Powered By Blogger

Monday, May 30, 2016

ပညတ်ကောက် သဘော 


ပညတ်ကောက် သဘော 
=============
မေး...ဆရာက ကျွန်တော့ဆီ ဝင်လာတဲ့ ဖုန်းကို အများသုံး "ဖုန်း" ဆိုတဲ့ ကြာသာပတေးနံ ဒဲ့ကောက်သင့်သလား။ စက်ပစ္စည်း အနေနဲ့၊ ဆမ်ဆောင်း ဆိုတဲ့ brand အနေနဲ့ ကောက်သင့်သလား ဆိုတဲ့ သဘော စဉ်းစားပြသွား တယ်။ 
ဖြစ်ပုံက ဒီလို ဆရာ။  ဒီနှစ် သင်္ကြန်အလွန် ပျက်သွားတဲ့ ဖုန်းက ဆမ်ဆောင်း၊ လူက ၁နွေသက်ရောက် ဆိုတော့ အင်္ဂါတန်းကပ်မှာ ရှိတာနဲ့ ဆမ်ဆောင်း ထပ်မဝယ်ဘဲ ရှောင်မယ် ဆိုပြီး ကျွန်တော်က LG က ထုတ်တဲ့ Nexus 5x ဆိုတဲ့ ဖုန်းကို တပည့်တယောက် သူ့နိုင်ငံအပြန်မှာ မှာလိုက်တာ။  
 ဖြစ်ချင်တော့ LG brand က သူ့နိုင်ငံမှာ လူသုံးနည်းတယ်၊ ဈေးကြီးသင့် တာထက် ပိုကြီးတယ်။ ဒီအကြောင်း တပည့်က ဖုန်းဆက်ပြောပြတော့ "ဒါဆိုလဲ မတန်မရာ ဈေးကြီးပေး မဝယ်တော့ပါဘူး၊ Samsung က ထုတ်တဲ့ Galaxy Note 4 ပဲ ဝယ်ခဲ့" ဆိုပြီး ပြောမိသွားတာ။    မှာပြီးမှ "ဟင်၊ ငါ့နှယ် အင်္ဂါနံ ရှောင်ခါမှ အင်္ဂါနံနဲ့ တည့်တည့် တိုးမိပလေ" ဆိုပြီး တွေးမိသေး။ နောက်တမျိုး ပြောင်းဖို့ကလဲ တပည့်က အချိန် မရတော့ဘူး၊ ဆိုင်ရောက်ပြိး မှ ဖုန်းဆက်တာကိုး။ 
အဲဒါကြောင့် ဒီဖုန်းရောက်လာတော့ အင်္ဂါနံ ကောက်မိတာ ဆရာ။ တိုက်ဆိုင်ပုံက ဝယ်လာပေးတဲ့ တပည့်က ဖျားနေလို့ ကိုယ်တိုင် လာမပို့နိုင်ဘူး၊ သူ့ သူငယ်ချင်း ကြာသာပတေး နာမည်ရှင်ကို ပို့ခိုင်းတယ်။ သူတို့ (၂)ယောက်လုံးက ကြာသာပတေးနံ နိုင်ငံသားတွေ။ သောကြာတိုင်မှာ နဝင်း အင်္ဂါနဲ့ ဆက်စပ်လို့ ကြာသာပတေး အခိုက် သတ္တိ ထင်ရှားလာတယ်လို့ မြင်ကြည့်ရင် မရဘူးလား ဆရာ။
ဥာဏ်မှီသလောက် တွေးကြည့်တာပါ။ ဆရာ့ သုံးသပ်ပြတာကိုလဲ ကြားချင်ပါတယ် ဆရာ။  
××××××××××××××
မေး..ဖုန်းကိုဝယ်တာလဲ ကြာသာပတေးနံ နိုင်ငံမှာပဲ။
----------------------------
ဖြေ......ဒဲ့ ပြောရတာ အားနာနေလို့ ခမျ  ဖုန်းတစ်လုံးရဲ့  ပညတ်သတ္တိက ဗမာပြည်တင်မ ကမ္ဘာလုံးဆိုင်ရာမှာပါ တံဆိပ်ထက် ဖုန်း လို့ သာ အများက ပိုသိကြတယ် ဒါကြောင့်  ဖုန်းကို ဖုန်း လို့ ပဲ ကြာသာပတေးနံလို့ ပဲ ကျနော်က ဒဲ့ ကောက်တယ် ဖုန်း ကိစ္စမှာ တံဆိပ် ဟာ အဓိက မကျဘူး သဘောပါ... ရေစက်မော်တာတွေဟာ စက် ပညတ်ပိုအားကြီးတယ် မော်တာဟာ ဘာအမျိုးအစားလဲက အဓိကမကျသလိုပဲ  ကား မှာ ကား ဆိုတဲ့ ပညတ်က လူအများစုအတွက် အဓိက အသိဖြစ်တယ် ကားအမျိုးအစားဟာ အဓိက မကျဘူးသဘောပါ ဒီတော့  သောကြာတိုင်မှာ ဖုန်း လက်ခံရရှိကတည်းက ခိုက်သတ္တိပါလာတဲ့ ဖုန်းပဲ လို့ တန်းယူတာပါ ဘာတံဆိပ်လဲကို မယူတော့ ပါဘူး
-------------------------------



မေး..သောကြာတိုင်မှာ ရတဲ့ဖုန်းဆိုတော့ ခိုက်သတ္တိ ပါလာတာကို နားလည်ပါတယ် ဆရာ။ ဝယ်လာပေးတဲ့သူ ဖျားနေတာကိုက နိမိတ်သဘောလို့ ယူရင် ရမယ် ထင်ပါတယ်။ ကျွန်တော်သိချင်တာက ဒီ ၅တေးခိုက်နဲ့ တိုက်ရိုက် ဆက်စပ်တဲ့ နဝင်း အင်္ဂါကို ဘာကောက်မလဲ။ ဆမ်ဆောင်းကိုပဲ ကောက်ပြီး ဖုန်းကကောင်းတယ်၊ ၅တေးသား လူတော့ မကောင်းဘူး ယူရမှာလား၊ ဒါမှမဟုတ် ဖုန်းဆိုတဲ့ ၅တေးအခိုက်ကြောင့်ကို နဝင်း အင်္ဂါလဲ ပုတ်သွားပြီ၊ မကောင်းနိုင်တော့ဘူးလို့ ယူရမှာလား  ဆိုတဲ့ သဘောမျိုးပါ။
-----------------------------------------

ဖြေ.....အဲ့ မှာ သောကြာတိုင်ရဲ့  ဘေ့ စစ် သီဝရီ န၀င်းနဲ့  ခိုက်ကို အဓိက ထားပြောတဲ့  အရူး အပျော် တိုင်ဆိုတဲ့  သဘောကို သိလိုက်ပြီဆိုရင် အဖြေထုတ်ရတာ လွယ်သွားပြီခမျ
ခိုက်ပစ္စည်း ၀င်လာပြီဆို အပျော်ဆိုတဲ့  န၀င်းက အင်္ဂါနံ စိတ်ချမ်းသာခြင်း စိတ်တောင့် တမှု့ ပြည့် စုံခြင်းသဘောတွေ ပျက်ဆီးသွားပြီး အင်္ဂါနံ ဟာ အပုပ်သဘောဆောင်သွားလို့  အနဲဆုံးစိတ်မချမ်းသာရတော့ ဘူး ညစ်ပြီ ဒီထက်ပိုရင် ရူးချင်စိတ်ပေါက်လောက်အောင် စိတ်ညစ်ရတဲ့  အဖြစ်တွေ လာတတ်တယ်ပေါ့  ဒါဟာ န၀င်းနဲ့ ခိုက်နဲ့ ချိတ်ဆက်ပုံ ပါဗျား....
---------------------
မေး..အော်...အခြေခံတိုင်သဘောကို ထည့်စဉ်းစားရတာကိုး။ ဒီဖုန်းကြောင့် စိတ်ညစ်ရတာမျိုး ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အခြားအကြောင်းတခုခုကြောင့် စိတ်ညစ်ရတာမျိုး ဖြစ်လာနိုင်တာပေါ့။ သဘောပေါက်ပြီ ဆရာ။ ကျေးဇူး အများကြီး တင်ပါတယ်။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..