'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, February 4, 2015
ဒေါနတောင်ခြေ.. (ငယ်ဘ၀ခရီးသွားအတွေ့ အကြုံ)
စနစ် သဘောထက် တစ်ချက်လွှတ် ဗဟိုဦးစီးကြိုးနီသဘောက အားကြီးနေရင် အရာရာနီးပါး မှောင်ခို ဖြစ်သွားတတ်တဲ့ သဘောပဲ..ငါ့ နေရာ ငါဗျင်ဆိုတော့ ဆန်ပါ မှောင်ခိုချရတော့ တာပါပဲ..အဲ့ ဒီ ကာလတစ်ခုမှာ ကရင်ပြည်နယ်မှာ ဆန်ရှားရောဗျ..အဲ့ တော့ အမျိုးထဲက လက်ရဲဇက်ရဲ ဘကြီးက ဆန်မှောင်ခိုချတော့ တာပေါ့ ..သူချတော့  သူလည်းအဖေါ်ရ ကိုယ်လည်း မရောက်ဖူးလို့ လိုက်တဲ့ သဘောနဲ့ ပါသွားလိုက်တာ..(ဘားအံ့ ) ဖအံ့ ဟိုဖက် လှိုင်းဘွဲ့ အထိပါပဲ...ဆန်က လှိုင်းဘွဲ့ ကိုသွားပို့ တာကိုး...အီဇူဇူး လော်လီကားကြီးတွေနဲ တိုက်သွားတာ..အဲ့ အချိန်က မငြိမ်းချမ်းသေးပါဘူး..လမ်းမှာ များလိုက်တဲ စစ်ဆေးရေးဂိတ်တွေ.အဖွဲ့ က ပြည်သူ့ စစ်တွေ စစ်တပ်နဲ အကောက်ခွန်တွေ များတယ် မီးသတ်တွေကြက်ခြေနီတွေ ခေတ်မစားသေး မပါသေးဗျ.....ဂိတ်မှန်သမျှ လိုလိုကလည်း ပိုက်ဆံပေးရင် အကုန် လွှတ်ပေးလိုက်တာချည်းပဲ..အဲဒါနဲ့ များ စနစ်ကောင်းရဲ့ သားနဲ့  မအောင်မြင်ဘူး ပြောနေသေး....ဟီးးး.....
ကားစီးလုံးတိုက်ဆန်မှောင်ခိုသာဆိုတယ်..ဆန်အိပ်တွေကအပေါ်တွေဘေးတွေကသာစီထားတာ အလယ်မှာ ၀မ်းဗိုက်ချန်ပြီး ဒီဇယ်ပေပါတွေအများကြီး၊ တကယ့် မှောင်ခိုအသားကမှ ဒီဇယ်တွေ..ဆန်အိပ်တွေကို ကျော်ပြီး စူးနဲ့ ထိုးရှားရင် အလွယ်နဲ့ မတွေ့ သလို ပိုက်ဆံပေး လက်ဝါးရိုက်ထားတော့  ဒီဇယ်ပေပါတွေ ပါမှန်း သိလည်း မသိချင် ယောင် ဆောင်ပေးလိုက်တာပါပဲ... ဒီဇယ်ဆီအနံ့ တို့  ဟိုကွက် ဒီကွက်တို့ က တကယ်ဆို ဖုံးမရပါဘူး....
ဘားအံ အထိက တကယ်ဆို သိပ်ရင်တုန်စရာ မကောင်းသေးဘူး..တပ်ချထားတာ စိတ်တော့ လေ..ဖအံ့ ဟိုဖက်ထွက် လှိုင်းဘွဲ့ သွားတဲ့ လမ်းရောက်မှ ဘုရားစာ အသားကုန် ရွတ်သွားရတော့ တာ..တပ်ချထားတာကြဲပြီး လစ်ရင် လစ်သလို ဆက်ကြေး အကောက်ခံရတာ...ပစ်ကြခတ်ကြက ခပ်စိတ်စိတ်ဖြစ်နေတာ.....မှောင်ခိုချတဲ့ ဆန်ကားက ခေါင်းခန်းမှာ မောင်းတဲ့ သူနဲ့ မှ ၃ ယောက်ထိုင်တာ..၊ ကျန်တာက နောက်မှာ ဆန်အိပ်တွေပေါ်ကနေထိုင်လိုက်ရတာ...ခေါင်းပေါ်မှာက အမိုးကိုင်းသံကိုင်းက သိပ်မလွတ်ချင်တော့ ပါဘူး..
ပထမတော့ ဆန်အိပ်တွေက ဆိုဖာလိုပါပဲ ထိုင်ကောင်းသားပေါ့ ..နောက်တော့  ခရီးကြာလာလေ ဖင့် ကို ပူလာလေလေပဲ..ဒါနဲ့ သထုံနယ်ထဲရောက်နာမည်ကြီး အကောက်ဂိတ် အလံတရာကျော်တော့ ဝါးကပ်တွေဆင်းဝယ်ခင်းပြီး ထိုင်ရတော့ တယ်...အသက်ကငယ်သေးတော့  ပျော်နေတာပါပဲ..ဘားအံလည်း ကျော်ရော ဗမာပြည် ကျော် သွားသလား အောင်းမေ့ရတယ်..ကရင်တောကြီးကိုဖြစ်သွားကရောပဲ..အများကြီးမမြင်ဖူးတော့ ပျော်တာပေါ့ လေ မျက်နှာတွေက ရိုးသားပြီးချိုကြတယ်...ကားကြုံတက်လိုက်လာတာကိုက ကရင် အဖိုးကြီး အဖွားကြီးနဲ့ ကရင်မလေးတွေ...ကျပ်ကျပ် တည်းတည်းထဲ ကားကရှားလို့ တဲ့ ...ပြောနေလိုက်ကြတဲ့ စကားက ကရင်စကားချည်း..အတွေ့ အကြုံသစ်ဆိုတော့ .စိတ်ဝင်စားစရာတော့ ကောင်းတယ်...သူတို့ ကသူတို့ အမျိုးသားဝတ်စုံတွေသာ ၀တ်ကြတာများတယ်လေ...သူတို့ တွေပါလာတာနဲ့  လမ်းဆိုးဆိုးဖြည်းဖြည်း မောင်းနေရတဲ့ ကားလမ်းခရီးက မပျင်းရတော့ ဘူးဖြစ်သွားတယ်..
ခပ်ငိုက်ငိုက်ဖြစ်တုန်း ကားပေါ်က ဆင်းကြ ၀ပ်ကြ ဆိုလို့ လန့် နိုးပြီး ဘာမှန်းမသိ ခုန်ဆင်းပြေးဝပ်တော့  ကားလမ်းကို အလယ်ထားပြီး ဟိုဖက်ဒီဖက် ဖဲ နေကြတာလေ... တကယ့် တိုက်ပွဲထဲက သေနတ်သံဆိုတာ အဲ့ တော့ မှ တေ့တေ့ဆိုင်ဆိုင်ကြားဖူးတော့ တာ..ကားလမ်းဘေးက မြောင်းလေးထဲ ခေါင်းမဖေါ်ရဲဘူး...ပြီးတော့  ဟိုဖက်ဒီဖက် အော်ဆဲနေသံတွေလည်းကြားရသေးတယ်..ခပ်နီးနီးပဲ ဖဲ့ နေကြတာ .နောက်တော့  အသံပျောက်သွားတော့ မှ တပ်ကကောင်တွေ လမ်းပေါ်တက်လာတော့ တယ်...အဲ့ တော့ မှကြည့် တော့  ဟိုးရှေ့ မှာကားသုံးစီးလောက်တွေတာ ဆက်ကြေးကောက်သွားကြတာတဲ့ ...ဟိုလူတွေက ဖင်ခါပြီး ဟိုးဖက် လျိုထဲလစ်သွားပြီ...ဆက်လည်းမလိုက်ကြပါဘူး...
ကွိုင်တက်နေပါတယ်ဆိုမှ..ကိုယ့် ဆန်ကားမှာ ဘော်ဒီ အစပ်ကြားကနေ ဒီဇယ်တွေ တတောက်တောက်ဖိတ်ကျနေတာတွေ့ လို ကမန်းကတန်း ဆန်အိပ်တွေဖယ် ပွေးညှက်တွေ ဆပ်ပြာတွေနဲ့ အရေးပေါ်ထဖာရသေးတယ်..ပေါက်တပ်မှန်သိလို့  ယူလာကြပုံရတယ်..ဘယ်လို ဘယ်လို ပေါက်သွားမှန်းတော့ မသိပေမယ့်  ကိုယ့် ကားဆရာကို ပုခုံးပေါ်အပွင့် မဲတွေနဲ့ ဗိုလ်ကြီးက ဖြောင်းကနဲ ပါးရိုက်သွားသေးတယ်..တိုက်ပွဲဖြစ်နေတာ မကြားရကောင်းလားပေါ့ လေ..မကြားဆို ကားဆရာကလည်းငိုက်ပြီးမောင်းလာတာတဲ့ ...ပါးရိုက်လက်သံပြောင်တာ အဲ ကတည်းက နမူနာပါပဲတော် ဖြစ်သွားတာပါပဲ..အဆဲလည်းသံကြတယ်...
လှိုင်းဘွဲ့ ရောက်တော့  ဗမာတွေ အသိုင်းအ၀ိုင်းထဲပြန်ရောက်သွားသလိုပဲ ဗမာတော်တော်လေးပြန်တွေ့ ရသလို စစ်နယ်မြေပီသချက်က ညဆို မြို့ တံခါးနဲ့ တဲ့ ..ဘရင်းကယ်ရီယာကား သံပတ်တဂျိမ်းဂျိမ်းနဲ့  မြို့ ပတ်နေတတ်သေးတယ်...လူတွေကတော့  တိုက်ပွဲခဏခဏဖြစ်တာ ရိုးနေသလိုပါပဲ....
ညနေစောင်းဆို တော်တော် အေးစိမ့် လာတတ်တယ်...ဟိုးခတ် ဝေးဝေးကိုလှမ်းကြည့် လိုက်ရင် ဒေါနတောင်တန်းကြီးက ပြာမှိုင်းမှုံရီလို့  ..တိမ်သားဖြူဖြူလေးတွေက တောင်တန်းရှည်ကြီးရဲ့ အလယ်လောက်မှာ မြူဆိုင်းနေသလိုပါပဲ ရေတံခွန်လိုလို ဖြူဖြူ သွယ်သွယ်တန်းလေးတွေလည်း လှမ်းမြင်ရသေးတယ်...နေလုံး အကျနဲ့ ဖြစ်နေတာရယ် အိမ်နဲ့ သိပ်ဝေးနေပြီး ဒေါတောင်ဟိုဖက်ဆို ယိုဒယားဆိုတော့ ..နယ်စပ်နားကပ်နေတာ...အဲ့ တော့ မှ အိမ်ကို ချက်ချင်း ပြန်ပြေးချင်စိတ်ပေါက်လာတာ...ဘာ လွမ်းသွားသလဲ မမေးနဲ့ ဆိုတာမျိုးပဲ....။ နောက်နေ့ မနက်ကြတော့  ပိုင်ကျုံးဖက်သွားမယ်ဟေ့ တဲ့ ..ဟိုက ဒညင်းသီးက အတော် ကောင်းဆိုပဲ....တာလပေါဟင်းကို အဲ့ မှာ ပထမဆုံး စ စားဖူးတာပဲ..
....ဒေါနတောင်တန်းကြီးရဲ့ သွယ်တန်းနေပုံက မှိုင်းမှိုင်းမှုံမှုံနဲ့ တကယ့် ကို လွမ်းစရာကောင်းတာတော့အမှန်ပါပဲဗျာ....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..