ကဗျာဆရာ နိုင်မွန်အောင်သွင် ဒီလိုဖွဲ့ ပါတယ်.
''အိမ်တံခါးဝဆိုတာ
ဘယ်တော့ မှ မအေးစက်ဖူး မိတ်ဆွေ
မိသားစုလောက် ဘယ်ကောင်းကင်မှ ကြယ်မစုံဘူး ''..တဲ့  .။
(လရောင်ရွာတဲ့ ရွာ)
------------------------
''အပူနာ မဟူရာညမှာ
သူရာကို ပူဇာစမိတော့ 
ဟာသလေး တရွှင်ရွှင်
အာလယဆေး တငင်ငင်
ဟေ့ .မာနသွေးချင်းယှဉ်ရင်
မြင်မြင်ရာ အကုန်သောက်
မှတ်ပုံတင်ပျောက် ဘော်လ်ပင်ပျောက်
ိပိုက်ဆံပျောက် မျက်မှန်ပျောက်
ခေါက်ထီးပျောက် မီးခြစ်ပျောက်
ဟိုဆိုင်ရောက် ဒီဆိုင်ဝင်နဲ့ 
ရန်မမြင် ဂန္တ၀င် ၀က်အူရစ်တို့ 
ဘက်တူချစ်ဆွေ.'' .။
( ငွေလမင်းကို နမ်းတဲ့ ည)
(လရောင်ရွာတဲ့ ရွာ)
-------------------------------
'' လိမ်လည်လှည့် ဖြားခြင်သည် မကောင်းမှု့ ဖြစ်သည်။ မရိုးမဖြောင့် ပြုခြင်းသည် မကောင်းမှု့ ဖြစ်သည်၊ အနိုင်အထက်ပြုခြင်းသည် မကောင်းမှု့ ဖြစ်သည်။ နှိပ်စက်ကလူပြုခြင်းသည်မကောင်းမှု့ ဖြစ်သည်။ ကိုယ့် ထမင်းတစ်လုပ်အလို့ ငှာ အခြားသူတို၏ ထမင်းလုပ်ကိုပုတ်ချခြင်းသည် မကောင်းမှု့ ဖြစ်သည်။ ကိုယ့် အကျိုးစီးပွား အလို့ ငှာ အခြားသူတို၏ အကျိုးစီးပွားကို ပျက်စီးစေခြင်းသည်မကောင်းမှု့ ဖြစ်သည်၊ မကောင်းမှု့ ကို မကောင်းမှု့  ဟူ၍ '' သိ ''နိုင်ဖို့ ရာ ပီအိပ်ခ်ျဒီရဖို့ မလိုဘူးဟု ထင်သည်။ အကြားအမြင်နည်းသည့် တိုင် မကောင်းမှု့ ကို မကောင်းမှု့ ဟူ၍ ''သိ'' နိုင်ဖို့ ရာ အခါခပ်သိမ်းထွေပြားဖွယ် မရှိဟုထင်ပါသည်။ ဟီရိ..ရှက်စွ ၊ လန့်  သြတ္တ ဟု ဆိုသည် ။
မကြောက်မလန့် ၍ သို့ မဟုတ် မကြောက်သာ မလန့် သာ၍ မကောင်းမှု့ ကို သိသိကြီးနှင့် ပြုခဲ့ ပါလျင် ပြုသူက သိမ်ငယ်နေသင့် သည်၊ စိုးရွံ့ နေသင့် သည်။ အခြားသူတစ်ပါးက ကဲ့ ရဲ့ ရှုံ့ ချနေမလားဟု စိုးရွံ့ နေသင့် သည်။ အခြားသူတစ်ပါးတို့ ကလည်း မကောင်းမှု့ ပြုခဲ့ သူကို ကဲ့ ရဲ့ ခြင်း ရှုံ့ ချခြင်း မပြုသည့် တိုင် လက်ခုပ် သြဘာပေးဖို့ မသင့် ဟု ထင်သည်။ ချီးမြှောက်အားပေးဖို့ မသင့် ဟုထင်သည်။
လောကကိုစောင့် ရှောက်သောတရား ''ဟီရိသြတ္တပ္ပ'' ကို လောကပါလတရား နှစ်ပါးအဖြစ်လက်ခံခဲ့ ကြသည်။ မကောင်းမှု့ ပြုလာခဲ့ သူဆိုတာ သိလျက်နှင့်  ''' တစ်ချက်တည်းကျင်းဝင် '''လာသူကို ဂုဏ်ပြုနေသလိုမျိုး ဂုဏ်ပြုနေပါလျင် ရှက်စရာလည်း ရှက်စရာမဟုတ်တော့  ကြောက်စရာလည်း ကြောက်စရာမဟုတ်တော့  ကမ္ဘာလောကသည်လည်း......''
(လရောင်ရွာတဲ့ ရွာ)
-------------------
''ရှု့ မျှော်ခင်းတစ်ခုကို အတူကြည့် မိခြင်းဖြစ်ပါလျက် မတူညီ ကွဲပြားသောအမြင် သို့ မဟုတ် မတူညီ ကွဲပြားသော ခံစားမှု့ တို့  ဖြစ်ထွန်းရသည်မှာ တစ်စုံတစ်ရာသော ခြားနားချက် များ ရှိလို့ သာ ဖြစ်တန်ရာသည်။ ''
( လရောင်ရွာတဲ့ ရွာ..)
------------------------------------------
''ဥာဏ်ပညာရှိသူတို့ သည် သေခြင်းတရားကို ရှာ၏ ထို့ ကြောင့်  ၄င်းတို့ သည် သေခြင်းတရားကို ကြောက်ရွ့ံ ထိတ်လန့် ခြင်းမဖြစ်ကြကုန်
( ဆော့ ခရတ္တိ)
ကျွန်တော်စဉ်းစားကြည့် မိသည် သေခြင်းတရားဆိုသည်မှာ ကြောက်ရွ့ံ ထိတ်လန့် စရာကောင်းတာလည်း အမှန်ပဲဖြစ်သည်။ မသေမီ၌ သေခြင်းတရားကို ရှာဖို့ ဆိုသည်ကလည်း ပြောသလောက်မလွယ်လှ ၊ ကဗျာဆရာမ ကြည်အေးကတော့ ..
''မြိုက်လောင်ပူနွေး မီးငွေ့ ပေးမှ အသက်ရရှိ
ကျွန်မချစ်မြဲ သံသာဝဲမှ
ခွဲထွက်ချင်ဘူး တပ်မက်ဦးမည် ။'' ဟု ဆိုခဲ့ သည် ။
သေခြင်းကို သေအောင်သတ်နိုင်မည့်  သစ္စာတရားကို ရှာဖွေမတွေ့ မီအကြား ဘ၀သေရည်ရစ်မူး၍ မူးတူးမင်တင် ပျော်ပိုက်နေဆဲ ဖြစ်သော ကျွန်တော်တို့ အား သေခြင်းသည် ဘယ်နှစ်ကြိမ် ဘယ်နှခါ ကြောက်ရွံ့ ထိတ်လန့် အောင် ပြုနေဦးမည်မသိနိုင်ပြီ ။
( လရောင်ရွာတဲ့ ရွာ..)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..