-----------
နောက်တစ်ချက် အတော်တော်များများ ဆရာတွေ မရေးပေးကြတဲ့  ရေးပြဖို့ မေ့ နေပုံရတဲ့  အတွေ့ အကြုံသဘောက အဟောနဲ့  ယတြာမှာ အဟောပညာသဘောကိုပိုအားပြုပြီး နဲ့ ဗေဒင်သည်ဘ၀ကို စတင်ကြရတာပါ ဆိုတဲ့ အချက်ကို ရေးပြတာမျိုး မဖတ်ခဲ့ ရတာပဲ
အဲ့ သဘောက ကျနော့် အတွေ့ အကြုံကျု အခြေခံပြီးပြောရရင် ကျနော့် ဝန်းကျင်မှာ ကျနော့် ကို စလက်ခံလာကြတာက ''မှန်တယ် ''ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် လက်တို့ ပြီး ၀င်လာကြတာ....အဲ့ အနေအထားက နှစ်ပေါက်လာတော့ မှ မှန်တယ် ဆိုတဲ့  အသံက နောက်ရောက်သွားပြီး '' ယတြာကောင်းတယ် ''' ဆိုတဲ့  အသံက ရှေ့ ရောက်လာပြီး အခုတော့  သိပ်တောင် အုံးစားတွေးပြီး မဟောရတော့ ပဲ အဟော နားထောင်ချင်တာထက် သူတို့ ရဲ့ ဘ၀ပြဿနာ စီးပွားပြဿနာတွေကို တစ်ဖက်တစ်လမ်းက ပံ့ ပိုးပေးနိုင်တယ်ထင်တဲ့  ယတြာတွေကို လိုချင်လို့  လာတဲ့ သူက ပိုများလာတဲ့ သဘောဖြစ်လာတယ်..
..
( အဲ့ ယတြာပညာကြောင့် ပဲ ပါးစပ် ဆီပိုစွတ်နေတာ..အွန်လိုင်းပေါ်ကို စိတ်ထင်သလို ပစ်စလက်ခတ် တက်သုံးနေနိုင်တာ....)
ကျနော် ယူနီဗာစတီ ကျောင်းသားဘ၀မှာ အပျော်သဘော စားကောင်း သောက်ကောင်းအောင် အဖွဲ့ ကျအောင် စွတ်ဟောတဲ့  အဟောစခဲ့ တာ ဒီလောကဓံနဲ့ မဟုတ်သေးဘူး ...တေဇသုနေမ ဆိုတဲ့  ဇာတ်တော်ကြီး၁၀ဘွဲ့ ဟောကိန်းတို့ စာအုပ်ပေါင်းစုံက သုံးတန်ပေါ်နိစ္စတို့  ပြီး စာအုပ်ထဲကနေ မှတ်ပြီး လက်ဝါးလှန်ကြည့်  ထင်တာတွေ ရောပြောတာတို့  နဲ့  စခဲ့ တာ ဘာမဟာဘုတ် ဘာသက်ရောက်မှတောင် တကယ့် ဗေဒင်လို မသိဘူး...ရာဇဖွား ၀န်ထမ်းဖြစ်မယ်နဲ့  ရမ်းရွှီးခဲ့ တာ ဗေဒင်သည် ဖြစ်လာမယ်လို့ လည်း မထင်ခဲ့ ဘူး ဗေဒင်သည်လုပ်ဖို့ လည်း ရည်လည် မရည်ရွယ်ခဲ့ ဘူး...အခုအထိလည်း ဗေဒင်သည် မလုပ်ချင်သေးဘူး...နောက်မှ ဒီလောကဓံ ဗေဒင်ကို ကိုင်မိတာ...
သဘောက ကိုယ့် ဝန်းကျင်က ကိုယ့် ကို ဗေဒင်သမားအဖြစ် လူသိများလာတာဟာ အစမှာ အဟောနဲ့  နာမည် အရင်ထွက်ပြီးမှ ယတြာကောင်းတယ်က နောက်ကလာတာမျိုး
ဆိုလိုတာက ဗေဒင်သည် ဘ၀ကို ရေရှည်အတွက် စ၀င်ချင်ရင် ဒါမှမဟုတ် အသက် အနေအထား နုသေးရင် မှန်တယ် ဆိုတဲ့ အဟောပိုင်းမှာ အမည်လေးရအောင်လည်း စာတွေဖတ် ဆင့် ပွားတွေး ဗေဒင်နဲ့ ပတ်သက်တာ ဘာဖြစ်ဖြစ် ဖတ်နိုင်သမျှ ဖတ်ထား ပြန်တွေးထား မှန်တာမှားတာထက် ပါးစပ်က ကိုယ့် စိတ်ထဲပေါ်လာတာတွေ တော်ကီရဲရဲလွှတ် ဟောချင်တဲ့ နည်းတွေနဲ့  ဟောလွှတ် သူ့ ဘ၀အဖြစ်အပျက်တွေနဲ့  နီးစပ်အောင် ဟောနိုင်လေလေ အဟော မှန်တယ်လို့ အသိအမှတ် အပြုခံရလေလေဖြစ်လာမယ် အဲ့ မှာ ကိုယ့် နာမည်ကို သိလာလေလေ မမေ့ တော့ လေလေ အဲ့ ကနေ ယတြာပါ နာမည်ရလာရင် အိုကေ ခိုင်ပြီပေါ့ သဘောပေါ့ ...( အဲ့ အချိန်မှာ အသက်က ၃၀တော်တော်ကျော်လောက်ကနေ ၄၀ ပတ်လည်လောက်ဖြစ်နေလောက်မယ်...)
ချုပ်လိုက်ရင် ယတြာဂွတ်တယ်ဆိုပြီး...ကိုယ့် ကို လူသိမများသေးခင် (လူသိများစေချင်ရင် ပြောပါတယ်)...အဟောပိုင်းကို အာရုံလျှော့  ပစ်ပယ်လို့ မရသေးဘူးလို့ ပြောတာပါ.....
(ပြီးတော့  တစ်ခြား အာရှတိုင်းပြည်တွေတော့ သေခြာမသိဘူး ကိုယ့်  ဗမာပြည်ဆိုတာ ဥရောပသား အနောက်တိုင်းသားတွေနဲ့  မတူဘူး ဗေဒင်လာမေးသူ အများစုက....ကောင်းကောင်း ဆိုးဆိုး..မလိုပါဘူးဆိုလည်း..ယတြာလေးတော့ ပါမှ.ယတြာလေးတစ်ခုခုတော့  ပြောပေးလိုက်မှ.......ယတြာခြေရတာ အားကြီးဝါသနာပါကြတယ်ဆိုတာ တကယ့် ....ကီး..
.(ဒီ အွန်လိုင်းပေါ်မှာတောင် ဟောနေတာထက်...လုပ်ရလွယ်တဲ့  လာဘ်ရွှင် စန်းပွင့်  အိမ်ထောင်ခိုင် အလုပ်မြဲ ဘာယတြာလေးများ အထူးအဆန်းပါမလဲကို ပို စိတ်ဝင်စားသူတွေ အများကြီးဆိုတာ တွက်ထားပြီးသား....အဟီးးး......ငိငိ)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..