Powered By Blogger

Monday, July 27, 2015

စိတ်လေသွား၏

စိတ်လေသွား၏
----
ဒီနေ့ ထဲထူးခြားတစ်ယာက် ၅ အင်္ဂါ  အသက် ၅၅ တနင်္ဂနွေ မရဏသက်ရောက်ဗျ....၆၁ ဖွား သင်္ကြန်မကျော်ခင်မွေးလို့ ၅ကြွင်းဖြစ်တာ...သူ့ ဒုက္ခကလည်းမသေးဘူး

ကားမောင်းစားလာတာတဲ့ ပြီခဲ့ တဲ့ လထဲက ကားတိုက်မှု့ ဖြစ်တယ်တဲ့  (စနေလစိတ်ထဲမှာ)...လူတော့ မသေပေမယ့် ကား ၂စီးစလုံး စုတ်ပြတ်သွားတယ်ပေါ့  သူကလျော်ရမှာ...လျော်စရာပိုက်ဆံက မရှိဘူး ဒါနဲ့  သူ ပတ်ပြီး ပိုက်ဆံချေးတာ မရတဲ့ ...အလုပ်သဘော ဆက်စပ်ပြီး တော်တော်ရင်းနေတဲ သူဌေးဆီကပါ
ခဏချေးလို့ ရလောက်မယ် ထင်ထားရာကနေ မရဘူးတဲ့ 

 (အဲ့ မှာ သူတော်တော် လေသွားပုံရတယ် တကယ့် ဒုက္ခတွေရောက်လာတော့ မှ ဘယ်သူဟာ မိတ်ဆွေစစ်လို့ သိရတော့ တာတွေဘာတွေ ထ လုပ်တော့ တာ...ကျနော်ကတော့  သူ့ ဖီလင်နဲ့ သူဖြစ်နေတာကို ရက်စ်အော်နိုးဝင်မလုပ်ပါဘူး ထိုင်ပြီးတော့ သာ နားထောင်ပေးနေတာ...ကိုယ်ပိုက်ဆံ တအားလိုနေတုန်းမှာ ဖြစ်တတ်တဲ့ ခံစားမှု့ ပေါ့ ) )

 ကံနဲနဲကောင်းချင်တော့ နိုင်ငံခြားက သူငယ်ချင်းက ကူညီလို့  အလျော်ပေး နိုင်ခဲ့ တာတဲ့  နို့ မို့ ဆို ဂျေးထဲရောက်မှာတဲ့ ....( အဲ့ မှာ  ၅ ကြွင်း အားလေးပေါ်လာတာပဲ အနီးဆုံးလူတွေဆီကထက် အဝေးက လူတွေရဲ့ အကူရလွယ်တဲ့ အားလေး)



သူ့ ဒုက္ခက ဒါနဲ့ တင်မပြီးသေးဘူး သူမောင်းစားနေတဲ့ ကားက သူ့ အကိုကားတဲ့  အဲ့ မှာ ကားက စုတ်ပြတ်သွားတော့  ပေါက်ကွဲသွားပြီး ဟိုဖက်ကကားကိုတော့ မလျော်ပေးနိုင်ဘူး ငါ့ ကားတော့ ငါ့ ဟာပြန်ပြင်လိုက်မယ် ဆိုပြီး စိတ်တွေဆိုးပါရောတဲ့ 

..ဒီ ၅ကြွင်း အင်္ဂါ အခုဖြစ်နေပုံက အလုပ်လဲလောလောဆယ်မရှိတော့ ဘူး သူက ကားပဲမောင်းစားတတ်တာဖြစ်နေတယ်...သူ့ အစ်ကို ပြန်ယူသွားတဲ့ ကားက ကြည့် ရတာ ဘော်ဒီပြန်ထုပြီးရင်ရောင်းပစ်မယ့် ပုံလို့ ထင်နေတယ်

အဲ့ တော့ ဒီအင်္ဂါသား ဖြစ်နေပုံက အနာဂတ်ပျောက်နေပြီး သူပြောပုံက အိပ်လို့ တောင်မပျော်ဘူးလို့ ဆိုတယ်....အဲ့ မှာ ပြောသေးတာက သူက အခု အလုပ်မရှိတော့  မိန်းမကလည်း သူ့ ကို.ဘာညာပေါ့ လေ.......၀ှီးးး...ထိုင်နားထောင်နေရတာ ဘယ်လောက်စိတ်လေစရာကောင်းလဲ ဘယ်ကစလို့ ဘယ်လို ယတြာပေးလိုက်ရမလဲဆိုတာတောင် ချက်ချင်း ဦးနှောက်က အလုပ် မလုပ်တော့ ဘူးဖြစ်သွားတယ်....ဒါက ဘ၀ပျက်ဇာတ်ထုတ်လေ...ပြီးတော့  အရွယ်က ရလာပြီလေ..အဲ့ တော့   ဘယ်လို နှစ်သိမ့် စကားတွေ ပြော ဘယ်လိုတွေ ချွန်တွန်း လုပ်ပေးရမလဲဆိုတာတောင် အတော် ဖြစ်ညှစ်ပြီး စဉ်းစားလိုက်ရတယ်

လူပုံက  စမတ်ဒေါင်းသမားဘော်ဒီလောက် ရှိပေမယ့်  လေသံနဲ့  မျက်နှာက ကြက်မွှေးတံမျက်စီးနဲ့ ကျောကုန်းနောက်ကနေ သွားထောက်ပေးထားရမလိုပဲ  ပြိုလဲသွားတော့ မယ့် အတိုင်းပေါ့ 

တွေးစရာတွေကတော့  အများကြီးပေါ့  အသက် ၅၅ အထိ ဘာလို့  အကိုရဲ့  ကားကို မှီပြီ စီးပွားလုပ်လာရသလဲ ကိုယ့် ဟာကိုယ် အမှီခိုကင်းကင်းနဲ့  ဘာလို့ စီးပွားရှာမစားဖြစ်ခဲ့ တာလဲ  ရှာစားခဲ့ ရင်းက အဆင်မပြေလို့  အကိုလုပ်သူထံမှာ ပြန်ဝင်မီခိုလိုက်တာလား..အကိုလုပ်သူက ဘာလို့  ညီ လုပ်သူကို ဒီလောက်ပေါက်ကွဲသွားရတာလဲ...( တွေးမယ်ဆို တွေးစရာတွေ အများကြီးပေါ)

ဒါပေမယ့်  ကျနော်တို့ က ဗေဒင်ထောင့် ကကြည့် ရမှာဆို ၅ကြွင်း တစ်ယောက် တနင်္ဂနွေမရဏသက်ရောက်ဖြတ်ရင်  တနင်္ဂနွေနံ နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေဟာ ဘယ်လိုတွေ ဖြစ်တတ်လဲကို မြင်လိုက်ရတာ  ညီအကိုမောင်နှမတွေနဲ့ ဆက်ဆံရေး ထမင်းအိုးနဲ့ ပတ်သက်ပြီး တိုက်ရိုက် တကယ်ဒုက္ခတွေရောက်လာချိန်မှာ လူတွေဟာ ဆောက်ရာ တည်ရာဘယ်လာက်မဲ့ သွားတတ်သလဲ ကြိုတင်ပြီး ဘာတွေ စီမံထားတာဟာ ဘ၀တကွေ့ မှာ ကံအလှည့် အပြောင်းတွေ ဖြစ်လာရင် ခုခံနိုင်ဖို့ လိုအပ်ချက်သဘော....သူများကို မှီထားရတာဟာ စိတ်မချရပုံ..စသဖြင့် ပေါ့ .....

စောစောစီးစီးသူက ဆေးခန်းလာသလို အိမ်ရှေ့ လာ ငုတ်တုတ် ထိုင်စောင့် နေတာ အိမ်က အားနာလို့ လာနှိုးတာနဲ့  ထ ပြီး သူပြောသမျှ  ဖြစ်ကြောင်းရယ်ကုန်စင် ထိုင် နားထောင်လိုက်တာ..၀ှီးးး ကျနော်ပါ အမောဖောက် မကျန်ခဲ့ ယုံတမည်ပဲ....နောက်လာတဲ့ လူတွေနဲ့ တော်ကီထုရတာတောင် စိတ်က လမိုင်းက သိပ်မကပ်ချင်ဘူး ဖြစ်သွားတယ် အဲ့  ၅ အင်္ဂါ ရဲ့ ဒုက္ခတရား နောက် ကိုယ့် ဝိဥာဉ်က ပါသွားသလိုပေါ့  သူတို့ မိသားစု ဘယ်လိုများ ရပ်တည်ပါ့ မလဲပေါ့ လေ..
.
.( ယတြာတွေတော့ ပေးလိုက်တယ် နောက်၂ပတ်ကျော်ရင်တော့ မုန်တိုင်းစဲမှာပါလို့  ဘ၀ အဆုံးစွန်ထိတော့ မပျက်သေးပါဘူးလို့  အလုပ်လည်း သင့် တော်တာ ပြန်ဖြစ်လာမှပါလို့ တော့  တွက်ချက်ပြီး ယတြာကူလိုက်ရတယ်)



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..