Powered By Blogger

Thursday, July 16, 2015

ဗေဒင်အလုပ်သဘောပါ

ဗေဒင်အလုပ်သဘောပါ
------------
ဓမ္မဓိဌာန်သဘော ပုဂ္ဂလဓိဌာန်သဘော
------------
ယူနီဗာဆယ်လ်သဘော ပါဆိုနယ်သဘော
----------------
ဗေဒင်က ဘာဟောတာလဲ စတွေးရတော့ တာပေါ့ 
----------
လူဆိုတာ သေမျိုး ဖြစ်သည်ဆိုတာ  လူမျိုးနွယ် ဆိုတဲ့ သတ္တ၀ါ အစု အကုန်လုံး အကျုံးဝင် အတွက် ဓမ္မဓိဌာန်သဘော ယူနီဗာဆယ်လ်သဘော ပေါ့ 
--------------
လူမျိုးနွယ်ထဲမှ  လူသားတစ်ဦးဖြစ်သော ဦးဘ သည် အသက် ၇၅ တွင် အနိစ္စရောက်နိုင်သည် ဆိုတာကြတော့ မှ လူတွေအများကြီးထဲက လူတစ်ယောက်ဖြစ်တဲ့  ဦးဘကို သီးသန့် ဆွဲထုတ် ပြောတဲ့  ပုဂ္ဂလဓိဌာန်သဘော  ပါဆိုနယ်သဘော ဖြစ်သွားတယ်...ဒါကို ဗေဒင်ဟောတာလို့ ဆိုလိုနိုင်မယ့် သဘောရှိတယ်လို့ စတွေးရပြီ..



--------------
အဲ့ ဒီမှာ ဗေဒင်ရဲ့  သေခြာမှု့ မသေခြာမှု့ သဘောကို စတွေးရပြီ
---------------
ဘယ်အပေါ်မှာ အခြေပြုရသေးလဲဆိုတော့  သတ္တ၀ါတစ်ခု ကံတစ်ခု သဘော  (၀ါ) လူသန်း ၇၀၀၀ သတ္တဝါ သန်း ၇၀၀၀  ကံ သန်း ၇၀၀၀ သဘောကို အခံထားဖို့ လိုပြီပေါ့
----------------
လူဆိုတာသေမျိုးဖြစ်သည်က ဓမ္မဓိဌာန်သဘော ယူနီဗာဆယ်လ်သဘောဖြစ်လို့ ဗေဒင်ထဲ အကျုံးမ၀င်တော ဘူး
-------------------
ဦးဘသည် အသက် ၇၅ မှာ အနိစ္စရောက်နိုင်သည်ကြတော့ ဗေဒင်ဟောစတိုင်ထဲ အကျုံးဝင်ပေမယ့်  သတ္တ၀ါတစ်ခု ကံတစ်ခု သဘော (၀ါ) မမြင်နိုင် သာမန်ဥာဏ်နဲ့  မကြံဆနိုင်သေးတဲ့ သံသရာက ကြားဖြတ်ဝင်လာနိုင်တဲ့  ပရံပရ ကံတစ်ကွက် သဘောက ခံထားသေးလို့ 

ဦးဘသည် အသက် ၇၅ မှာ အနိစ္စရောက်နိင်ကိန်း ရှိသည် ။ သို့ သော် ကံ စိတ် ဥတု အာဟာရ လေ သလိပ် သည်းခြေ တြိဒေါသ အကြောင်းတရားရှစ်ပါးကြောင့်   ဒီထက်စော၍သော်၎င်း....ဒိထက် နောက်ကျမှသော် ၄င်း အနိစ္စရောက်နိုင်သည်ဟုလည်း ချွင်းချက်သဘော ယူထားရလေ၏....လို့  ကြိုတွေးထားရတာမျိုးဖြစ်လာတယ်....
----------
ဒီလို မရဏကိန်းကို ကုသိုလ်အား ကောင်းကောင်းတွေ ပြုမိလို့  မရဏကိန်းတွေကနေ ကျော်သွားတဲ့ အသက်ဆက်ရှည်သွားမှု့  သဘောရှိကြောင်းက ဘုရားဟော ဇာတကတွေမှာ ရှိတယ်ဗျား...( အဲ့ ဇာတကထဲက ပြုမိခဲ့ တဲ့ ကောင်းမှု့ သဘောတွေကို ဒါလည်း အသက်ရှည်စေဖို့ ပြုတဲ့  ယတြာတစ်မျိုးပဲလို့ ဆိုကြပါသဗျား)

ညောင်ထောက်တံတားခင်းဆိုတာ ဇာတကတွေထဲက ဆွဲထုတ်လာတာလို့ ဆိုတယ်....ဖြစ်မှ ထလုပ်တဲ့ ကောင်းမှု့ အားထက် မဖြစ်ခင်ကတည်းက အလီလီကြုံသလို ကောင်းမှု့ ပြုနေတဲ့ အားက ပိုကြီးတယ်လို့ လည်းဆိုတယ်...သိကြားမင်းလောင်း ကိုမာဃရဲ့ လူ့ ပြည်မှာ  အလီလီလုပ်နေတဲ့  ကောင်းမှု့ က
နတ်ပြည်မှာ ကြိုကြိုပြီး ဗိမ္မာန် စဖြစ်နေခဲ့ ပြီလို့ ဆိုတယ်)

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..