အတ္ထကထာ..
--
သူ့ ရဲ့  ကိုယ့် ရဲ့  လက်ရှိ ဖြစ်တည်နေဆဲ ဘ၀အပေါ် ခံစား စံစား တန်ဘိုး ယူကြည်မှု့ ပကတိ အခြေအနေ
အချိန်အခါသဘောတွေ နဲ့  ....
'
''' ပုထုဇဉ် သဘောနွယ်ဝင် လူ့ သဘာဝအရ တပ်မက်ခြင်း လိုအပ်ခြင်း လူအပ်နေတဲ့ အခြေအနေ
လူ့ ဆန္ဒ လက်ငင်းဘ၀ကျင်လည်မှု့  ဘ၀အခြေအနေတွေပေါ်က ဖြစ်လာတဲ့  ခံစားမှု့  အတွေးအမြင်
သဘောတွေအရ '''ပုထုဇဉ် လူ့ သဘာဝ ဆိုတာ စိတ်ပြောင်းတတ်တဲ့  သဘောရှိတယ် '''
ဆိုတာကို ထည့်  မတွေးမိတော့ လိုက်တဲ့ အခါ ..ကိုယ်စီ ကိုယ်စီရဲ့  အတွေးအမြင် လိုအင်ဆန္ဒ ဘ၀ဂုဏ်မောက်မှု့  ပညာမာန ဓနမာန စည်းစိမ်းမာန အာဏာမာန တွေကနေ အညှိုးသဘောတွေ နာကျဉ်စရာတွေ ဖြစ်လာခဲ့ တော့ တယ် . .. ဒိထက်ပိုရင် ရာဇ၀င်တွင်တဲ့  မဟာစစ်ပွဲကြီးတွေ အထိ.....
ငယ်နုစဉ် စာသင်သားဘ၀မှာတော့ ဆရာသ္ခင်တွေရဲ့  ကောင်းမြတ်တဲ့  အရိပ်အာဝါသအောက်မှာ စာသင်သားချင်း အရောင်တူ အသွေးတူ တွေချည်းပေါ့ ...ကာလတစ်ခု ရောက်တဲ့ အခါ...တစ်ယောက်သော သူငယ်ချင်းက ပညာသမား သိက္ခာ သီလကို ရင်ဝယ်ထွေးပိုက်ခဲ့ သူ..
တစ်ယောက်သောသူက ကံအကျိုးပေးဆိုက်ရောက်နေချိန် ရရှိ လာ ခံစားလာရတဲ့  ဓန ...လက်နက် အာဏာအပေါ်ကို ပညာသမား သိက္ခာ သီလအပေါ်ထက် ပို၍ ပို၍ ....ညွှတ်နူးသွားခဲ့ သူ........
မတူညီတော့ တဲ့ ဘ၀ကံကြမ္မာတွေဟာ ကိုယ်စီ ကိုယ်စီရဲ့  အတွင်းမနော ခံစားမှု့ တွေကို ငယ်နုစဉ် က သူ့ ရှိကိုယ်စား သူ ကိုယ့် အခက်သူကူညီလို့  ဆိုတဲ့  ...
ငယ်က ပေါင်းတဲ့  ငယ် သူငယ်ချင်း အရင်းကြီးတွေပါလေ ဆိုတဲ့ ခံစားမှု့ တွေအပေါ် မူလ ဖြူစင်နေခဲ့ တဲ့  သံယောဇဉ်တွေအပေါ် လောကရဲ့  သမုတိ ဓန အာဏာ စည်းစိမ်တွေအပေါ် ...အရောင်ဆိုးထားခံလိုက်ရချိန်.............
အရင်က အေးအတူပူအမျှ သူငယ်ချင်း နှစ်ယောက် ကံကြမ္မာ တစ်ကွေ့ တစ်ဖန်ပြန်အတွေ့  ပညာသမားနဲ့  အာဏာဓနသမား ဘ၀အနေအထားတွေကနေ ..ပက်ပင်းဆုံ စကားစမြည်ပြောခွင့် ရလိုက်ချိန်မှာတော့ ...............။။။။
(ဒေါဏရဲ့  အတ္ထကထာ...)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..