'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Wednesday, February 4, 2015
လွမ်းစေတီလေးရှေ့ မှာ....(အလွမ်းစာ)
မင်းကွန်း အနောက်ထဲကို မင်းကွန်းရွာလှေဆိပ်ကနေ အတော်ကြီး တော်တော်ြ ကာကြာသွားမှ တောရချောင်တွေထဲကိုရောက်တယ်.လမ်းမြည်ကာမတ္တဖြစ်ပြီး သဲထုများတဲ့ နေရာတွေ ဖြစ်လို့ ခြေထောက်တွေက သဲနွံတွေကြားက အတော်ရုန်းပြီး လမ်းလျှောက်ရတယ်.
.နွားလှည်းပါလာလို့ နောက်တော့ လှည်းမြီးပေါ် ထိုင်လိုက်ရတော့ တယ်..ကမ်းပါးယံ လျှိုတွေကြားကနေလည်း သွားရ သလို လမ်းမှာ ကန္တာရဆူးခြုံတွေ သစ်ပင်ပုလေးတွေ နဲ့ ...တောင်စောင်းတိုင်း လိုလိုမှာတော့  တောင်စောင်း ဆင်ခြေလျှော မြေသားကို ထွင်းပြီး တည်ဆောက်ထားတတ်တဲ့ အုပ်ရေကန်ဖြူဖြူတွေရှိတယ်.. အရွယ်အစားတွေက အတော်လေးကြီးတာတွေ့ ရတယ် ..မိုးရေခံတယ်..မြစ်ကနေ ပိုက်သွားထားပြီး ရေမောင်းထည့် ကြတယ်လို့ ဆိုတယ်....
မြို့ ပြရဲ့ လောဘဒေါသမောဟသံမျိုးတွေက ပျောက်သွားတာရယ် တောနံ့ တောင်နံ့ မြေသင်းနံ့  အဆောက်အဦးတွေ ဆောက်လက်စအတွက် ပုံထားတတ်တဲ့ ထုံးခြောက်ပုံနံ့ လေးတွေ ရလာတာရယ် တောင်ပူစာလေးတွေ များတာရယ်နဲ့  တောင်ထိပ်လေးတွေ မှာ စေတီလေးတွေ ရှိတာရယ်က စိတ်တွေကို အေးချမ်းသွားစေတဲ့ ခံစားမှု့ ကို ရလိုက်သလို့  အဲ့ တောင်ထိပ် စေတီလေးတွေ ရှေ့ မှာ တရားထိုင်ရင် သမထထိုင်ရင် အတော်အလုပ်ဖြစ်ပါတယ်....
အဲ့ ဒီ့ တောင်ထိပ်လေးတွေပေါ်ကို ညနေစောင်း နေချိုချိန် အသာတက်သွားပြီး မြစ်ဖက်ကို လှမ်းမျှော်လိုက်ရင် မြစ်ဆိပ်နားက ပုထိုးတော်အုပ်ပုံမြင့် မြင့် ကြီး နဲ့  ဧရာအရှေ့ ကမ်းက မန်းရွှေမြို့ တော်ကြီး ရဲ့ မီးရောင် တလက်လက်တွေ နဲ့  ခပ်ဝေးဝေးက မန္တလေးတောင်တော်မှုံပြပြလေးကို ၀ိုးတ၀ါး လှမ်းမြင်နေရတာဟာ သိပ်ကို လွမ်းစရာကောင်းတဲ့ မြင်ကွင်းကျယ်ကြီးပေါ့.....
မြစ်ခိုးပြန်တဲ့ မြူခိုးတွေက မြင်ကွင်းကို ...တစ်ချက်တစ်ချက် မှုံဝါးသွားတတ်သေးတယ် တောင်ခြေတွေက လျှိုတွေကြားမှာ သစ်ရိပ် ၀ါးရိပ်တွေကြားက ဆြာတော်တွေရဲ့ ကျောင်းတွေ က လူသံ သူသံ စကားသံလေးတွေ ..ဆရာလေးတွေ ချောင်တွေက တစ်ချက်တစ်ချက် မီးရောင် လက်ကနဲတွေ နဲ့ ဘုရားဝတ်တက်သံ စာကျက်သံ က တစ်ချီတစ်ချီ လေအသင့် လေအပင့် မှာ တောင်ပေါ်စေတီလေးရှေ့ ကနေ ခပ်သဲ့ သဲ့  ကြားလိုက်ရတတ်သေးတယ်....
တောင်ထိပ်လေးမှာ ဆိုတော့  မြစ်ဖက်က လေကလည်း တဟူးဟူးနဲ့ တိုက်လာလေ့ ရှိသလို စေတီထိပ်ဖျားက ဆွဲလဲ ခေါင်းလောင်း ညောင်ရွက်လေးတွေရဲ့  ရိုက်ခတ်သံ တချွင်ချွင်ကလည်း ဘယ်ကို လွမ်းလို့ လွမ်းရမှန်း မသိအောင် လွမ်းစေသောနေရာလေးမျိုးပါပဲ...ဥာဏ်တော် ခပ်နိမ့် နိမ့် နဲ့ ထုံးဖြူသင်္ဃန်းဖွေးဖွေး နဲ့  လူသူ အလာပါးလွန်းတဲ့ တစ်ဝဂူ လွမ်းစေတီလေး ရဲ့  တောင်ကမ်းပါးယံ စွန်းလေးမှာ မတ်တတ်လေးရပ်ပြီး တစ်စုံတစ်ရာကို သတိရမိလို့  အဝေးကိုမျှော်ရတာ လွမ်းစရာဘယ်လောက် ကောင်းလိုက်ပါသလဲဆိုတာ အဲ့ တော့ မှ ကိုယ်တွေ့ အဖြစ် ခံစား သဘောပေါက်မိတော့ တယ်...
.
.....ငြိမ်းချမ်းရာ သီးခြားကမ္ဘာငယ်လေးတစ်ခုလိုပါပဲ.....
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..