အစွဲ
---------------
အလုံးကြီးတွေ ကိုယ်နားမလည်တဲ့ ဝေါဟာရတွေကနေ မချဉ်းကပ်ပါဘူး...နေ့ တဓူဝ အက်ရှင်တွေကနေ ပြန်ချဉ်းကပ်ယူတယ်...
အယူသဘောက ၀မ်းဘိုင်ဝမ်းသဘော အာရုံပြုမှု က သံသရာအတွက် မိန်းလို့ သာယူထားတယ်
ခွေးတစ်ကောင် ကားပွတ်သွားလို့  ငယ်သံပါအောင် အော်ပြေးသွားတာ စလောင်း အကြည့် မပျက်ပါဘူး...ကိုယ်မှ ခွေး မမွေးထားတာလေ....၊
ကား ဘရိပ်အုပ်သံ ကျွီ..နဲ့ အတူ..ဟေ့ ဟေ့ .ကြောင် ကြောင်...ဆိုပြီး လူတွေ ၀ိုင်းအော်တော့ ...အိမ်ထဲက ကိုယ်က ရင်ဘတ်ထဲ ထိပ်ကနဲပဲ....
.
ခွေးအော်သံလို စလောင်းကြည့် မပျက် မနေနိုင်တော့ ဘူး...ကိုယ့် မှာ ကြောင်လေးတွေ မွေးထားတာ ရှိနေတာကိုး.....
ပြောဖူးပါတယ် ဂရုလိုက်ရိုက်တဲ့ ဓါတ်ပုံ ဘယ်သူ့ ပုံကို အရင်ရှာမိသလဲပေါ့ ....စာစောင်ပေါ်က တစ်ပတ်စာ ဗေဒင်ဟောစတမ်း ယုံယုံမယုံယုံ အပျင်းပြေပဲ ဖတ်ဖတ်
အလေးကြီးသွားရင်းပဲ ဖတ်မိမိ ဗေဒင်ဟောစတမ်းတစ်ခုတွေ့ လို့  မျက်စိက ဘယ်သူ့ မွေးနံ ဟောစတမ်းစီ ပထမဆုံး အရင်ဆုံး ရောက်သွားလဲပေါ့ .....
အစွဲကြီးတွေဆိုတာ အစွဲ ပိစိလေးတွေက စခဲ့ တာချည်းပဲ... မူရင်း ကိုယ့် ဖြစ်တည်မှု့ ကို အရင် ဦးစားပေးမိနေသ၍ ရွှေပြည်တော်နဲ့  အဝေးကြီး...
.ရွှေပြည်တော်နဲ့ ဝေးတယ်ဆိုတာ နတ်ပြည် မရောက်တော့ ဘူးလို့ ဆိုလိုရာ မရောက်ပါဘူး...စွဲချင်းစွဲ နတ်ဘုံတို့ ကောင်းကင်ဘုံတို့ ရောက်နိုင်တယ်ဆိုတဲ့ အစွဲလေးတွေ ပိုစွဲဖို့ ကြံစီတာပါ..
ညာတာပါတေးနဲ့  အစွဲပဲ တော်တော် ပါးနေသလိုလို ဂုဏ်မခံရဲတဲ့ အကြောင်းပါ တစ်ပတ်စာ ဗေဒင်ဟောစတမ်း အပျင်းပြေဖတ်မိတာတောင် ကိုယ့် မွေးနံ ကိုယ် အရင်ကြည့် မိတုန်း.ဆိုတော့ .....ကြည့် မိတာမှ တစ်ကြောင်းစီ ပြီးအောင် ဖတ်မိနေသေးတာ....ငိငိ။။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..