'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, May 30, 2016
မနက်ဖြန်စိတ်ကူး
မနက်ဖြန်စိတ်ကူး
--------------
လက်ဘက်အသားတွေချည်း တစ်ထုပ်ဝယ်လိုက်မယ်
ပြီးရင် ရေစိမ်ထားလိုက်မယ်
ခါးလွန်းတဲ့ ဓါတ်တွေ ကုန်သလောက်ရှိသွားရင် အဲ့ လက်ဘက်သးတွေကို
ရေစစ်ပြီး လက်နဲ ဆုပ်ခါ ဆုပ်ခါနဲ့  ရေညှစ်လိုက်မယ်
ပြီးရင် အဲ့ လဘက်သားတွေအပေါ်
ဆီစိမ်းဆန်းမယ်
ပြီးရင် ဆား ပါလေယုံ ထည့် လိုက်မယ်
ပြီးရင် သံပုရာသီးညှစ်ဖြန်းလိုက်မယ်
ပြီးရင် မိုးမျှော်ငရုပ်သီးစိမ်းတောင့် လေးတွေ ကပ်ကျေးနဲ့  ညှပ်ထည့် လိုက်မယ်
ပြီးရင် နွှာပြီးသား ကြက်သွန်ဖြူလေးတွေ ပါးပါးလေး လှီးစိတ်ပြီးထည့် လိုက်မယ်
ပြီးရင် အနှံ့  နယ်လိုက်မယ်
ပြီးရင်မြည်းကြည့် လိုက်မယ်
OK .....
အပြင်းပြေ အိပ်ချဉ်ပြေ အွန်လိုင်းပတ်တုန်း ပါးစပ်ထဲ မြုံ့ လို့ ရတဲ့ 
ချဉ်ငံစပ် လက်ဘက်သားလေး ဖြစ်သွားပြီ...
အို့ အို.....
ပုစွန်ခြောက်လေးတွေနဲ့ တွဲမြုံ့ မှ ပို ဂွတ်သလိုလို ....ငိငိ
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..