Powered By Blogger
Thursday, July 16, 2015
တစ်ယောက်ထဲ ချာရပတ်ရမ်း အတွေးများ..
^_^  >_<
တျောက်ထဲ ချာရပတ်ရမ်း အတွေးများ..
----------
တကယ်ဆိုရင် ကျနော်တွေးတဲ့ စတိုင်က သူများလို ဗေဒင်ဟောစားလို့ ရမယ့် ပုံ မပေါ်ဘူးဗျ...အခု ကျနော်လုပ်နေတာ အတိတ်ကံက ပို ပံ့ ပိုးပေးလို့ ဗေဒင်သည် ဖြစ်နေတာမျိုးလို့  ကိုယ့် ဟာကိုယ်တော့ ရိပ်မိနေတယ် ကျနော်တွေးတဲ့ စတိုင်က ကျောင်းတက်တုန်းကရခဲ့ တဲ့  ဖလော်စဖီ ပညာက တွေးနည်းတွေ အရမ်းများနေတယ်...ကြုံဘူးခဲ့ တဲ့  ဖတ်ဖူးနေကျတွေ တွေးနည်းတွေနဲ့  ကွဲနေတယ်
ဆိုပါတော့  ၁ ဆိုတဲ့  တနင်္ဂနွေနံကို ဗေဒင်ဖွင့် ဆိုချက်က အများကြီးပေါ့  အဲ့ အထဲမှာ အဖေ ဆိုတာလည်း ပါတယ်ပေါ့  အိုးအိမ်အလုပ်ဆိုတာလည်း ပါတယ်ပေါ့ 
အဲ့ မှာ သုံးတန်ပေါ်နိစ္စသဘောက တနင်္ဂနွေနံက  နိစ်ကြီးတို့  တိုင်ခြေမြေလူးတို့  မှာ  တွေ့ ရောဆိုပါတော့  အဲ့ မှာ အဖေ လုပ်သူရဲ့ ကျမ္မာရး သတိထားပါတို့  အဖေ လုပ်သူ အိမ်က အထွက်ပြနေတယ်တို့ ပြောတော့ မယ်ဆိုပါတော့  အဲ့ မှာ ကိုယ့် အဖေက ကိုယ်မွေးကတည်းက ကွယ်လွန်သွားတာမျိုး မိဘမဲ့ ဆိုတာမျိုးဆိုရင် ဘယ်လို လုပ်မလဲ လို့  စတွေးမိတာမျိုးပေါ့   အဲ့ မှာလည်း ကိုယ့် ဟာနဲ့ ကိုယ် ဆင်ခြေက အဖေနှင့် တူသော အကြီးအကဲလည်း ဖြစ်နိုင်တာပါပဲပေါ့ ....အဲ့ လိုတွေပေါ့ ဗျာ..ကိုယ့် ဟာကိုယ် အဟောတွေတည်ဆောက်ကြည့် လိုက် ကိုယ့် ဟာကိုယ် စောဒကမေးခွန်းတွေပြန်တည်ဆောက်ပြီး ပြန်ဖျက်ဆီးလိုက်နဲ့  တစ်ယောက်ထဲ ချာရပတ်ရမ်းနေတာပေါ့ ဗျား
ရှိသေးတယ် တစ်ပတ်စာတွေမှာ သောကြာသားသမီးတွေ ငွေဝင်ကိန်းရှိသည် ခရီးသွားကိန်းရှိသည် ရာထူးတိုးကိန်းရှိသည် ဆိုတော့  အဲ့ ဟောစတမ်းထုတ်တဲ့  အပတ်ထဲမှာ ကမ္ဘာပေါ်က စမွေးလာတဲ့  မွေးကင်းစ သောကြာသားသမီး ရက်သားလေးတွေ က ဘယ်က ငွေဝင်မှာလည်းတို့  ဘယ်ခရီးကို သွားရမှာလဲတို့ ဘယ်ရာထူးကို တိုးရမှာလဲတို့ ဆိုတာမျိုးတို့ ကနေ စတွေးတာ မိတာမျိုးပေါ့ ....အဲ့ ဒီလို စောဒက အတွေးတွေက ကိုယ့် မှာ အရမ်းများနေတော့  သူများကို ဗေဒင်ဟောရင် ကိုယ့် အဟောကို ကိုယ်က ပြန်စောဒက တက်ချင်စရာ ထောက်ကွက်တွေ နောက် စိတ်က  ပြန်ပြန်ဖြစ်လာတတ်တာ ဘယ်လိုလုပ် ရှေ့ ကဗေဒင်မေးနေတဲ့ သူကို စိတ်ဖြောင့် ဖြောင့် ဟောလို့ ရတော့ မလဲ..အဲ့ လိုမျိုးတွေ ဖြစ်တတ်တာ..
.ဆိုပါတော့  ကျနော့် အမည် ဘပု ကိုအမည်ပညာရှင်က ဒီလို ဒီလိုတွေ ဟောကိန်းထုတ်မယ်ဆိုပါတော့ .အိုကေ မှန်ချက် ပေါ့ .....အကယ်၍ ကျနော်က ပြင်သစ် တစ်ယောက်ဖြစ်နေပြီး အမည်က ဂျင်းကလောက်ဆတ် မိုက်ကယ် ဖရန်ဆွာ မိန်းစ်  ဆိုတဲ့ အမည်ရှင်များ ဖြစ်နေရင် ကျနော့် အမည်ကို ဘယ်လိုများ ဟောကိန်းထုတ်ပါ့ မလဲပေါ့  အဲ့ လို ကပ်သီးကပ်သတ်တွေ တွေးတွေးပြီး ကိုယ့် ဟာနဲ့ ကိုယ် ချာရပတ်ရမ်းနေတာမျိုးပေါ့ ...
တစ်ခါက လက္ခဏာစာအုပ်တွေဖတ်ရင်းက မွေးကတည်းက လက်မောင်းရင်း ၂ဖက်စလုံးမှာ မွေးရာပါ
လက် ၂ ဖက်စလုံးမပါသူ (ဥပမာ မစုပုံချစ်လေးလို) မျိုးကို လက္ခဏာဖတ်ပေးလို့ မရတော့ ဘူးပေါ့ 
ဒါဆို လက်ဝါးပြင်ဖတ်အတတ်ဆိုတာလည်း အကန့် အသတ်ထဲမှာပဲ ရှိမယ်ပေါ့  လက်ဝါး ၂ဖက်စလုံး ပါသူတွေအတွက်ပဲ အသုံးတည့် မယ်ပေါ့ ဆိုပြီး လက္ခဏာဖတ်တာကို စိတ်ကုန်သွားတာမျိုးလည်းဖြစ်ခဲ့ ဖူးတယ်...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..