
---------------
စတိတ်တုန်းက အတန်းပိုင်ဆရာမက ကျောင်းသားဟောင်းတွေကနေတစ်ဆင့်  ဖုံးကွန်တက်ရပြီး ချိတ်ဆက်မိသွားတာအတော်ကြာပြီ ဆရာမက အသက်၈၀တန်းတောင် ၀င်နေပြီ
ဖုံးလေးနဲ့ ဆက်ဆက်ပြီး ဗေဒင်ကြည့် တယ် ယတြာတောင်းတယ်..ဆရာမက အဲ့ လို့ ဆိုတော့  ကျနော့် မှာ ကိုယ်သိထားတဲ့ ပညာနဲ့  ပြန်ကျေးဇူးဆပ်ခွင့် ရနေသလိုဖြစ်နေလို့  ကုသိုလ်ကို တစ်ပုံကြီးရနေသလိုပါပဲဗျား...ဆရာမကနေ သူ့ စတိတ်က တပည့် ဟောင်း ကျောင်းပြေး ငပွေး ဆိုးပေလေး စုတ်ပြတ်မနေဘူးဆိုတာ သိရလို့ လဲ ၀မ်းတွေသာ ဆုတွေပေးပေါ့ ..
ဆရာမက သူ့ တပည့် လေးဆိုကို နတ်လမ်းညွှန် ပေးလို့ ရောက်ရောက်လာတဲ့ ကိုယ့် ထက် သဘာပိုကျတဲ့ နောင်တော်ဟောင်း တပည့် ဟောင်းတွေလည်းမနဲဘူးဗျ ခိခိ..
အဲ ဒီနေ့ အဖြစ်ကတော့  အားလည်းနာတယ် ခင်လည်းခင်တယ်ပဲ. ဆရာမလုပ်ပုံက ကျနော့် အတွက်တဲ့  သူ့ တပည့် ဟောင်းတစ်ယောက်နဲ့  နှိုးစက်နာရီလေး တစ်လုံးလက်ဆောင် ပေးလိုက်သတဲ့  ဟီးးး.ဆရာမက တပည့် ကို လက်ဆောင်ပြန်ပေးတာ တွေးပြီး..ခ်ခ် ချင်မိရော..
အဲ သူတပည့် ဟောင်း အကြောင်းလေးပြောချင်လို့ ဗျ အခက်အခဲရှိရင် လာနေကျတော့ ဖြစ်နေပြီ တစ်ခါမှ သူ့ အမျိုးသမီးအကြောင်း မမေးဘူးဘူး ရိုးတာက အတော်ရိုးတဲ့ လူလို့ တော့ ဆိုလို့ ရတယ်
ကျနော်ကလည်းဆရာမရဲ့ တပည့်  စတိတ်ကျောင်းတူခဲ့ တယ်ဆိုတာလေးနဲ့  ကျနော် ဘာပြောပြော စွတ်ယုံတတ်တဲ့ လူ ငိငိ.။
ဒီနေ့  အဇြစ်က မိန်းမကလည်း သူ့ အလုပ်ကိစ္စလေး ကြည့် ခဲ့ ပေးပါ မွေးသက္ကရာဇ်ကတော့  နှစ်ခု ဖြစ်နေလို့ ဘယ်ဟာအမှန်လဲတော့ သူကိုယ်တိုင်မသိ ပြက္ခဒိန်နဲ့ တိုက်ကြည့် ပေးပါတဲ့ လို့ ဆိုလာရောဗျ..( ဖစ်မှ ဖစ်ရလေ..ငိငိ)... အဲ့ မှာ မွေးသက္ကရာဇ်က ၁၂ လပိုင်း ၈၂ နဲ့  ၁၂လပိုင်း ၈၃ တဲ့  ရက်စွဲကွဲပြီး ၁၂ လပိုင်းကတော့ အမှန် သောကြာသမီးကတော့ အမှန်ပါတဲ့ ဗျာ.
.သူပြောတာ ပြက္ခဒိန်ထဲကြည့် တော့  ရက်စွဲရော လပိုင်းရော သက္ကရာဇ် ၂ ခု စလုံးက သောကြာ တွေချည်းပဲ အဲ့ မှာ အုံးနဲနဲစားသွားတယ် မဟာဘုတ်ကျတော့  အတော်ကွာသွားတယ် ၈၂ က သုညကြွင်းသောကြာ ဖြစ်ပြီး ၈၃ က ၁ ကြွင်းသောကြာ ဖြစ်နေတယ်
ဒါနဲ့ ကျနော်က နဲနဲထောက်လှမ်းရေးဆင်းရတယ် သူ့ အမျိုးသမီး ဘာကျမ္မာရေးတွေ မကြာခဏဖြစ်တတ်လဲ လို့ မေးလိုက်တော့  ဗိုက်ခဏခဏအောင့် တတ်တယ် အစားနဲနဲမှားတာနဲ့  အောင့် တတ်တယ် ဇက်ကြောလဲတက်တတ်တယ် လို့ ဖြေတယ် နဲနဲ စွာတဲ့ ဖက်ဆန်လား ဆိုတော့  ကျနော့် ထက်သတ္တိကောင်းတယ်ဆြာတဲ့ ( ဖြေပုံက အဲ့ လို ခိခိ).
ဒါနဲ့ ဘယ်မှာ အလုပ်လုပ်နေလဲမေးတော့  ရွှေဆိုင်မှာတဲ့  ကြာပြီလားဆိုတော့  ၁၀နှစ်တောင်ကျော်ပြီတဲ့ ဗျ.....( အဲ့ မှာ ရွေးလိုက်ရတယ် ဒါဆို သူက ၁၂လပိုင်း ၈၃မွေး သောကြာသမီးပဲဗျ ၈၂ သောကြာသမီးစတိုင် မဟုတ်ဖူးဗျ လို့  ဆိုတော့  ဟုတ်ကဲ့  ဟုတ်ကဲ့ တဲ့  သူ့ ယောက်ျားက ငှင့် . ကြုံလေ ဘုံဗွေ ပဲ..ဟီးဟီး.
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..