Powered By Blogger

Monday, May 30, 2016

အသက်၅၀ ၄ကြွင်း တနင်္လာ သမီး အင်္ဂါသက်ရောက်မှာ ခွေးကိုက်ခံရခြင်းအကြောင်း


အသက်၅၀ ၄ကြွင်း တနင်္လာ သမီး အင်္ဂါသက်ရောက်မှာ ခွေးကိုက်ခံရခြင်းအကြောင်း
=======
ဖုံးဒိတ်လုပ်ပြီး ယတြာလာတန်းလုပ်တယ်...လာလာထိုင်နေကြပါ...ထိုင်ပြီးတော့ မှ သူ ဘာတွေဖြစ်နေမှန်းမသိ လို့ စပြောပြီး ဖြစ်ကြောင်းရယ်ကုန်စင်မှာ ပေါင်ကို ခွေးကိုက်တယ် အခု တုတ်ကွေးမိတယ် လို့ ဆိုလာတယ်..ဒါနဲ့  မွေးလက ဘာလလဲလို့ မေးတော့  ၃ လပိုင်း
( ၄ကြွင်းတနင်္လာ ရာဇဖွား အသက် ၅၀ အင်္ဂါသက်ရောက်ထဲရောက်နေတာတော့  နဂိုကတည်းက သိပြီးသား)..ခွေး အကြောင်းပါလာလို့  ဘယ်လိုလုပ်ခွေးက ကိုက်ရတာလဲလို့ မေးတော့ မှ

သူမွေးထားတာ ၂ ကောင်..အဲ့ မနက်က တစ်ကောင်ကို ဂျာနယ်ဟောင်းလေးခင်း ခွေးစာချကျွေးတယ် အဲ့ အကောင်က လာနမ်းပြီး လှည့် ထွက်သွားတယ် နောက်တစ်ကောင်အတွက်ခွေးစာချကျွေးတော့  နောက်တစ်ကောင်က စားနေတယ်



ဒီတော့  ပထမခွေးစာကို ပထမကောင်က မစားဘူးထင်လို အဲ့ ခွေစားကိုနောက်အကောင်ထဲ သွားထဲ့ တာကို ပထမခွေးက သူ့ အစာပုံ ယူသွားလို့  သူ့ ပေါင်ကိုလာကိုက်တာ (မနာ့ တနာလေး ငုံခံကိုက်လေးနေမှာပေါ့ ) အရေးပြားခြစ်မိသွားလို့ ဆေးထိုးနေတုန်း တုတ်ကွေးဝင်လာလို့ ကာကွယ်ဆေးရပ်ထားရတဲ့ အကြောင်း...

ဇာတ်ထုတ်က ကိုယ့် ခွေးက ကိုယ့် ပြန်စိတ်ကောက်တဲ့  ...ခွေးစိတ်ကောက်တဲ့ ဇာတ်ထုတ်ပေါ့ ...အဲ့ မှာ ဘယ်လောက် တိုက်ဆိုင်လဲ တနင်္လာသမီး အသက် ၅၀ အင်္ဂါသက်ရောက် တနင်္လာနံခိုက်တံ့ နှစ်ကြမှ ကိုယ်မွေးထားတဲ့ အလှမွေးခွေးက ကိုယ့် ပြန်ကိုက်တာ...ဒါမျိုးတွေနေမှာပေါ့  နိုင်ငံခြားမှာ ကိုယ့် ခွေးက ကိုယ့် မျက်နှာတက်ကိုက်လို့ ဆာဂျရီလုပ်ရတာ.  တစ်ချို့  ကြောင်ကုတ်ခံရတယ်.

.( ၃လပိုင်းမွေးမို့  လစိတ်ချတော့  ခွေးကိုက်ခံရတဲ့  အခု ၈လပိုင်းက စနေလစိတ်ဖြစ်နေတယ် ၄ကြွင်းမို့  မရဏလစိတ်ပေါ့ ..ဒီတော့  သူအရင် လာထိုင်ထားတဲ့ ယတြာတွေကြောင့်  ဒီ ၇လိုင်းနဲ့  ၈ လပိုင်းကြား စနေလစိတ်မှာ သူဖြစ်နေတဲ့ ခွေးကိုက်တာ တုတ်ကွေးမိတာတွေက သက်သာသေးတယ် တောင်ပြောရမလိုပေါ့ သူ့ ကံ ဖြစ်နေပုံက အသက်နားနီးပုံရတယ်...

အားလုံးချုပ်လိုက်တော့  ဒါကြောင့်  အရင်ကတည်းကဆိုခဲ့ တာ တနင်္လာနံခိုက်တဲ့ သဘောမှာ ကားတိုက် ငွေဘတ်ခံရချည်း မဟုတ်ဘူးတနင်္လာနံ မှန်သမျှ အကျုံးဝင်သဘော ငါးရိုးပြော့ မစူးပဲ ကြက်ရိုးမာစူးလို့  လည်ချောင်းခွဲရတာမျိုးတွေ..

ဒီတော့  နံကောက်စက်ဝိုင်းက ကျယ်ပြန့် လို့  ဘယ်တနင်္လာနံက ဘယ်ထောင့် က ဖြတ်ဝင်ရစ်လာမလဲ မသိနိုင်လို့ ယတြာ ကာကာထားတာက ပိုကောင်းတယ် ဖြစ်ဦးတောင်မှ အကာဟင်းလင်းကြီးနဲ့ ဆို ပိုခံရနိုင်တယ်လို့ ဆိုတာ...

ရိုးရှင်းတဲ့ လစိတ်ဖြတ်တဲ့ စတိုင်ကလည်း တိုက်ဆိုင်ချက်က ပိုများတာတွေ့ ရတယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..