Powered By Blogger
Wednesday, June 1, 2016
လူနဲ့  ကံကြမ္မာ
လူနဲ့  ကံကြမ္မာ
-------
အတွေ့ အကြုံတွေများလာတော့  လူ့ ကံသဘောတွေကို ဗေဒင်ကနေ ပိုသိလာရတယ် ဥပမာ ဟဲဗီးကျမ္မာရေးတို့  စီးပွားပျက်ခန်းတို့ သဘောတွေမှာပေါ့  ..
အဲ့ ဟဲဗီးကိစ္စတွေမှာ အများအားဖြင့်  ဗေးင်ဆရာဆီ  ကံ လာစစ်တဲ့  အခါ အများအားဖြင့်  ကျွံ နေကြပြီး ဖြစ်လက်စဖြစ်နေပြီ ဆိုတဲ့  လူတွေက ပိုများတယ်ဒီတော့  နောက်က လိုက်ဖြည်ရတာအင်မတန်မှ ခက်ခဲပြီး ဖြည် လို့ ရတာက ခပ်ရှားရှားပါးပါးပဲ...ကံထူးရှင်တွေတစ်ချို့ လောက်သာ ပြန်နလံထူလာနိုင်ကြတယ်ဒါလဲ သူ့ ကံကြောင့် က အဓိကပဲ..
တစ်ချို့ ကတော့  အဲ့ လိုဟဲဗီးကြီးတွေမလာခင် မျက်စိလည်လမ်းမှားလာသလိုပဲ ဗေဒင်ဆရာဆီ အဖေါ်ကောင်းလို့ ရောက်လာရင်းက လာနိုင်တော့ မယ့်  ဟဲဗီးတွေအကြောင်း ကြိုကြားနာခွင့် ရသွားလို့ ကြိုတင် သတိထားနေလိုက်ကြလို့ ဟဲဗီးတွေမဖြစ်တော့ ပဲ သာမန်လောကဓံဆိုးလောက်လေးတွေနဲ့ ကျော်ဖြတ်နိုင်သွားကြတာလဲ တွေ့ ရတယ်  အဲ့ လို လူတွေ က လည်း နဲတယ် ဒီလို ကြုံကြိုက်တာကလဲ သူတို့ ကို ကံ အကြောင်းတရားပဲ
တစ်ချို့ ကတော့  ဟဲဗီးတွေ လာနိုင်ကြောင်း ကြိုတင်ကြားနာခွင့် ရလိုက်ပေမယ့်  ရင်ထဲမှာ ဘုရားရှိတယ်တို့  ဗေဒင် မယုံဘူးတို့  ငါတို့ က ဒီလောက် ခပ်ညံ့ ညံ့ လူတွေမဟုတ်ဖူးတို့ ငါတို့ က ဘရိမ်းရှိတဲ့ လူတွေတို့ ဆိုတဲ့  ငါ မာန်တအားခံနေလို့  ခပ်ပေါ့ ပေါ့ နေလိုက်ရတာက တကယ့် ဟဲဗီးတွေ ဆိုက်ရောက်လာလို့  အမှားမှား အယွင်းယွင်းတွေ ဖြစ်တော့ မှ
ဗေဒင်ဆရာဆီ တစ်ကြော့ပြန်ရောက်လာတဲ့ အခါ....ကျွံခဲ့ ပြီး ဖြစ်လက်စဖြစ်နေပြီ....အဲ့ အချိန်မှာမှ လိုက်ဖြည်ရတာကလဲ အလွန်ခက်ခဲတယ် ဖြည်လို့ ရဦးတော့  အသက်ကြီးမှ
ဘ၀ကို  တစ်က ပြန်စရတာမျိုးတွေ ဖြစ်ကုန်တယ်...ဘ၀ပင်ပမ်းတာပေါ့  ဒါမျိုးတွေလည်း အများကြီးကြုံခဲ့ ရတယ်
--------------
အသက်မှာ ရှည်ပါ့ ဦးမလား ကျမတို့ ဖက်ပြန်ပါပါ့ ဦးမလား တဲ့   သောကြာတိုင်နဲ့ မို့  ပါဖို့ ခက်ပြီ  ၃ပတ်ကနေ ၅ပတ်ကြား ဒါမှမဟုတ် ၃လနဲ့ ၅လကြား အန္တရယ်စက်ကွင်းထဲမှာ
ရှိနေတယ် လာမယ့်  ၉လပိုင်း ၁၀လပိုင်းကြား ပိုစိုးရိမ်ရတယ် လို့  ပြောလိုက်ရတော့ တယ်
ဒီနေရာမှာ သောကြာတွေရဲ့  ကေးလင်းဖီးလ်သဘောကို နဲနဲရှင်းပြရတယ် သောကြာတွေ ဟာ အသက် ၅၂ ကနေ ၅၄ ကြား ၃ နှစ်ဟာ ဟဲဗီးရောဂါတွေ လာတတ်တယ် လာရင် ၅၂ အ၀င်မှာတင်စလာလေ့ ရှိတယ် ပေါ့ လိုက်တာနဲ့ ၆ လလောက်အတွင်း ဟဲဗီးရောဂါကြီးတစ်ခုကို ဘော်ဒီထဲမှာ တည်ဆောက်ပြီးဖြစ်နေလေ့ ရှိတယ်  အများအားဖြင့်  အဲ့ လို အဖြစ်ခံရတဲ့ သောကြာတွေကလည်း အစပိုင်းမှာ ခပ်ပေါ့ ပေါ့ ထင်လိုက်ကြတယ်  လေးပြီဆိုတော့  နောက်လိုက်ဖြည်ရတာခက်ပြီ...။
ဒီနေရာမှာ လူ မှာ ကျမ္မာရေးနဲ့  စီးပွားကံ ဆက်စပ်နေပုံက တစ်ချို့ တွေက ကျမ္မာရေးမှာ တော်ရိရော်ရိသဘောသာ အနှိပ်စက်ခံရပြီး စီးပွားနဲ့ မိသားစုရေးမှာတော့ အကြီးအကျယ်ထိုးနှက်ခံရတာမျိုး နဲ့  အသက်ကိုကျော်ဖြတ်သားကြတာလဲ ရှိတယ် ၊ အသက်နဲ့ ပတ်သက်ပြီး ကြောက်ရတာက  ဒီလို အညံ့ ဆုံး နှစ်တွေမှာ စီးပွားတေ လွှတ်ကောင်းတက်နေရင် ကိုယ်တိုင်ရဲ့ အသက်ကို ပြန်တောင်းခံရတာမျိုး ဒါမှမဟုတ်မိသားစုထဲက တစ်ယောက်ယောက်ရဲ့  အသက်ကိုပြန်တောင်းခံရတာမျိုးတွေ တိုက်ဆိုင်ကြုံတွေ့ ရတဲ့ အဖြစ် မျိုး ကြုံသွားတတ်တယ်..။
ဆိုရရင် အခု ပြောခဲ့ တဲ့  သောကြာသမီးရဲ့  ယောက်ျားဟာ စီးပွာအရှာကောင်းချက်က ဟုတ်တယ်ဆြာ စီးပွားက တစ်အားတက်နေတာ လို့ ဆိုလာတယ်..( တနင်္လာသား အသက်က ၅၃ ၅၄လောက်တဲ့ ...။  သဘောက ချုပ်လိုက်ရင် ဒီသောကြာသမီးကို အသက်ဆွဲဆန့် ဖို့  ခက်ပြီဆိုတဲ့ အဖြေ တစ်ခု ထွက်နေတယ်လို့ ဆိုလိုတာပါပဲ...၊
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..