Powered By Blogger

Thursday, July 16, 2015

အဟော နဲ့ အဖြည်

အဟော နဲ့ အဖြည်
---------
တစ်ယောက်နဲ့ တစ်ယောက်တော့  စိတ် မတူတတ်ဘူး ကျနော်ကတော့  ကောင်းတာဖြစ်စေ မကောင်းတာဖြစ်စေ ကောင်းတယ်လို့ ပြောပေးပြီးရင် ပိုကောင်းအောင် မကောင်းဘူးလို့ သတိပေးပြီးရင် ဘယ်လို ကာကွယ်ပါ လို့  အဖြည်တွေ ထည့် ပြောတတ်တယ် ကြောင်ဆိုးကို ခြူဆွဲဖို့  အကြံပေးယုံလောက်နဲ့ တင် ရပ်မထားပဲ ဘယ်လိုဆွဲသင့် ဘယ်သူက သွားဆွဲသင့် တယ်အထိ ဆက်တွေးတတ်သူမျိုးပါ

အဖြစ်များတတ်တဲ့ ယေဘယျလက္ခဏာ ဆိုပါတော့ 

၁ ကြွင်းရဲ့ ဘော်ဒီ ကျမ္မာရေးအများစုဟာ ၀မ်းချုပ်တာကစလာတာများတယ်လို့ ဝမ်းချုပ်လွန်းလာရင် လိပ်ခေါင်း သွေးတိုး လေဖြန်းတွေ ဖြစ်လွယ်တယ်ဆိုတာက အဟော ဖြစ်ပြီး  ၀မ်းချုပ်သိပ်မခံနဲ့ ရေများများသောက် အသီးအရွက်တွေ လည်း ခဏခဏစားပါ လူ့ လှုပ်ရှားမှု့ များပါစေဆိုတာက အဖြည်သဘော



၂ကြွင်းတွေ အသည်းရောဂါ နဲ့ အူမကြီးရောဂါ ခေါင်းရောဂါဝင်ရင် နာတာရှည် သဘောဆန်တယ်ဆိုတာ က အဟောဖြစ်ပြီး ရေများများသောက်ပါ ခေါင်းမှတ်ဥာဏ်တွေအတွေးစဉ်တွေကို ခဏခဏ အနားပေးပါဆိုတာက အဖြည်

၃ကြွင်းတွေ သွေးရောဂါနဲ့ ခလုပ်တိုက်လွယ်တယ် အအိပ်အနေနဲ့  အသွားအလာ သတိထားဆိုတာက အဟော။ အိပ်ရေးဝအောင်အိပ် သွေးနီဥအားကောင်းတာတွေစား နဲ့  တံမျက်စီးလှဲပါ ခြေသုတ်ခုံလှုလှုပေးပါဆိုတာက အဖြည်

၎ကြွင်းတွေ အလာဂျီရောဂါ သွေးရောဂါ အလုံးအကြိတ်ရောဂါစွဲလွယ်တယ်ဆိုတာက အဟော၊ အကောင်မွှားလေးတွေအကိုင်မခံရအောင်သတိထား ပင်လယ်စာလျှော့ စား အပူအစပ်လျှော့ စား ဆိုတာက အဖြည်

၅ကြွင်းတွေကကို ကျား အစာအိမ် မ သားအိမ် ရောဂါသဘောဖြစ်လွယ်တယ် မက အစာအိမ်ပါထိတတ်တယ် ငရုပ်ကောင်းများတာမျိုးတွေ ပြင်းထန်တဲ့  အရသာမျိုးတွေကို လျှော့ စား ရေများများသောက် အူဆေးသလိုပေါ့ ဆိုတာက အဖြည်

၆ကြွင်းက အာရုံကြောအားနဲတာ ခါးရောဂါ သွေးတိုးဆီချိုဝင်လွယ်တယ် အစားအသောက် အထိုင်အထတွေ သတိထားဆိုတာ ကအဟော ၊ အရမ်းဂဏန်းတွက်မနေနဲ့  ပိုက်ဆံ အလှုပြတတ်ပါစေ ပြင်းထန်ါတဲ့ အရသာ အချိုအစိမ့်နဲ့ ဝမ်းတွင်းပူ သစ်သီးတွေလျှော့ စားပါဆိုတာက အဖြည်..

ဝကြွင်းတွေက စိတ်ကြောင့် ဖြစ်တဲ့ သွေးတိုး ဆီးချုပ်ဝမ်းချုပ် သွေးတိုး နှလုံးဟတ်ဘိမမှန်တာတွေ ဖြစ်လွယ်တယ်ဆိုတာက အဟော..၊ စိတ်ကို ဖိအားများများမခံပါနဲ့ ပျော်စရာတွေလှဲ့ တွေးပါ ပျော်ပျော်တွေးပျော်ပျော်နေတတ်အောင် အတွေးပြောင်းပါ အနိဌာရုံတွေကြာကြာမတွေးနဲ့  မဒီတေးရှင်းထိုင်ကြည့် ပါ
ရေများများသောက်တဲ့ အကျင့် မွေးယူပါ ဆိုတာက အဖြည်သဘော...။

အဲ့ တော့ မှ ဗေဒင့် အလုပ်သဘောက အဟောတစ်ခြမ်းပဲ့ မဟုတ်တော့ ပဲ  အဖြည်နဲ့ ပေါင်းပြီး နေနဲ့ လ အပူနဲ့ အအေးလို ဒွိလောကသဘော  ပြည့် စုံသွား တယ်လို့  ကိုယ့် ဟာကိုယ်တော့ ထင်မိတာပါပဲဗျား...



အတွေ့ အကြုံတွေအရပေါ့ 
----------
သက်ကြည့် ဗေဒင်အရ ဘုမ္မိ ဘုမ္မိလေး ဘုမ္မိကြီး အတွင်းရန် မရဏ စနေ အင်္ဂါ စသဖြင့်  ထူးကဲ ရစ်တတ်တဲ့  အသက်တွေကို အများဆိုင်ရာသဘောအဖြစ် ရယ်ဒီမိတ်လေး စာပေအဖြစ် ရေးပြထားလေ့ ရှိပါတယ်...ကြိုသတိထားနိုင်အောင်ပေါ့ 

အဲ့ မှာ အလုပ်ခွင်ကနေ စုစည်းရလိုက်တဲ့ သဘာဝအရ အသက်မွေးသဘော အသက်ပိုင်းသဘော အသက်အရွယ်သဘော လူလွတ် အိမ်ထောင်သည် ကွဲပြားတဲ့ သဘောအရ ကြုံရပုံ စတိုင်တွေ မတူတတ်တာတွေ့ နိုင်တယ်

ဥပမာ...တနင်္လာ တွေဟာ အသက် ၄၀ ကနေ အသက် ၅၀ အထိက စနေဂြိုလ်အိပ် ၁၀နှစ်အတွင်းမှာ ဂြိုလ်အိပ်လို့  အဲ့ ၁၀နှစ်ကာလကို အရစ် ၁၀နှစ်လို့  ဆိုတယ်တကယ်လက်တွေ့ သဘောအရ အဲ့ ဆယ်နှစ်လုံးလုံးလိုက်ရစ်နေတာ မဟုတ်ပဲ  သက်ရောက်ဆိုးသဘောတွေလို့ ဆိုတဲ့  အသက် ၄၂ အင်္ဂါ ၊ အသက် ၄၃ ဟူး၊ အသက် ၄၄ စနေ နဲ့ အသက် ၄၇  အတွင်းရန် ဘုမ္မိကြီး သောကြာသက်ရောက်တွေမှာသာ ပိုအရစ်ခံရတာမျိုး တွေ့ နိုင်ပြီး အဲ့  နှစ်တွေမှာ ထပ်မတူတာက
အသက် ၄၂ ကနေ ၄၄ ကြားက စီးပွားနဲ့ ကျမ္မာရေးမှာ အများဆုံး အရစ်ခံရတာမျိုးနဲ့  အသပ် ၄၇ကတော့  စီးပွားထက် ကျမ္မာရေး မိသားစုအိမ်တွင်းရေးဘက်ကို ပိုရစ်တာတွေ့ ရတယ်

နောက်တစ်ခါ ထူးခြားစတိုင်တွေက အသက် ၄၂ကနေ အသက် ၄၄ကြား သုံးနှစ်တာ ခရီးမှာလည်း အရစ်ခံရပုံက တစ်ယောက်နဲ့ တစ်ယောက် မတူပြန်ဘူး တစ်ချို့ က အသက် ၄၂ မှာ တင် ဂျုံးဂျုံူးကျ အထုခံလိုက်ရတတ်ပြီး ရှေ့ အသက် ၄၃ ၄၄ ကိုတော့  သာသာလေး  မျှောပေးလိုက်တာမျိုးရှိတတ်သလို တစ်ချို့ ကတော့  အသက် ၄၂ နဲ့ ၄၃ မှာ ဘာမှမဖြစ် ပေါ့ ပေါ့ ပါးပါးနဲ့ ဖြတ်သန်းလာပြီး အသက် ၄၄ မှာမှ သုံးနှစ်စာ စုပြီး ထုချခံလိုက်ရတာမျိုးလည်းကြုံရတယ်..

သဘောက ကံတွေရဲ့ စတိုင်ဟာ ဒီနေရာရောက်မှ ထုခံရလိမ့် မယ်လို့  ကွက်တိ မလာတတ်ဘူး ကွက်တိချင်တိမယ် မတိချင်မတိဘူး သဘောပါ ဒီတော့  အသက် ၄၂ကနေ အသက် ၄၄ကြား ဖြတ်တဲ့ အခါ  လိုရမယ်ရ အသက် ၄၂ ၀င်ကတည်းက အစစ သတိတမံ ဥာဏ်မြေကတုတ် သဘောကို အသက် ၄၄ အထိ ထားလိုက်တာက ပိုပြီး လုံခြုံစိတ်ချရမယ်ပေါ့ လေ..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..