
ဂြိုလ်လေးသက်ရောက်လေးက ကောင်းနေသားပဲလို့ ဆိုပေမယ့် 
------------
ဒါကိုပြတာက လူတစ်ယောက်ဟာ ဘုမ္မိကြီးမှ ဘုမ္မိလေးမှ အသက်ဘယ်လောက်ရောက်မှ ဘယ်ကိန်းကျမှ အမှားပြုမိရင် ဘ၀ပျက်နိုင်တယ် ကိန်းတွေ ဘုမ္မိကြီးတွေ ဘာညာမတိုက်ဆိုင်သေးရင် ဂြိုလ်ကောင်းနေရင် သက်ရောက်ကောင်းနေရင် ဘ၀မပျက်နိုင်ဘူး လို့ ပုံသေမမှတတ်နဲ့  ဂြိုလ်ကောင်းလဲ လစိတ် မကောင်းချိန်မှာ ရမ်းကားရင် တစ်သက်စာ ကားသွားနိုင်တယ် ဆိုတာကို ချင်တာပါ
ဒီပုံက ၂ လပိုင်း မွေး တဲ့  ဘယ်မဟာဘုတ်နဲ့  မွေးတဲ့  ဘယ်အသက်ပိုင်းရောရောက် ကျားမ မရွေး ကမ္ဘာပေါ်က ရှိသမျှ သောကြာသားသမီး အကုန်အတွက် ပြတဲ့  တစ်နှစ်တာ ဂြိုလ်ပတ်လမ်းပါ..
ဖေဖေါ်ဝါရီလကို သောကြာသားသမီးရဲ့  မွေးနံထောင့်  သောကြာဂြိုလ်အိမ်က စအခြေတည်ပြီး ဂြိုလ်အိမ် တစ်ခွင်ကို တစ်လခွဲ စတိုင်နဲ့  ရှေ့ ကို တစ်ဂြိုလ်ပြီးတစ်ဂြိုလ်ထည့် သွားရင်...ဇွန်နဲ့ ဇူလိုင်လကြားဟာ အင်္ဂါလစိတ်အညံ့  ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာ လကြားဟာ စနေလစိတ် ဖြစ်နေတာတွေ့ ရမယ်..
သဘောက ၂ လပိုင်းမွေးတဲ့ သောကြာသားသမီးတွေဟာ မွေးရာကနေ သေတဲ့ အထိ နှစ်စဉ် အနဲ့ အများ သူ့ အသက်ပိုင်းနဲ့ သူ အညံ့ သဘော ပြဿနာသဘောကို တစ်ခြားလစိတ်ထက် ပိုပြီးသိသိသာသာ ရင်ဆိုင်ခံစားရလိမ့် မယ်လို့ ပြောတာပါ...အပြီးဒုက္ခဖြစ်သွားတာ ယာယီဒုက္ခသဘော ဖြစ်တာဟာ နောက်မှ မဟာဘုတ်တွေ ဘယ်သက်ရောက်လဲဆိုတာတွေနဲ့ ညှိယူတယ်ပေါ့ 
ဒါပေမယ့်  လပိုင်းလေးညံ့ တာပဲ ကိစ္စမရှိပါဘူးလို့  လျှော့ တွက်လို့  မရတာက ကျနော်က ဘယ်အချိန် ဖြတ်ဝင်လာပြီး ဘယ်လို ပုံစံနဲ့ ထပြီး ကောင်းကျိုး ဆိုးကျိုးပေးမယ်မှန်းမသိတဲ့  အတိတ်ကံကို တင်စားထားတဲ့  unknown သဘောအတွက် တစ်ကွက်ချန်ထားလို့ ပါပဲ...
အဲ့ unknown သဘောကြောင့်  သက်ရောက် လွှတ်ကောင်းနေပေမယ့်  အဲ့ ဒီလို စနေလစိတ်မှာ စိတ်ကြွဆေးရောင်းတာ ရဲမိလို့  ဂျေးထဲ ၁၅ နှစ်လောက် အောင်းသွားရတာမျိုးတွေ သက်ရောက် ကောင်းပေမယ် နဂိုအခံ ဒေါသကြီးတတ်သူက အင်္ဂါလစိတ်အဖြတ်မှာ တောအရက်တစ်ပုလင်းဖိုး အကြွေးတောင်းမရတာနဲ့  ပေါက်ကွဲပြီး လက်ထဲက အရက်ပုလင်းနဲ့ ကောက်ရိုက်လိုက်တာ လက်ဆပြင်းပြီး သေသွားလို့  ဂျေးထဲ ၇ နှစ်အောင်းသွားရတဲ့ အဖြစ်မျိုးတွေ အများကြီးကြုံခဲ့ ဘူးလို့ ဗျာ..အဲ့ လိုများဖြစ်သွားရင် သက်ရောက်ကောင်းတွေကို ဂျေးထဲမှာ ဖြတ်သန်းရတော့ မှာပေါ့ 
...( ဂျေးထဲမှာ သက်ရောက်ကောင်းတော့  သူများတွေထက် ဟင်းတစ်တုံးတော့ ပိုစားရတဲ့  သက်ရောက် ကောင်းကျိုးလေးတော့ ရသေးတယ် ဂျေးထဲမှာ သက်ရောက်ဆိုးတော့  ထောင်ကျနေပါတယ်ဆိုမှ ထပ် အချုပ်ခံရတဲ့ သဘော တိုက်ပိတ်ခံရတယ်.သဘောက သက်ရောက်ကောင်းကျိုးဆိုးကျိုး သဘောကတော့ ရောက်လေရာ အရပ် ရှိနေမယ်လို့ ဆိုလိုတာ )
သဘောက လူတစ်ယောက် ၇ နေ့  သားသမီးစလုံးဟာ တစ်နှစ်အတွင်းမှာကိုက အင်္ဂါ ဆိုတဲ့  အညံ့ လစိတ် စနေဆိုတဲ့ ပြဿနာလစိတ် အတွင်းရန်ဆိုတဲ့ လစိတ် မရဏဆိုတဲ့ လစိတ်တွေ ဖြတ်သန်း နေရတာချည်းပါပဲ...တော်ယုံနဲ့ ဘေးမဖြစ်ပဲ ဖြတ်သွားနေကြတာ ဘေးလေး စတိလောက်ဖြစ်ပြီး ဖြတ်သွားနေကြတာဟာ လူ့ ကံသတ္တိတွေ သူတို့ ဟာသူတို့  လုပ်နေတဲ့ ဘာသာရေးအားတွေကြောင့် ကလည်း အမှားနဲနဲ လုပ်မိပေမယ့်  တော်ယုံနဲ့  ဒုက္ခမဖြစ်ပဲ ဖြတ်သွားနိုင်ခဲ့ ကြတာမျိုးပဲ...ဒီပညာခွင်ကို သိသွားတဲ့ သူတွေကတော့  မသိတဲ့ သူတွေထက် နဲနဲ ပိုသတိထားလိုက်နိုင်တဲ့  သဘောလေး ရလာတယ်ပေါ့ လေ..သဘောက ဗေဒင်တတ်ရခြင်းအကျိုးက လက်တွေ့ ဘ၀အတွက် အသုံးတည့် တယ်ပေါ့ 
တကယ်ဆို ကောင်းပါတယ်ဆိုတဲ့  လစိတ် တစ်လခွဲ ဆိုတဲ့  ၄၅ ရက်ထဲမှာကို ပြဿနာရှာတတ်တဲ့  ရက်တွေက ၁၁ ရက် ၁၅ ရက်လောက်ပါနေသေးတာမျိုး...အဲ့ လောက်ကြီး အနုမစိတ်ချင်တော့ လို့  ကိုယ့် ဟာကိုယ် ဘုရားတရားနဲ့ အေးအေးနေတာပဲ ကောင်းပါတယ်လေ ဖြစ်သွားတာ..ဟဲဟဲ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..