------------
အခုရေးတာက အမည်တွေနဲ့ ပတ်သက်ရင် ကျနော်ထားတဲ့  သဘောထားပေါ့ ။ ဒီလိုချရေးတာက တစ်ချို့ တွေက အမည်နဲ့ ပတ်သက်ရင် သာမန်ထက် ပိုတဲ့ သဘောထားရှိလို့  ကျနော်တို့ အမည်တစ်ခုကို ရွေးတဲ့ အခါမှာ စိတ်တိုင်းကျ မရလွန်းတဲ့  အခက်အခဲတွေကြုံရလေ့ ရှိတာကြောင့် ပဲ..
အရင်ကလည်း ရေးပြဖူးပါတယ် ဒါကို အတို ထပ်ရေးတာပါ လောကီပညာတွေမှာ အမည်ပေးစနစ်ပေါင်းကို မနဲပါဘူး...သူ့ ခေတ်နဲ့ သူ အမည်ပေး စတိုင်တွေကလည်း အမြဲပြောင်းလဲနေတတ်ပြန်ပါတယ်...ပြီးတော့  လူမျိုးနွယ်လိုက် အကြိုက်သဘောကလည်း မတူပြန်ပါဘူး...လူတွေကလည်း စိတ်မတူပြန်ပါဘူး အမည်ကို သာမန်ထက်လေးနက်သူ လေးနက်သူ ပုံမှန် နဲ့ အလေးမထားသူ အမည်ဖြစ်ပြီးရော သဘောထားသူတွေ ဆိုပြီး အစားစား လူတွေကွဲထွက်နေပါတယ်
အတွေ့ အကြုံတွေအရ နည်းပေါင်းစုံနဲ့  ညှိနေရင် ကြာသာပတေးသားကို ရိုးရိုးစင်းစင်းလေး မောင်ဘ လို့ ပြီးပြီးရော အမည်ပေးတာတောင် အပြစ်ကင်းတဲ့ အမည် မဖြစ်တော့ ပြန်ပါဘူး...
ကျနော်ယူတာကတော့  လူတစ်ယောက်ရဲ့  အမည်ဟာ ဘ၀ကြီးတစ်ခုလုံးတော့ မဟုတ်ဖူး ဘ၀ကြီးထဲက အစိတ်အပိုင်းတစ်ခုသဘောဖြစ်တယ် နာရီတစ်လုံး ထဲက နာရီ ကို အထောက်အကူပြု ခွေးသွားစိတ်သဘော ပင်နယံသဘောလည်းဆန်တယ်.....လူ့ အပြုအမူ နဲ့ သူ့ အမည်ဟာ အညမညသဘောဆောင်တယ် အပြန်အလှန် ကျေးဇူးပြုသဘောဆောင်တယ်ပေါ့ လေ
ဥပမာ ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလိုက်ရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံက တစ်ဦးတည်းသော ဗိုလ်ချုပ်ကိုသာ ဆိုလိုသလဲဆိုတာ ထပ်ရှင်းပြစရာ မလိုတော့ ဘူး အကြောင်းက ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့  လူ ရဲ့  ''' သူ ကျင့် သုံးသွားခဲ့ တဲ့  ..သူ့ ရဲ့  လူ့  သီလ သမာဓိ ပညာ ''က ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ အမည်နာမကို သမိုင်း ဂုဏ်ရောင်ထွန်းပြောင်စေခဲ့ တာမျိုးကြောင့် ဖြစ်တယ် သမိုင်း မသေတော့ တဲ့ အမည်ရှင်ဖြစ်သွားတယ် တစ်ခြားသော ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မရှိတော့ ဘူးသဘောပေါ့ ......
ဒါပေမယ့်  ''''လူ အဓိကသဘော ''' ကို မျက်ခြေပြတ်လို့ မရပေဘူး အကြောင်းက ဗိုလ်ချုပ်အောင်ဆန်း အမည်ဟာ နဂိုကတည်းက ထိန်လင်းအမည်ကနေ ထိန်လင်းဟာ ထိန်လင်းသာဖြစ်နေခဲ့ ပြီး အောင်ဆန်းဆိုတဲ့ အမည်သစ်သာ ဖြစ်မလာခဲ့ ရင် ...ဒီနေ့ အမျိုးသားခေါင်းဆောင်ကြီး အမည်ဟာ '''' ဗိုလ်ချုပ်ထိန်လင်း '' ဖြစ်ကောင်းဖြစ်နေလိမ့် မယ်သဘောပဲ။
ဒီသဘောလိုပဲ အမည်ဆိုးသဘော ဗခမက သန်းရွှေဆိုတာနဲ ဘယ်ခေတ်က ဗခမက သန်းရွှေကို ပြောတာလဲ ဆိုတာ တန်းသိကြတာဟာ အဲ့ ဗခမက သန်းရွှေ ကျင့် သုံးသွားတဲ့  အပြုအမူတွေကြောင့်  သဘောမျိုးပေါ့  .....မှတစ်ပါး တစ်ခြား သန်းရွှေပေါင်းသောင်းခြောက်ထောင် မဟုတ်ဖူးသဘောပေါ့ 
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..