီးရောဂါ၊ မရဏရောဂါ
----------------
လက်တွေ့ ဘ၀ထဲက ကြုံတွေ့ မှတ်သားခဲ့ ရတဲ့ တကယ့် အဖြစ်အပျက်တွေ ရေးပြနေတဲ့ အခါတိုင်း ဒဲ့ ထက် သွယ်ဝိုက်ပြီး တစ်ခုခုပြောပြချင်တာမျိုးတွေပါပါတယ်..အထူးသဖြင့် တိုစိစာတွေထက် စာရှည်တွေမှာပေါ့ ဗျာ..တစ်ခါတစ်ခါတော့လည်း တည့် တည့် ချပြောရတာမျိုးတွေလည်း ရှိပါတယ်..။ နဲနေတဲ့ ကဏ္ဍက ပြန်ပြန်သုံးသပ်ပြတဲ့ ကဏ္ဍဆိုတာလည်း ကိုယ့် ဟာကိုယ်သတိထားမိပါတယ်။
အခု လူတွေမှာ အိုနာသေ သဘောက နာ သဘော အကြောင်း ဗေဒင် အတွေ့ အကြုံကရတဲ့ အသိနဲ့ ကျနော့် အမြင်ကို ချိတ်ဆက်ပြောပြချင်တာက..လူမှာ ကျမ္မာရေးကို ပင်မပုံစံ ၂ အုပ်စု ခွဲမြင်လို့ ရကောင်းပါတယ်
တစ်အုပ်စုက ရောဂါတွေ အုပ်စု ကျမ္မာရေး သဘောနဲ နောက်တစ်အုပ်စုက သွားလာလှုပ်ရှား အကောင်းကြီးကနေ ရုတ်တရက် အက်စီးဒန့် ဖြစ်ပြီး အသက် သေတတ်တဲ့ အထိ ဒုက္ခရောက်ရတဲ့  ကျမ္မာရေး သဘောလို့ ပါ
ဒုတိယ အုပ်စုဖြစ်တဲ့ အက်စီးဒန့် သဘောက ပစ္စုတ်ပန် အမှားသဘောတွေထက် သံသရာက ဖြတ်ဝင်လာတဲ့  ကြမ္မာဆိုး အတိတ်ကံ သဘော ပိုဆောင်လို့  ဒီလို ဆိုက်ရောက်ရမယ့် ကံမျိုးတွေ ရှိနေရင် ( ရှိနေ မရှိနေကလဲ မှန်းဆရ ခက်ပြီး လောကီပညာအရရော သတိပညာ ဥာဏ်မြေကတုတ်လုပ်ပြီးတော့ ရော ခန့် မှန်းခြေတွေ လုပ်ပြီး နည်းလမ်းစုံနဲ့ ကာကွယ်ကြရတာပါပဲ တကယ်တန်း လွတ်မယ် မလွယ်ဖူး အတတ် မပြောနိုင်ပါဘူး..
ဒါပေမယ့်  လူ ဟာ လူ ဖြစ်နေလို့  အလွယ်နဲ့  ဒုက္ခ မရောက်ရအောင် တတ်နိုင်သမျှတော့ ကြိုးစား ရုန်းကန်ရတာမျိုးပါ ဥပမာ နေပြည်တော်လမ်းသွားရင် ဘယ်သက်ရောက် ဘာမွေး ဘာနက္ခတ်သမားမဆို သတိကပ်သွားတာ အဆောင်လေး ဘာလေး ဆောင် သွားစေတာမျိုးတွေဟာ အတိတ်သံသရာက ကြမ္မာဆိုးတွေ ဘယ်အချိန် ဖြတ်ကနဲ ၀င်ချလာမလဲဆိုတာ ရှည်လျားခဲ့ လွန်းတဲ့  သံသရာက ကောင်းမှု့ မကောင်းမှု့ တွေကို အတိအကျ မသိတတ်နိုင်ကောင်းလို့ လိုရမယ်ရမှာတဲ့ သဘောပါ..)
ပထမအုပ်စုကျမ္မာရေး သဘောကိုယ်တွင်းရောဂါဘယမျိုးစုံတွေကတော့  အက်စီးဒန့် သဘောနဲ့ ကွဲပါတယ် ရောဂါ အတော်များများဟာ ( ကံနာဝဋ်နာ တစ်ချို့ ကလွဲရင် ) မဖြစ်ခင် အဖြစ်မခံရခင်ကို ဖြစ်နိုင်ခြေ လမ်းကြောင်းတွေကို ကြိုတင် ခန့် မှန်းလို့ ရနေတတ်ပါတယ်
သဘောက ရုတ်တရက် အက်စီးဒန့် သဘောထက် ရှောင်ရတိမ်းရ ကြိုတင်ကာကွယ်ရ ပို လွယ်သလို ကြိုပြီး သတိထားဆင်ခြင်လို့ လဲ ရလွယ်တာမျိုးပါ..အဲ့ မှာမှာ တိုင်းရင်းဆေးလား ဓမ္မလာက ရောဂါဖြစ်ရခြင်း အကြောင်း ၈ ပါး ဖြစ်တဲ့  (ကံ စိတ် ဥတု အာဟာရ လေသလိပ်သည်းခြေ တြိဒေါသ )ဆိုတဲ့  လက္ခဏာအပျိုးသဘောတွေကို သတိနဲနဲကပ် ကြိုဆင်ခြင်ရင် ဖြစ်ဦးတော့  နုစဉ်မှာကို သက်သာ ပျောက်ကင်းလွယ်တာမျိုးပါ
ဥပမာ မိုးမိရင် နှာစီးမယ် အဆုပ်အအေးပတ်မယ် ဆိုတာ နှာစီးမှာနဲ့  အဆုပ် အအေးပတ်ခြင်းဟာ ကိုယ်တွင်း ရောဂါ ဖြစ်ပြီး မိုးမိခံလိုက်တာဟာ ဥတု သဘောက ဖြစ်တတ်တဲ့  ရောဂါသဘောတွေကို လူမဆင်ခြင် အအေးမိနှာစီးရောဂါ အဖြစ် ခံလိုက်ရတာဖြစ်ပြီး လူဆင်ခြင်ရင် အဲ့ ရောဂါတွေ မိုးတွင်းမှာ မထိဘူးသဘောပေါ့  ၀က်သားစားရင် ငပိစားရင် အငံ စားများရင် သွေးတိုးတတ်တယ်ဆိုတာ အာဟာရ ကို မဆင်ခြင်လို့ ဖြစ်လာတဲ့ ရောဂါသဘော လူဆင်ခြင်ရင် မဖြစ်လွယ်သဘော ဒီသဘောတွေ ဆေးကုရလွယ်သေးလို့  ရာသီနာ ယာယီရောဂါဘယ သဘောတွေလို့ ဆိုလို့ ရကောင်းပါသေးတယ်..
ကင်ဆာမျိုးစုံလို ကျောက်ကပ်ပျက်တာမျိုးလို ဟဲဗီးရောဂါမျိုးတွေကတော့  ဒီလို ရာသီနာ ယာယီရောဂါမျိုး ဖြစ်ပုံစတိုင်နဲ့ မတူပါဘူး ဒီလိုဟဲဗီးရောဂါတွေဟာ ကိုယ်တွင်းမှာ အနဲဆုံး တစ်နှစ်လောက်ကနေ ဆယ်စုနှစ် တစ်စုနှစ်စုလောက် ကြိုတင်အချိန်ယူ တည်ဆောက် နေလေ့ ရှိပါတယ်...ဆိုပါတော့  အဆုပ်ကင်ဆာလိုရောဂါမျိုးတွေဟာ နေ့ ချင်းညချင်း ထဖြစ်လာတတ်တာမျိုး မဟုတ်ပဲ ဆယ်စုနှစ်တွေနဲ့ ချီပြီး လူ့ ရဲ့  နေထိုင်စားသောက်ပုံတွေ ကို အခြေတည်ပြီး တစ်စတစ်စ တည်ဆောက်နေခဲ့ တာမျိုးပါ...။
ဒီလို ဟဲဗီးရောဂါကြီးမျိုးတွေဟာ ဘယ်အချိန်မှာ ဘွားကနဲပေါ်လာတတ်လေ့ ရှိလဲဆိုတော့  ဘုမ္မိကြီးတွေ လေးခွင်မြောက် ဘုမ္မိလေးတွေ အတွင်းရန်ဂြိုလ်သက်ရောက်တွေ စနေသက်ရောက်မျိုး တွေ လို့  ကောင်းတဲ့ ကံ အထောက်အပံ့ ခံရတာနဲတဲ့  သက်ရောက်မျိုးတွေမှာ ဘွားကနဲ ထပေါ်လာလေ့ ရှိပါတယ်..။
အဲ့ မတိုင်ခင်မှာတော့  သိသာလောက်တဲ့  လက္ခဏာတွေ ပြလေ့ မရှိသလို ပြရင်လည်း သက်ရောက်ကောင်းတွေဖြတ်နေလို့  ကောင်းသောကံတွေ ကျန်နေသေးလို့  အသေးအမွှား ရာသီနာလေးလိုလိုနဲ့ ပြန်ပျောက်သွားတတ်လို့ လူဟာ ပေါ့ ဆနေတတ်ပါတယ် အကြောင်းက ရာသီနာလား ယာယီနာလား ဟဲဗီးရောဂါကြီးတွေအတွက် စတင် တည်ဆောက်နေတဲ့ 
အပျိုးကာလက ရောဂါလား ခွဲရခက်နေသေးလို့ ပါပဲ
ဒီမဟာဘုတ်မှာတော့  မရဏရောဂါ ဆိုပြီး ရောဂါစတိုင်တွေကို ဖေါ်ထုတ်ထားတာတော့ ရှိလာပါတယ်...ဥပမာ ၂ ကြွင်း တစ်ယောက် ခေါင်းက ခဏခဏ ဒုက္ခပေးတယ်ဆိုရင်
ဒါဟာ လျှော့ တွက်လို့ မရကောင်းဘူး တစ်ချိန်ချိန်မှာ ဦးနှောက် အကြိတ်ရောဂါ ဖြစ်နိုင်ခြေများတယ်ဆိုတာ တစ်ခြားအကြွင်းတွေထက် ၂ ကြွင်းတွေကို သတိပေးတာမျိုး ၄ ကြွင်း အမျိုးသမီးတွေ အမျိုးသမီးသွေးသွန် ရောဂါ ခဏခဏ ဖြစ်ရင် လျှော့ မတွက်နဲ့  ဆိုတာမျိုး. ၅ ကြွင်းတွေ အစာအိမ်ခဏခဏဖြစ်ရင်လျှော့ မတွက်နဲ့ ဆိုတာ ၃ ကြွင်းတွေ သွေးပေါင်ပြုတ်ပြုတ်ကျနေရင် လျှော့ မတွက်နဲ့ ဆိုတာမျိုး ၁ကြွင်းတွေ လိပ်ခေါင်းဝင်ရင်လျှော့ မတွက်နဲ့ ဆိုတာ ၆ ကြွင်းတွေကျောက်ကပ်ခဏခဏယောင်ရင်လျှော့ မတွက်နဲ့ ဆိုတာမျိုး သုညကြွင်းတွေ စိတ်ခဏခဏကျလာရင် လျှော့ မတွက်နဲ့ ဆိုတာမျိုးတွေဟာ မဟာဘုတ်ရဲ့ မရဏကို ထောက်ပြီး ရုတ်တရက်ဖြစ်စေ ဆယ်စုနှစ်တွေကြာလာရင်ဖြစ်စေ ဟဲဗီးရောဂါကြီးတွေ အဖြစ်အသွင်ပြောင်း ကုသရခက်လို့ သဘောပါပဲဗျာ..
ယေဘူယျသဘောတွေပါ။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..