Powered By Blogger

Monday, May 30, 2016

လစိတ်တွက်နည်း....







လစိတ်တွက်နည်း
--------------
လပိုင်း ဗေဒင် နမူနာ..
----------
အခု ပုံဆွဲပြထားတာက မွေးစကနေ သေတဲ့ အထိ တနင်္ဂနွေသားသမီးတိုင်း အတွက် ဘယ်အသက်ရောက်ရောက် ကြုံနေတတ်တဲ့  တစ်နှစ်တာအတွင်း အကောင်း အညံ့ သဘော
လပိုင်း ယေဘူယျ လောကဓံ သဘောတွေပါ ...အညံ့ သဘော အပြင်းအထန်အရမ်း ကြုံမှာလား...စတိလောက်လား၊ အကောင်းအများကြီးကြုံမှာလား နဲနဲပဲလား ဆိုတာ..တစ်ခြား အချက်အလက်တွေ နဲ့  ဘယ်အသက်ပိုင်းမှာလည်း ဆိုတာ တွက်ချိန်ပါတယ်....

ဆိုပါတော့ ...တစ်နှစ်တာ ဖြတ်သန်းမှု့ ကို လပိုင်းတွေ ခွဲလိုက်ရင် ၁၂ လ ရပါမယ်...။
ဘယ်နေ့သားဖြစ်ဖြစ် ဂြိုလ်အရ လစိတ်တွေကို ပိုင်းရင် သူ့ မွေးလကနေသာ စပိုင်းလိုက်ပါတယ်....



ဒီတော့  ဥပမာ...ဇန္နငါရီလ ၁ ရက်နေ့ မွေးတဲ့  တနင်္ဂနွေသားသမီးဆိုပါတော့ ..။ သူ့ မွေးနံကို တနင်္ဂနွေ ဂြိုလ်ထောင့် က စထည်ူ့ ရင် မွေးရက်ကနေ တစ်လခွဲက တနင်္ဂနွေလစိတ်
အကောင်းပေါ့ ။ နောက်ထပ် တစ်လခွဲဆိုရင် တနင်္လာလစိတ်ပေါ့ ...သဘောက တနင်္ဂနွေသားသမီးတွေဟာ မွေးလကနေ ၃ လ အထိက အခြေအနေကောင်းလေ့ ရှိတယ် နေမကောင်းရင် ဆေးဝါးမှီတယ် ဆေးကုရလွယ်တယ် အသက်ဘေးကလွတ်လွယ်တယ်ပေါ့ ...ကောင်းစရာရှိရင်လည်း အတော်လေး ဂွတ်နေတယ်ပေါ့ ...

တနင်္လာ လစိတ် အကောင်းပိုင်းကိုကျော်သွားရင် အင်္ဂါလစိတ်ကိုစ၀င်ပါတယ်...ဒီတော့  တနင်္ဂနွေသားသမိးတိုင်းဟာ သူတို့ မွေးလကနေ ၃ လကျော်တာနဲ့ အညံ့ သဘောတွေများ
နေတတ်တဲ့  အင်္ဂါလစိတ်ကို ရောက်ပါတယ်...အဲဒိကနေ အညံ့ သဘောများတဲ့  ဟူး၊ စနေ လပိုင်းတွေကို တစ်လခွဲစီဖြတ်ရပါတယ်...၄လ။၅။၆လ။၇လပိုင်း လ၀က်လောက်အထိပေါ့အဲ့ လတွေမှာ တနင်္ဂနွေတွေဟာ ခြူခြာလွယ်တာ ပြဿနာပေါတာ ရန်သဘောတွေ စသဖြင့် ထွေလီကာလီတွေ မျိုးစုံကို အနဲနဲ့ အများ ကြုံရပြီး ဖြတ်သန်းသွားရပါတယ်....ပြဿနာ သဘောတွေကတော့  သူ့ အသက်နဲ့ သူသဘောပေါ့ ...ပြီးတော့  ဒါဟာ အယူ အနွယ် အရောင် မခွဲပါဘူး တနင်္ဂနွေသားသမီး လို့  သိတာနဲ့  ဒီသဘာဝကို ကြုံရမှာပါပဲ...

စနေလစိတ်ကို ကျော်တဲ့ အခါ ကြာသာပတေးလစိတ် အကောင်းကိုရောက်ပါတယ်...အဲဒီမှာ တနင်္ဂနွေတွေဟာ ကံပြန်ကောင်းလာသလိုတွေကြုံရလို့ ...လွတ်မြောက်နယ်မြေ ပြန်ရောက်ပြီလို့ တောင် အားပေးတင်စားပြောလို့ ရပါတယ်...သဘောက အသက်ကြီးပိုင်း တနင်္ဂနွေတွေ အလုပ်ရရင် အလုပ်ပြောင်းရင် စွန့် စားရင် ကံကမျက်နှာသာပေးတဲ့ လပေါ .အသက်ငယ်ပိုင်း ခြူခြာနေသူတွေဆို နေပြန်ကောင်းလာတဲ့ လပေါ့ ..လစိတ်အရဆို ၇လပိုင်းလယ်ကနေ ၈လပိုင်းကုန်ဆို ကြာသာပတေးလစိတ်ပေါ့ ....

ဒီတော့  ဇန္န၀ါရီတစ်ရက် မွေးတဲ့  တနင်္ဂနွေတွေဟာ သူတို့ ရဲ့  ဘ၀တစ်သက်တာမှာ ''၇လပိုင်းလ၀က်ကျော် ၈လပိုင်းလောက်နေ မတ်လ ဆိုတဲ့  ၃ လပိုင်းလောက်''အထိက အကောင်းများများကြုံမယ် ချမ်းသာစရာရှိရင် အဲ့ လပိုင်းတွေကြားမှာ စပြီးချမ်းသာလာနိုင်တယ်ပေါ့  ကျမ္မာရေးမကောင်းရင် ပြန်ကောင်းလွယ်တယ် အသက်ကြီးလို့  ရောဂါကြီးလို့  အသည်းအသန်ဖြစ်နေရင်တောင် လွယ်လွယ်နဲ့ မသေနိုင်သေးတဲ့  ပေါ့ ...

ဧပြီလ မေလ ဇွန်လ နဲ ဇူလိုင်လ၀က်တို့ ကတော့  အင်္ဂါ ၊ ဟူး ၊စနေ လစိတ် အညံ့ တွေ ဖြစ်လို့  အခက်အခဲတွေ များလေ့ ရှိမယ် ငွေထွက်နှုးံများမယ်၊ ခြူခြာလွယ်မယ်။ ပြဿနာပေါမယ်၊ မွဲစရာရှိရင် အဲ့ လတွေမှာ မှားတဲ့ အမှားတွေကနေ စမွဲမယ်...စသဖြင့်  ထောက်ထားလို့ ရပါတယ်...ကျောင်းသားဆို အဲ့ လပိုင်းစာမေးပွဲတွေရှိရင် လွယ်လွယ်နဲ့ တော့  မအောင်ဘူး အသေအလဲကြိုးစားမှ ရမယ်ပေါ့  သမီးရီးစားလင်မယားတွေဆို ကွိုင်တွေခဏခဏတက်မယ်ပေါ့ ....

အဲဒီလိုတွေ ထောက်ထားတာကို ဘယ်လောက် အထိ နီးစပ်မှု့ ရှိသလဲဆိုတာကို နောက်ကြောင်းက ဖြစ်ခဲ့ သမျှတွေ ပြန်စဉ်းစားရင် ပေါ်လာပါတယ်.....၊ အဲ ဒါကြောင့် တနင်္ဂနွေသားသမီးတိုင်းဟာ သူတို့ မွေးလကနေ ၃ လကျော်သွားရင် သတိထားနေပါ စိတ်ရှည်ပါ ကျမ္မာရေးဂရုစိုက်ပါ ပုံမှန်ကနေ အပြောင်းအလဲသိပ်မလုပ်နဲ့  ငွေများများထုပ်ပြီးလျှောက်မလုပ်နဲ့ တွေ ဆိုတာမျိုးမှာရတာ...ကလေးဆို ၃ နှစ် ၄နှစ် ၅ နှစ်သားတွေမှာ ပိုဂရုစိုက်ရလိမ့် မယ်လို့ ကြိုမှာထားလို့ ရတာတွေဖြစ်လာပါတယ်....

ဒါပေမယ့်  ဖြေရှင်းလို့ မနိုင်တာက...အဲ့ လတွေ ရောက်တိုင်း အနဲနဲ အများ ဘာလို့  အဲ့ ဒိလိုတွေ ကြုံနေတတ်သလဲ ဆိုတာကို ကျေနပ်လောက်အောင် မရှင်းပြနိုင်တာ မသိသေးတာပါပဲ...အများစုကလည်း အဲ့ ဒီလိုလတွေမှာ ဒဲ့ ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အရစ်ခံရပြီး ကျော်လာကြရတာများတာပါပဲ...သဘောက ရောဂါတော့ သိတယ် ဆေးကုတယ် ကောင်းတယ်..ဒါပေမယ့်  အဲ့ ရောဂါရဲ့  ပင်ရင်းအကြောင်း မသိသေးဘူး သဘောမျိုးပါ.....

တစ်ခြားနေ့ သားတွေလည်း သူ့ ဟာနဲ့ သူ ပုံမှန် ဂြိုလ်ပတ်လမ်းတွေနဲ့ ချည်းပါပဲဗျာ...( အခု လစိတ်ပိုင်းစတိုင်ဟာ ရှေးဟောင်းမူမဟုတ်ပါဘူး. ဆရာသမားက ၉၀၀န်းကျင်မှာ စစဉ်းစားတွေးခေါ်မိပြီး ကျနော်တို့ တပည့် တွေနဲ့ အတူတူ စောင့် ကြည့် အကဲခတ်ရင်းက ချသုံးလို့ ရခဲ့ တဲ့ လစိတ်ပိုင်းနည်းပါပဲ)

ဆိုပါတော့  အလွယ်ထောက်ပြရရင် အင်္ဂါသားသမီးတိုင်း သူတို့ မွေလကနေ ရှေ့ ကို ၄ လ ၀န်းကျင် လောက်အထိက တစ်နှစ်တာမှာ ဖယိုဖရဲအများဆုံး ကွိုံင်အများဆုံး ခြူခြာအလွယ်ဆုံး လတွေ ဖြစ်နေတာ ဒဲ့ ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပြဿနာထူပြောတာတွေ။ အဲ ၄လကျော်သွားရင်လည်း လွတ်မြောက်နယ်မြေ ရောက်သွားသလို ပေါ့ ပေါ့ ပါးပါးနဲ့  အဆင်ပြေစရာလေးတွေ ပြန်ဖြစ်လာတာတွေဟာ ဒီလစိတ်ပိုင်းတဲ့  ဂြိုလ်ပတ်လမ်းစတိုင်ကြောင့် ပါပဲဗျာ..

'ဒီတော့  လူတိုင်းမှာ သူ့ အရွယ်နဲ့ သူ သိသိသာသာ အရစ်ခံရတဲ့  လပိုင်းတွေဟာ အသက်တစ်နှစ် ဖြတ်သန်းမှု့ မှာ ၄ လ လောက်ရှိနေတတ်ပြီး နေသာ ထိုင်သာ လှုပ်သာတဲ့  လတွေက ၈ လလောက် ရှိနေတယ်ဆိုတာကို တွက်ထုတ်လို့ ရလာတဲ့ သဘောပါ...
----------------------------------

အကယ်၍  ၁ လပိုင်း ၁ရက်နေ့  မွေးတဲ့  သောကြာသားသမီးဆို သူတို့  မွေးနံ သောကြာအဌလက်ခွင်က စချရပါမယ် ၁လပိုင်း၁လလုံးလုံးနဲ့  ၂ လပိုင်းလလယ်အထိ သောကြာအဌလက်ခွင်မှာ လစိတ်သဘော၊ ၂လလယ်ကနေ ၃လပိုင်းတစ်လလုံးလုံးက တနင်္ဂနွေလစိတ်သဘောပါ။

အကယ်၍ ၁လပိုင်း ၁၅ ရက်နေ့ မွေးတဲ့  သောကြာသားသမီးဆိုရင်  ၁လပိုင်းလလယ်ကနေ ၂လပိုင်းလကုန်အထိက သောကြာအဌလက်ခွင်မှာလစိတ် ၃လပိုင်းလဆန်းကနေ ၄လပိုင်း လလယ်အထိက တနင်္ဂနွေ လစိတ် သဘောပါ သဘောက ဘယ်နေ့ သားသမီးမဆို လစိတ်ချရင် ကိုယ့် မွေးနံ ဂြိုလ်ထောင့် ကနေချည်း စချတယ် တစ်လခွဲပြီးရင် အရှေ့ ဂြိုလ်ခွင်ကို ပြောင်း တစ်လခွဲချတယ် ဒီလို  အရှေ့ ဂြိုလ်ခွင်တွေကို တစ်လခွဲ တစ်လခွဲ ရွှေ့ ရွှေ့ ချသွားတယ်ပေါ့ လေ.
---------------
အဲ့ မှာ ရက်ခဏခိုးတာ ရှိပါတယ်

အကယ်၍  တနင်္ဂနွေသားသမီးဟာ ၁ လပိုင်း ၁ရက်နေ့ မဟုတ်ပဲ ၉ ရက်နေ့  မွေးရင် ၁၅ ရက်မွေးလိုလို ခဏ ရက်ခိုးလိုက်ပြီး ၁လပိုင်း လတစ်ဝက်ကနေ ၂ လပိုင်းကုန်အထိဟာတနင်္ဂနွေလစိတ်မှာ ၃လပိုင်းတစ်လလုံးလုံးနဲ့ ၎လပိုင်း လတစ်ဝက်ဟာ တနင်္လာလစိတ်သဘော ဖြစ်သွားမှာပါ နောက်မှ စိတ်နဲ့ လိုတိုးပိုလျှော့ တွေးယူပါတယ်


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..