'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Monday, May 30, 2016
ပစ္စည်း အ၀င်အထွက်နဲ့ အကျိုးဆက်အတိမ်အနက်
ပစ္စည်း အ၀င်အထွက်နဲ့ အကျိုးဆက်အတိမ်အနက်
----------------------------------------------
ပစ္စည်းတစ်ခု ၀ယ်တာ ဒါမှမဟုတ် လက်ဆောင်ရတာ တွေကို ဗေဒင်နဲ့ ချိန်ဆကြည့် နေတာ အိုဗာ မဖြစ်ဖူးလားလို့  သူငယ်ချင်းတစ်ယောက်က တွေးမေးတယ် ဟုတ်တာပေါ့  ဒါတွေးစရာပေါ့ ကျနော် အရင်ကရေးပြဘူးတယ် နေရာတကာ ဗေဒင်နေရင် လူဟာ ဖရီးမဖြစ်တော့ သလိုပဲ ကြာတော့ လူဟာ ဗေဒင်ထောင်ကျနေသလိုပဲ ဖြစ်လာတယ် ဒါကြောင့်  ဗေဒင်လာတွက်ချိန်လောက်ပဲ ဗေဒင်ပြီး ကျန်အချိန်အတော်များများမှာ ဖရီးဒန်းနေတယ်လို့  ကျနော် စဗေဒင်ကာစက စိတ်အခြေအနေနဲ့ 
နောက်ပိုင်း ပြန်ချိန်းပစ်လိုက်တဲ့ ဘ၀နေနည်းစတိုင်ကို ရေးခဲ့ ဘူးတယ် ။
ဒီလိုနေတာဟာ အရာရာဖရီးဒန်းတော့ မဟုတ်ပေဘူး ကျနော်တို့ ချိန်ဆတာက ကိုယ့် ဘ၀ကြီးတစ်ခုလုံးကို ထိခိုက်နိုင်လောက်တဲ့  အနေအထားတွေဆို ဖရီးမလွှတ်ထားပဲ ပေါ့ ပေါ့ ပါးပါးသဘောတွေမှာသာ ဖရီးဒန်းနေတာမျိုးပါ ဆိုပါတော့  အင်္ဂါသက်ရောက်မှာ ကားဝယ်တာနဲ့  အိမ်မှာမွေးဖို့  ငါးဝယ်တာဟာ အင်္ဂါသက်ရောက်က တနင်္လာနံ ခိုက် ပစ္စည်းဝယ်တာချည်းပါပဲ အတူတူပါပဲ ဒါမေယ့်  သက်ရောက်မှု့ မတူတာက ကား က အဆင်မသင့် ရင် ဘ၀အတွက် အမှု့ တွဲကြီးနိုင်ပြီး ငါးက ရေမူးပြီး မြန်မြန်သေတတ်တယ်ယုံလောက်ပဲပေါ့  ..နံချင်းတူပေမယ့်  အဖြစ်အပျက်ဆိုးတွေ ကြုံလာရင် အဲ့ ဒီလိုကွာသွားတတ်တယ်....
နောက်တစ်ချက်က လူတွေဟာ နေ့ တိုင်းလိုလိုပစ္စည်းတွေ တစ်ခုခုတော့  ၀ယ်နေကြတယ် ရောင်းနေကြတယ် အဲ့ လိုပြုမူနေတဲ့ အထဲမှာ အခါ ကောင်းမိတယ်ဆိုတာတွေပါမယ်
အခါဆိုးနဲ့  ခိုက်နဲ့ ဝယ်မိတာတွေပါမယ်...ဒါပေမယ့်  အဲ့ အတွက် ကောင်းကျိုးတွေ ဆိုးကျိုးတွေ ဖြစ်နေသလား မဖြစ်ဖူးလား အလွယ်နဲ့ မသိကြသလို အမှတ်လဲ မထားကြဘူး.
ကောင်းမှု့ ဆိုးမှု့ တစ်ခုခုကြုံရင် ဖြစ်တတ်တယ်လေ နဲ့ ပြီးတာများတယ် ဖြစ်တတ်တယ်လေ ဆိုတာ ဘ၀ကို မထိခိုက်လောက်လို့ သဘောပေါ့ 
ကျနော်ရေးဘူးသလို လူမှာ ကံရှိသေးတယ် ကံတစ်ကွက်ချန်သဘောရေးခဲ့ ဘူးတယ်လေ... သောကြာတိုင် နဲ့  ဖုံး နဲ့ ကို ပြဿနာ ရှာနေရင်းက တွေးတောင် တွေးမိသေးတယ် ဖုံး ကို အခြေခံပြီး လူမှု့ ပြဿနာတွေ ဂျေးထဲရောက်တာတွေတောင်များလားပြီ အဲ့ ပြဿနာဖြစ်ခဲ့ တဲ့ လူတွေပိုင်ဆိုင်တဲ့  ဖုံး တွေဟာ သူတို့ ဆီ ဖုံး ၀င်တဲ့ အခါတိုင်များ မကောင်းလို့ လား ဘာလားညာလား....ငိငိ..
သဘောက ပစ္စည်းတစ်ခုခု ၀ယ်ခြင်း အလကားရခြင်း ထွက်သွားခြင်း ကိစ္စတွေရဲ့ အကျိုးဆက် ကောင်းမှု့ မကောင်းမှု့  အတိမ် အနက်ဟာ တိုင်းတာရခက်တယ် ကိုယ့် တစ်ယောက်ချင်းကံနဲ့ ပဲ ပိုဆိုင်တယ် သောကြာတိုင်မှာ ဖုံး ၀ယ်လို့  မကြာခင် ဖုံး ပျောက် သွားတဲ့ အခါ ဘောစိတစ်ယောက်အနေနဲ့  နောက်တစ်လုံးဝယ်လို့ လွယ်ပေမယ့်  ၂ နှစ်လောက် ခြစ်ခြစ်ကုပ်ကုပ် စုဝယ်ရတဲ့  တစ်ချို့ တွေအတွက် ဘ၀ပျက်လောက် မတတ်ကြေကွဲတယ်ပေါ့  ဒါတောင် အထဲက ဒေတာတွေ မှတ်တမ်းတွေ အကြောင်းမပါသေးဘူး..
ဗေဒင်ထောင်ကျနေသလို မဖြစ်အောင် ဖရီးဒန်းနိုင်သမျှ ဒန်းနေအောင် နေခဲ့ တယ် ဆိုတာတောင် ဒီ နှစ်ထဲ ဖရီးဝင်လာတဲ့  နှိုးစက်နာရီဝင်လာတော့  အခါတိုင်ကို ဖြတ်ကနဲ တွေးလိုက်မိသေးတယ်
ဘောဘဆိုတဲ့  အင်္ဂါတိုင် စနေနံ န၀င်းတိုင်ထိပ် နဲ့  ၀င်လာတာဆိုတော့  အိုကေပေါ့  တပို့ တွဲလပြည့် နေ့ မွေးသောကြာဖြစ်နေလို့ အခု လစိတ်က စနေနံနဲ့ တနင်္လာနံအ၀င်ကောင်းတဲ့ 
တနင်္လာ လစိတ် ဒီတော့ လစိတ်အရလဲ အ၀င်မှန်တယ်ပေါ့ ..( စိတ်ကလှမ်းတွက်လိုက်တာ တွက်နေကျဆိုတော့ အဲ့ လောက်မြန်တယ် ) ဒါပေမယ့်  ထူးဆန်းချက်က ထီထိုးကြည့် ဦးမယ်လို့ 
စိတ်ကူးနေချိန်မှအဲ့ နာရီဝင်လာတာမျိုးပဲ ဒါမျိုးက ခဏခဏကို တိုက်ဆိုင်တာ မနဲပါဘူး ဗေဒင်အလိုအရတော့  ကျိမ်းကြေတယ် လောလောဆယ်ဒါနဲ့ပဲ ကျေနပ်ပါဦးသဘောပေါ့ 
လေ အငှင့်  ငိငိ....။
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..