'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, May 30, 2016
ဗေဒင်တွက်ပုံစတိုင်
ဗေဒင်တွက်ပုံစတိုင်
------------
ဒီနေ့  တနင်္လာနေ့  မနက် ၁၁ နာရီလောက် ဘောမဆိုတဲ့ အင်္ဂါတိုင်မှာ အမျိုးသမီး ၁ ယောက် သူ့ ယောက်ျားအတွက်ဆိုပြီး ဗေဒင်ဝင်ကြည့် လာတယ် ၁၂ ၁၃လောက်ရှိမယ့်  ခလေးတစ်ယောက်နဲ့ ပါ ...
သူ့ အမျိုးသား မွေးသက္ကရာဇ်က ၁၁ လပိုင်း ၇၃ မွေး တနင်္လာပါ
( အဲ့ လို ပြောလိုက်တာနဲ့  ဘောမတိုင်မှာ တနင်္လာသားဟာ ခိုက် နေရာရောက်နေပြီ သက်ရောက်က အသက် ၄၃ မို့ အညံ့  လစိတ်က စနေလစိတ်မှာ ဒီတော့  အဲ့ တနင်္လာသား ပြာနှမ်းနေပြီဆိုတာ မှန်းလို့ ရနေပြီ အညံ့ တွေအကြောင်း နင်းပြောရင် မှန်လောက်ပြီ) သဘောက သက်ရောက်အညံ့ ဟာ ဘယ်လောက်တောင်ညံ့ နေပြီလဲ မညံ့ သေးဘူးလား ညံ့ တော့ မှာလား ဆိုတဲ့ သဘောကို ဗေဒင်လာတွက်တဲ့  အခါတိုင်က ပြနေတယ်သဘော)
သားအမိရဲ့  အ၀တ်အစားသဘောက ဒီလောက်ကြီး နွမ်းဖတ်မနေဘူး လက်ဝတ်လက်စားတော့  အမျိုးသမီးမှာ မဆင်ယင်ထားဘူး ..ဒီတော့  အတွင်းထရံအပြင်ရွှေ မှင်လေးနဲ့ လှုပ်ရှားနေတာပဲရှိတယ် အတွင်းမှာ အတော် ကျပ်တည်းနေပြီဆိုတာ မှန်းလို့ ရတယ် အနဲဆုံး ငွေကျပ်နေပြီ။.
ဘာအလုပ်လုပ်လည်းဆိုတော့  ကားလည်းမောင်းတယ် ကျောက်ပွဲစားလဲလုပ်နေတယ် ငွေကျပ်လွန်းလို့ ပါ တဲ့  သူများညွှန်လိုက်လို့  ယတြာကောင်းတယ်ဆိုလို့ ပါတဲ့ ...ဒီတော့  ပြောရပြီ ကားတို့ ကျောက်တို့ က အကျိုးမပေးတာမဟုတ်ဖူး ကံမကောင်းချက်က ၄၂ ၀င်ကတည်းက စခဲ့ တာ အခုနှစ်ဟာ ဒုတိမြောက်အညံ့ နှစ်ပါ ၄၄ အထိ အရစ်ခံနေရဦးမယ် စီးပွားတက်ဖို့ ဆို ၄၅ မှ ဖြစ်နိုင်တယ် တိုက်ဆိုင်ချက်က
ဒီ ၂၀၁၆ ဆိုတာ တနင်္လာနံ ခိုက်တဲ့ နှစ်ဖြစ်နေတော့  အခု သူလုပ်တဲ့ အလုပ်နဲ့ ဆို ကားမတော်တဆမှု့ တို့  ကျောက် အလိမ်ခံရလို့  စိုက်ရော်ရတာတွေ ဖြစ်တတ်တဲ့ နှစ်မျိုးပဲလို့ ဆိုလိုက်တော့  အဲ့  နှစ်မျိုးစလုံး ဖြစ်ပြီးခဲ့ ပြီတဲ့ 
ဒါနဲ့  လူနဲ့  အလုပ်နဲ့  သက်ရောက် နဲ့  ဗေဒင် သဘောတရားတွေ ပြောရင်းက သူ့ မျက်နှာမှာ အခုလောလောဆယ် ငွေကျပ်နေတာကို ဘယ်လိုများ ဆိုတဲ့ မျှော်လင့် ချက် ဒီအကျပ်အတည်းတွေက ဘယ်တော့ များ လွတ်ပါ့ မလဲဆိုတဲ့  မျှော်လင့် ချက်တွေ က အတိုင်းသားပေါ်နေတာ အကဲခတ်လို့ ရနေတယ်
ဒါနဲ့ လိုတိုရှင်း ပြောပြီး အခု ကြုံနေရတဲ့  အကျပ်အတည်းဟာ မေ လ ( စနေလစိတ် ) မို့ လာမယ့်  စနေနေ့ ကျော်ရင် လွတ်တော့ မှာပါ ကံမကောင်းသေးပေမယ့်  တစ်နှစ်လုံးတော့  မဟုတ်ပါဘူး ကံသာတဲ့ လပိုင်းတွေရှိပါသေးတယ် ရှေ့  ၆လပိုင်း ဒုတိယ ပတ်လောက်ဆို အသက်ရှုချောင်းသွားမှာပါ အခုလောလောဆယ် ရက်ပိုင်းလေး အသက်ရူ ချောင်သွားအောင်ဆိုပြီး သပြေညွန့်  လှု ၊ ဆောင်၊ အိပ် ၊ရေစိမ်ချိုး နဲ့  ဘုရားပတ်ယတြာတွေ မီးထွန်းပိုက်ဆံ ယတြာတွေပေးလိုက်ပြီး စိတ်မပူနဲ့  အခုကျနော်ပေးတဲ့  ယတြာတွေလုပ်ရင် ရက်ပိုင်းအတွင်း ငွေလည်ပတ်လာမှာပါလို့  ပြောလိုက်တဲ့ အခါ အဲ့ အမျိုးသမီး အားတက်သွားပါရောဗျာ...
လူမှာ ဘူနေရာကနေ အားကိုးတစ်ခုခုလို မျှော်လင့် ချက်ရှိလာပြီဆို ပိတ်ဆို့ နေတဲ့  လာဘ်တွေ ပြန်ပွင့် လာပြီး အသက်ရူချောင်သွားလေ့ ရှိတယ် ဆက်ဘူနေလေလေ လာဘ်တွေကံတွေက ဆက်ပိတ်နေတတ်လေလေပါပဲ ဘူအတွေးတွေ အပိတ်လွန်ရင် ယတြာတောင် မတိုးလွယ်တတ်ဘူး..
စကားပြောရင်းက ကျနော်က ဒီလို ကံမျိုး ဒီလိုဇာတာမျိုးဆိုရင် သင်္ဘောသားတို့  ပြည်ပမှာ အလုပ်လုပ်နေသူတို့ ဆို ဒီလောက် ငွေမကျပ် ချောင်ပိတ်မနေတတ်ဘူး သူတို့ ဇာတာက အိမ်မကပ်စီးပွားသဘော အိမ်ဝေးဇာတာမျိုးတွေ လို့ ဆိုလိုက်တော့  သူ့ ယောက်ျားဟာ အရင်က မလေးရှားမှာအလုပ်နေတာ ဖြစ်ကြောင်း ပြေလည်ကြောင်း ပြန်လာမှ ရှာလို့ ဖွေလို့ မကောင်းတော့ ကြောင်း နဲ့  အခုတောင် အိမ်ငှားနေရတာဖြစ်ကြောင်း လချုပ်ပြည့် ခါနီးရင် ငွေအတွက်စိတ်ပူနေရကြောင်း ကလေးက သုံးယောက်ဖြစ်ကြောင်းတွေ........
ဘ၀ရဲ့  အတ္ထုပတ္တိတွေက အဲ့ လိုပါ အဲ့ အမျိုးသမီးက သူ့ ပါနဲနဲကြည့် ပေးပါ သူကတော့  ဘာအလုပ်မှမလုပ်ဘူး ယောက်ျား အိမ်ထောင်ဦးစီးသာမှီနေရတာ သူကောင်းမှ ကျမတို့ ...ဆိုလာတော့ 
မွေးသက္ကရာဇ် ချတွက်လိုက်တော့  ၇၉ ဖွား သောကြာသမီး ၄ ကြွင်း သိုက်ဖွား သောကြာသမီး... အသက် ၃၇ ကို မေလဆန်းက ပြည့် ခဲ့ လို့  အသက် ၃၈ စနေမရဏသက်ရောက်ဝင်စပြုပြီ...
သဘောက ဒီလင်မယားဟာ ကံတွေမှာ ပြိုင်တက်ပြိုင်ဆင်း လင်မယားဖြစ်နေတယ် အဲ့ သောကြာသမီး အမျိုးသမီး အသက် ၃၆ အင်္ဂါ သက်ရောက် စအ၀င် သူ့ ယောက်ျား ၅ ကြွင်းတနင်္လာ အသက် ၄၂ အင်္ဂါသက်ရောက်အ၀င်မှာ ၂ ယောက်သား အညံ့  သက်ရောက် အတူတူဝင်သလို ကံအညံ့ ဆုံမိချိန်ကတည်းက ဘဇ်နက် ရွာပျက်သွားတဲ့ သဘောပေါ့  ပြောရရင် ချောင်ပိတ်သွားသလိုဖြစ်ခဲ့ တာ မနှစ်ကတည်းကပေါ့ ..
အဲ့ အမျိုးသမီးကိုပါ စီးတဲ့ ရေ ကန်သင်းကျိုးလို့ မဖြစ်ဘူးဆိုတဲ့  သဘောတရားအရ သူ့ အတွက်ပါ ကာဘာယတြာ ပိတောက်ညွန့် ကို ဘယ်လိုယတြာ လုပ်ပါ ဘာတွေ သတိထားပါလို့  မှာရသလို့  တစ်နှစ်စွန်းစွန်းလောက်တော့  ငွေလည်ပတ်နေရင်ကျေနပ်ပါ လက်ရှိဘ၀အနေအထားထက် တိုးတက်ဖို့ က နောက်တစ်နှစ်ကျော်လောက် ကြာဦးမယ် အဲ့ အတွက်စိတ်ရှည်ပါ ဘာညာ ဘာညာ မှာတော်ပုံတွေ တစ်ပုံကြီး...
ဒါဟာ ကျနော့် လက်တွေ အလုပ်ခွင်ရဲ့ တကယ့်  အဟောအပြောနဲ့  အကြံပေးကံချိန် စတိုင်အစစ်ပါပဲ အပိုတွေ စိတ်ကူးယဉ်တွေ အတိတ်က ဘာကြီး ဖြစ်ခဲ့ တာတွေ နောင်အနှစ် ၂၀ မှ ဘာကြီးဖြစ်မယ် ဆိုတာတွေ ဟောရိုးမရှိပါဘူး နေ့ တဓူဝ ရင်ဆိုင်နေရတဲ့ ဘ၀ဒုက္ခတွေကိုသာ ပလေတို ဆိုကရေးတီး အရစ္စတိုတယ် ဒဿန သဘောတွေ အမေးအဖြေလုပ် တဲ့  သဘောမျိုး မေးသူရဲ့  ဆန္ဒနဲ့ ဟောသူရဲ့  ပညာအရ ဖြစ်နိုင်ခြေတွေ လမ်းပေါက်တွေရှာ အပြန်အလှန်မေးခွန်းတွေထုတ် သူပြောတဲ့ စကားတွေ ကြားနာပြီး ဗေဒင်နဲ့  ချိန်ကြည့်  ဦးစားပေး တွက်ချက်ချိန်ဆ ယတြာတွေ ဘ၀နေနည်းတွေ ကျော်ဖြတ်နည်းတွေ ပြောပြတဲ့ သဘောပေါ့ လေ
ပြီးတော့  ပြောတဲ့ အခါမှာ ဘယ်ဂြ်ုလ်ကြီးရောက်နေလို့  ဘာညာ ဗေဒင်ပညာက အသုံးအနှုံးတွေ မသုံးသလောက်ပါပဲ တစ်ခါတစ်လေမှာ မေးသူတွေဟာ သူတို့ နားမလည်တဲ့ ဗေဒင်ပညာ အခေါ်အဝေါ် အသုံးတွေကို နားထောင်ပေးနေရတာ စိတ်ရှုတ်တယ် စိတ်မ၀င်စားဘူး တစ်ချို့ ဆို စိတ်တောင်တိုလာတယ် သူတို့ သိချင်တာ လာရင်းကိစ္စ အခက်အခဲတွေ ဘယ်လို လွတ်မြောက်အောင် ကူညီနိုင်မလဲသာ အာရုံလာတတ်ပါတယ်
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..