Powered By Blogger

Wednesday, February 4, 2015

'' ကောင်းကင်တို့ ပြို ကမ္ဘာတို့ ပျက်တဲ့ ည...'' (အမေ့အတွက်ခံစားမှု့ စာစု)

မိသားစုအတွက် အနှစ် ၃၀ကျော်အတွင်းပထမဦးဆုံး သောကသတင်းဆိုးကို စတင်သယ်ဆောင်လာပုံက အမေ့ မှာ '' အဆုပ်ကင်ဆာ'' စွဲကပ်နေပြီဆိုတဲ့ သတင်းဆိုးပါပဲ....
ဒိထက်ဆိုးတဲ့ သတင်းဆိုးတွေတောင် ရင်နှင့် အမျှ ချစ်သောသူနဲ့ ပတ်သက်တဲ့ သတင်းဆိုးလောက် ဘယ်သတင်းမှ မဆိုးသေးဘူးလို့ တောင် ထင်မိတယ်၊ ကိုယ့် မိသားစု ကမ္ဘာကြီး အရင်ပျက်သွားသလိုပါပဲ....

ပထမ သုံးလလောက်အတွင်းမှာ သေခြင်းတရားကို အမေရော တစ်မိသားစုလုံး တက်ညီလက်ညီ ရုန်းကန်တိုက်ပွဲဝင်ကြတော့ တယ်.'''အရှုံးမပေးဘူး ပျောက်ကိုပျောက်ရမယ် အမေ့ အသက်က ငယ်သေးတယ် ဘာလို့ စောစောစီးစီး သေရမှာလဲ.'''.ဆိုပြီးတော့ ပေါ့ ..အားမာန်တွေသာ နင်းထည့် တာ လောကီနည်းစုံတွေအရရော ဆေးပညာစုံ ဖက်က ခန့် မှန်းချက်အရပါ..ခံလှ ၆လ ၇လ ဆိုတာ အပူရုပ်ကို ဟန်လုပ်နေကြတဲ့ အမေကိုယ်တိုင်ရော တစ်မိသားစုလုံးပါ ရိပ်မိနေခဲ့ ကြပြီ..

၎လလောက် အရောက်မှာတော့ အမေဟာ ပထမပိုင်း ၃လလောက်ကလို သေခြင်းကိုတုန်လှုပ်မှု့ မရှိတော့ ပဲ ငြိမ်ကျသွားတော့ တယ်..သေခြင်းအကြောင်းတွေ ဆေးအကြောင်းတွေကို ဘာမှမပြောတော့ ဘူး..ဆေးတိုက်ရင်သောက် ဝေဒနာကြွချိန်ဆို မလှုပ်မရှက် အံ့ ကြိတ်ခံနေခဲ့ ပြီ ၊ ပုံမှန်စကားတွေ ရယ်ရယ်မောမော ပြန်ပြောလာတော့ တယ်..သူက သေခြင်းကို ထီမထင် အက်ရှင်ပြောင်းသွားလေ ကျနော်တို့ မှာ ကွယ်ရာကနေ မျက်ရည်တွေ သုတ်နေရလေလေပါပဲ..အမေ့ရှေ့  တော့ မှင်လေးနဲ့ နေပေးလိုက်ကြတယ်..သောကနဲ့ ရယ်မောတဲ့ မျက်နှာတွေဟာ အတော် အကျည်းတန်လှပါလားလေ..။

နောက်တစ်လမှာတော့  ထူးခြားအိပ်မက်တစ်ခု ပြောတယ်..လူမဲမဲကြီးတွေ အနားရောက်လာတယ် လိုက်ခဲ့ လို့ ခေါ်တယ်..သူငြင်းပစ်တယ် မလိုက်သွားဘူးတဲ့ ၊ အဲ့ မှာ နောက်ရက်က  စပြီး.မနက်ရယ် နေ့လည်ရယ် ညနေတွေရယ်မှာ မောင်နှစ်မတွေ တစ်ယောက်တစ်လှည့်  ပရိပ်ကြီးစာအုပ်တွေ ထိုင်ဖတ်ခိုင်းလို့  ဖတ်ပေးရတော့ တယ်..တစ်ခါ ဖတ်ပြရရင် ၁၅မီးနစ်ကျော်လောက်ပေါ့ ...အဲ့ အချိန်မှာတော့  မျက်လုံးလေး မှေးမှိတ်ပြီး နားထောင်နေတယ်..။ 
နောက်တော့  အိမ်ကိစ္စတွေကိုသူက ပါးစပ်ကပြော ကျနော်တို့ က စာအုပ်ထဲ လိုက်မှတ် ပေးရတော့ တယ်၊ ပထမတော့  မမှတ်ချင်ဘူး ငြင်းကြည့် ပေမယ့်  မရတာနဲ့  မှတ်ပေးရတော့ တယ်..ကြိုတင် ပြင်ဆင်နေပြီလား အမေ...။

သံဃာတော်တွေအပင့် ခိုင်းလို့ ပင့် ပေးရတယ် အိမ်မှာ ဆွမ်းကပ်တယ် ဆရာတော်ကလည်း သိနေလို့ တရားဟောတာတောင် သူတို့ ကစပြီး အသံက တုန်တုန်တုန်တုန် တစ်ချက် တစ်ချက်ငိုသံက စွက်ချင်သေး နဲ့ သူတို့ က ရှေ့ ကထိုင်ဒီလိုဆိုတော့ အိမ်သားတွေက မျက်ရည်ကန်ကျိုးပြီပေါ့ ၊ သူကတော့ ဘာမှ မဖြစ်သလို..၊ 

နောက်ပိုင်းရက်တွေမှာတော့ တအိမ်လုံးဟာ စက်ရုပ်တွေလိုပါပဲ ဘာလုပ်လုပ် အသက်မ၀င်။ ဘာစားစားအရသာမရှိ၊ အမေအိပ်နေတဲ့ ကုတင်ကို လှမ်းလှမ်းကြည့် ရတာ အမော.

. ''' အမေငြိမ်လှချည်လား..အသက်မှ ရှုသေးရဲ့ .အမေ..အမေ့..အမေ..ဟေ..ဘာတုံး..သြော်..
လည်ပင်းခေါက်နေမှာ စိုးလို့ ...ခေါက်ပါဘူး...အဲ့ တော့ မှ..ဟူးးးး...တော်သေးရဲ့ ...'''..

တစ်နေ့ ပြီးတော့ တစ်နေ့  တစ်နေ့  ဒီနေ့ အမေ မသေသေး.အခြေအနေ ကောင်းနေသေး.နဲ့  လက်ချိုးနေရတဲ့ ရက်တွေ နေ့ တွေ..သောကပရိဒေ၀ မသေခင်ကကို လူသေသွားတဲ့ အိမ်လိုပါပဲ...''တောက်'' ငါသာ သေပေး လိုက်ချင်တယ်.''...

ညက အိပ်မက်တယ်.တဲ့ .'' ဘာအိပ်မက်လဲအမေ.''.''' ကောင်းကင်က ရထားပျံကြီး တစ်စီးလာတာတွေ့ တယ်ဟဲ့ .နောက်တော့ ငါ သရက်ခြံကြီးထဲ ရောက်သွားတာ အသီးတွေအများကြီးပဲ..ချိုလိုက်တာဟယ်.'''..'' ဟာား..အိပ်မက်ကောင်းပဲ..အမေ့ရောဂါ ပျောက်တော့ မယ်နဲ့ တူတယ်...''..ဒါဟာ နောက်ဆုံး အိပ်မက်မှန်း မသိခဲ့ သလို နောက်၅ရက်မှာ မိသားစုနဲ့ အပြီးး လမ်းခွဲ သွားတော့ မယ်ဆိုတာလဲ မသိခဲ့ ဘူး....

အဲ့ ဒီည.ဟာ ကောင်းကင်တို့ ပြို ကမ္ဘာတို့ ပျက်တဲ့ ညပေါ့ အမေရယ်...။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..