Powered By Blogger
Monday, May 30, 2016
အခါတိုင် သဘော အမေး 
အခါတိုင် သဘော အမေး 
===============
နောက်ထပ် မေးချင်တာ ရှိလို့ ခွင့်ပြုပါ 
ဟိုနေ့က ကျွန်တော်မှာထားတဲ့ စက်ပစ္စည်း  ရလာတယ်၊ လက်ကိုင်ဖုန်းပါ (Samsung Galaxy Note 4)။ ရတဲ့ အချိန်က သောကြာချိန် ဖြစ်နေတယ်။
စက်ပစ္စည်းလို့ မြင်မြင်၊ samsung ဆိုတဲ့ brand ကို ကြည့်ကြည့် နဝင်း ပေါ်နေတယ်။ 
ဒါပေမယ့် လာပို့သူကလဲ ကြာသာပတေး အမည်၊ ကျွန်တော်ကိုယ်တိုင်လဲ ကြာသာပတေးသား။ အခါတိုင်ရဲ့ အခိုက်ကို ရောက်နေတယ်။ 
ဒီတော့ ကျွန်တော့အတွက် ကြာသာပတေးနာမ် အခက်အခဲ တွေ့တော့မယ်လို့ ပြောနိုင်ပြီလား ဆရာ။ အခိုက်နဲ့ နဝင်း ဆက်စပ်ပုံကို 
အခုထိ မျက်စိ လည်ကောင်းတုန်း ရှိသေးတယ်။ 
==============================================
မေးတာ တိုတိုလေး ပညာသဘောဖြစ်နေတော့   ဖြေလိုက်ရတာ....ငိငိ ခ်
----------------------
ဒီအမေးမှာ ကောက်သူကိုယ်က အင်္ဂါနံ န၀င်းပစ္စည်းလို့ ကောက်လိုက်တဲ့ အတွက် န၀င်းပစ္စည်းမှန်ရင် လက်ခဲရရှိတဲ့  အဲ့ သောကြာတိုင်က  ၇ နေ့ သားသမီး ကို ဘာပြဿနာမှ သယ်ဆောင်လာစရာ အကြောင်းမရှိဘူးဘုရား ပစ္စည်းဝင်တဲ့  အခါလေးက ကောင်းသားပဲလောက်ပါပဲ
-
------------
နောက်တစ်ခါဆက်စဉ်းစားရတာက ဒီ န၀င်းပစ္စည်းဆိုတာကြီးကို လက်ခံရရှိသူဟာ သောကြာတိုင်မှာ အင်္ဂါ ၊ စနေ ၊ ဟူး သောကြာသားသမီးတွေဆို ဒီပစ္စည်းဟာကြာကြာအသုံးခံမယ်
မပျောက်ရှ မပျက်ဆီးလွယ်ဘူး သဘော ဒိထက်ပိုပြီး လူ့  ကံကြမ္မာကို ဘ၀ကြီးတစ်ခုလုံးစာ မလွှမ်းမိုးတတ်ဖူး  ( ပစ္စည်းနံ ကို အကောင်းကောက်ရင် မူလကနေ စုတ် စီးပွား န၀င်းနေရာ တွေက နံ ၄ နံ ကကအကောင်းသဘော
နာ ခိုက် ပျက်နေရာက အည့ံ သဘော ။ အကောင်း အညံ့ သဘောက နဲနဲကျယ်ပြန့် တယ်ပစ္စည်းရဲ့  အရည်အသွေး အနိမ့် အမြင့်  အမှန်အကန်သဘော အင်ရော သဘော နယူးစစ်စစ် သဘော ပြန်ပြင်ထားတာသဘော စသဖြင့် တွေသဘောလဲ ဖြစ်နိုင်တယ်
---------------------------
အကယ်၍ အဲ့  န၀င်း အင်္ဂါနံ ပစ္စည်းကို လက်ခံရရှိသူဟာ တနင်္လာ ကြာတေး တနင်္ဂနွေ တွေဖြစ်နေရင်လည်း ပစ္စည်းက အ၀င်ကောင်းက အ၀င်ကောင်းပဲ ဒါပေမယ့်  နာခိုက်ပျက်နေရာက လူတွေလက်ထဲ ကြာကြာအသုံးမခံတာ ပျက်လွယ်ပျောက်လွယ်တာ သုံးရင်းက ခဏလေးနဲ့ မကြို့်တော့ လို့ ဆက်မသုံးတော့ ပဲ သူများကို ပေးသုံးလိုက်တာမျိုးတွေ ဖြစ်လာတတ်တာမျိုး
--------------
နောက်တစ်ချက်က  နံကောက်တဲ့ အခါ  ပစ္စည်းတစ်ခုကို ကိုယ်ကောက်တဲ့  နံ ကောက်နဲ့  အများစုအသိ အလွယ်ခေါ်နေတဲ့  နံကောက် တူလား မတူဘူးလား မတူရင် အဲ မှာလဲ အဲ့ ပစ္စည်းရဲ့ အကျိုးသက်ရောက်မှု့  က ကွာလိမ့် မယ်
---------------
အခု ဒီပစ္စည်းကို အရှင်ဘုရားက စက်ပစ္စည်းနဲ့  ဆမ်ဆောင်း ဆိုပြီး အင်္ဂါနံ န၀င်းလက္ခဏာလို့ ကောက်တယ် ဒါဆို ဒီပစ္စည်းက အာရုံမစားပဲ ကိုယ့် အတွက် အိုကေ မယ့် ပစ္စည်းဖြစ်နေရမယ်( ဒီနေရာမှာ အရှင်ဘုရား ဘာနေ့ သားလဲ အရေးမကြီးသေးဘူး)
------------
ဒါပေမယ့်  အဲ့ ပစ္စည်းကို အများဆိုင်ရာ အသုံးများတဲ့  အခေါ်က '' ဖုံး '' ပဲ ကြာသာပတေးနံ ဒဲ့  ပဲ ။  ဒီ သဘောသာ မှန်ရန် သောကြာတိုင်မှဝင်လာတဲ့  ဖုံး ဟာ  ဘယ်နေ့ သားလက်ထဲပဲရောက် အညံ့ သတ္တိပါလာတဲ့ သဘော  ဆောင်တယ် အညံ့ ဆိုတာ သင့် တော်တဲ့ ဈေးထက် ပိုပေးလိုက်ရတာ ဈေးကြီးမိသွားတာ အရိပ်ခံလိုက်ရတာ  အင်ရောထားတာ အရည်အသွေးနိမ့် တာ
ပျက်လွယ်ပျောက်လွယ်တာ ကိုယ်ကြာကြာမသုံးလိုက်ရတာတွေ သဘောတွေပဲ ( အကယ်၍ ဖုံး မဟုတ်ပဲ ''မြေကွက် '' သာ ဆိုရင် ပိုင်ဆိုင်မှု့  မမှန်တာ ဈေးကြီးမိသွားတာ အရင်းရဖို့ တောင် မနဲပြန်ရောင်းယူရတာ
အဆင်မသင့် ရင် မြေအမှု့ တွေ ပါလာတာမျိုး)ဒီတော့  အခု ပစ္စည်းဟာ အင်္ဂါ န၀င်းသတ္တိ အားကြီးသလား ကြာသာပတေးနံ ခိုက်သတ္တိ အားကြီးသလားဆိုတာ သိပ်မကြာခင် သိရနိုင်မယ့် သဘော
 --------------
--------------
အကယ်၍ ဒီပစ္စည်းဟာ့ စက်နဲ့ တံဆိပ် အင်္ဂါနံ ပညတ်သံထက် ဖုံး ဆိုတဲ ကြာသာပတေးနံ ပညတ်သံက ပိုအားကြီးနေပြီး အရှင်ဖျားက ကြာသာပတေးသား ဖြစ်နေရင် ခိုက် ၂ ထပ် ဖြစ်နေလို့  အဲ့ ပစ္စည်း သိပ်မကြာခင် လက်ကလွတ်ကျ ဖို့  နီးနေပြီ သဘောရှိလာလိမ့် မယ် မှန်အစင်းကြောင်း ခပ်မြန်မြန်ထင်ဖို့  နီးစပ်တယ် ကလိတာလက်လွန်သွားလို့  ဖုံးကို ဆေးပြန်ကုယူရဖို့  နီးစပ်တယ် ၃ရက်နဲ့ ၆ရက်ကြား ၃ပတ်နဲ့ ၅ပတ်ကြား ၃လနဲ့ ၅လကြားအတွင်းသဘော.
------------------------------
နောက်တစ်ချက်က ကိုယ့်  ပိုက်ဆံနဲ့  ကိုယ်ဝယ်တာနဲ့ အလကားမတ်တင်း လက်ဆောင်ရတဲ့  ပစ္စည်းတွေသဘောမှာ ပါလာတတ်တဲ့  အကျိုးသက်ရောက်မှု့  ကံ သဘောတွေ မတူပါဘူး.. ဥပမာ အင်္ဂါသက်ရောက်မှာ ကားဝယ်တာဟာ ဒုက္ခကို ကိုယ်တိုင်ဝယ်ယူတာနဲ့ တူပြီး ဒီပညာသိလို့  ယုံလဲယုံရင် မ၀ယ်ပဲ ရှောင်လို့ ရပါတယ်  အင်္ဂါသက်ရောက်မှာ တစ်ယောက်ယောက်က ကိုယ့် ကို ကားဝယ်ပေးတယ်ဆိုရင် ကိုယ့် ကံကိုက ဆိုးချင်လို့ သဘော ဒီကားကို လက်ခံခံ မခံခံ မကြာခင် ကံဆိုးမှု့ တွေလာတော့မယ်ဆိုတဲ့ နမိတ်..။
--------------------
ရေးခဲ့ ဘူးတယ် ရွှေဝယ်တာ ရောင်းတာ  ဘယ်သူမဆို  ဂုရုတိုင် တစ်တိုင်ကိုရှောင်ထားရင် ပိုကောင်းတယ်  ရွှေဟာ ဂရုတိုင်မှာ ခိုင်ပစ္စည်းဖြစ်နေပြီး တန်ဘိုးကြီး ပစ္စည်းဖြစ်နေလို့  ရောင်းမှားဝယ်မှား ကြုံလွယ်လို့ ...ဂုရုတိုင်မှာ  ၀က်သားတုတ်ထိုးစားရင် အဆင်မသင့် ရင် ၀မ်းကိုက်ပိုးထိတတ်တယ် ၀မ်းပျက်ဝမ်းလျှော ဖြစ်လွယ်တယ် သဘော။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..