Powered By Blogger

Wednesday, November 18, 2015

'' အညံ့ မရဏ ဟူးသက်ရောက် စနေလစိတ် ကိုယ်တွေ့ ..ကိုယ်ကျင့် ကာဗာ နမိတ် ဂြိုလ်အထာ ကြိမ်းကြေခြင်း သတိ



အိမ်သုံး ဘက်ထီအိုးထဲ ရေဖြည့် တာ တစ်ပေါက် ဖြည့် ပြီးမှဘေးက သများမြင်လို့ 
ပြောမှ ရေမဟုတ်ပဲ စပါကလင်တွေ ဖြစ်နေတော့  အဲ့ ဒါ ဘူ့ မှာ တာဝန်ရှိလဲ မေမေ...ခ်......
===========
တရုပ်လုပ် တူးပင်ခေါင်းနဲ့ ပစ်စလက်ခတ် နမော်နမဲ့ သုံးတဲ့ အကျင့် နဲ့ 
ဘာမှ မဖြစ်ချင်သေးလို့ သာ ဘာမှမဖြစ်တာ ဖြစ်ပြီဆို ဖြစ်ပြီပဲ
================================
စနေ= အပူဂြိုလ်သဘော
----------
ကျနော်က သောကြာသား...သက်ရောက်က မရဏ ဟူး သက်ရောက်..လစိတ်က စနေလစိတ်..အဲ့ တော့  ကျနော် ကိုယ့် ဟာကိုယ်လဲ ယတြာလုပ်ထားတယ် အိမ်လဲရှင်းထားတယ်ပေါ့  စားသတိ သဘောလဲနေတယ်...၊ အဲ့ ကြားထဲမှာ အိမ်က ဘက်ထရီအိုးကို ရေဖြည့် တာ ရေဘူးက စပရိုက်ဗူးနဲ့ ထည့် ထားလေ့ ရှိတော့ အဲ့ ရေဗူးကို အလွယ်ကောက်ထည့် လိုက်တာ တစ်ပေါက် ဖြည့် ပြီးမှာ နောက်တစ်ပေါက်ကူးထည့် တော့ မှ ရေမဟုတ်ပဲ စပရိုက်တွေ ဖြစ်နေတာ ဘေးက ပြောမှ သတိထားမိရော...ဟီး..အဲ့ တော့ မှ ကြည့် လိုက်တာ ဘက်ထရီအပေါက်လေးက အမျြှတ်လေးတွေ ထွက်လာသဗျ ဒါနဲ့  နောက်ဖေးမြန်မြန်ယူပြီး အကုန်သွန် ဆိုင်ပို့ ရတဲ့ ဘ၀ရောက်သွားရော...ခ်ခ်...

နောက်..မီးချောင်းလဲရင်းက စိတ်ထဲ တစ်မျိုးဖြစ်လာတာနဲ့  ပလပ်တွေ လိုက်ကြည့် တာ ပုံသေတပ်ထားတဲ့  တူးပင်ခေါင်းက တပ်လျက်သားလေး ကော်ဖုံးတွေက အရည်တွေပျော်လို့ ..ပျော်ချက်က ၀က်အူအပေါက်လေးတောင် ပိတ်ပြီး တွန့် လိမ်နေပြီ...အမငီးးး..ပေါ့ ...အဲ့ လိုတွေ စနေ လစိတ်ရဲ့ သဘောက..ဒါကြောင့်  စနေ ကို ကျနော်က အပူဂြိုလ်မို့ အပူတွေ ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေ လောင်တတ်တဲ့ ပစ္စည်းတွေ သတိထား ဂရုစိုက်ပါလို့ မှာတာ
အဆင်မသင့် ရင် ဓါတ်လိုက်တတ်တာ ကြက်သားကြော်ရင်းဆီပူပေါက်တာ မျက်နှာတက်စင်တာ မီးလန့် တာ ဂက်စ်အိုးတွေ စသဖြင့်  တွေးမိသလောက်နဲ့ 
ဖြစ်တတ်တာတွေ မှာရတာ...အခု ဖြစ်ခဲ့ တဲ့ သိသာတဲ့  ဘက်ထရီတွေ လျပ်စစ်တွေကိစ္စက ကျနော်ကိုယ့် ဟာကိုယ် ယတြာတွေကာထားလို့  ဒီလောက်ကလေး ဖြစ်တာလို့ ပြောရမယ့် သဘောပေါ့ ...
=================================



''' အညံ့ မရဏ ဟူးသက်ရောက် စနေလစိတ် ကိုယ်တွေ့ ..ကိုယ်ကျင့် ကာဗာ နမိတ် ဂြိုလ်အထာ ကြိမ်းကြေခြင်း သတိ
--...
ပထမအချက်က စိတ်ချိန်းထားတာကို ကာဗာသဘောဆန်ဆန် ကျင့် သုံးလာတာ..ရဖို့ အာရုံထက် မမွဲသွားရင် ပြီးတာပါပဲဆိုတဲ့ အာရုံက စိတ်ဖိအားကို အများကြီးလျော့ သွားစေတယ် အဲ့ ကောင်းကျိုးက စိတ်ရှင်းသွားလို့  ပတ်ဝန်းကျင်ဖြစ်ပျက်နေတာတွေဟာ နမိတ်တွေ ဖြစ်မဖြစ် အလိုလိုစိတ်ကသိလာတယ်..
( လှိုင်းတွေဟာ စိတ်ရှင်းလေလေ ပိုဖမ်းမိလေလေသဘော). ပုတီမစိတ်တာ ကြာပြီ ဘုရားကို လက်အုပ်ချီ မရှိခိုးတာကြာပြီ ဂါထာမရွတ်ဖြစ်တာကြာပြီ...အဲ့ ကြာပြီဆိုတဲ့ အကြောင်းပြောရတာက ကာဗာ တွေနဲ့  သွားနေတယ်ဆိုတာတွေထဲမှာ ဘာသာရေးဟဲဗီးကြီးတွေ အဓိဌာန်ဟဲဗီးကြီးတွေ သက်လွတ်စားတာတွေ
ဘေးမဲ့ လွှတ်တာတွေ အ၀တ်အစားတွေ လှုတာစွန့် တာ ဘုရားတည်ကျောင်းဆောက်တွေ ငွေတွေလျှောက်လှုတာတွေ ဘာတစ်ခုမှ မလုပ်ထားဘူးလို့ ပြောတာ..
(သဘောက ဘုရားတရား ဒါနခန်းတွေ အရမ်းလုပ်ထားလို့ ဘေးဆိုးတွေကနေလွတ်နေတာလို့  ထင်သွားမှာစိုးလို့ ) အလွန်အကျွံမကောင်းတာတွေ မလုပ်ဖူးသဘောနဲ့ ပဲ အေးအေးနေတာ.

ယတြာသဘော ပုံမှန် အဖြစ် ကျနော့် အကြိုက် ဇော်စိမ်း ၈ ရွက်ကို အမြဲလှုထားတယ် ( ယတြာအဖြစ် အညံ့ များလို့ ဆိုပြီး ပိတောက် မလှုထားတာ အရမ်းကိုကြာနေပြီ) အခု သက်ရောက်ဆိုးရော လစိတ်ဆိုးတွေမှာပါ လှုထားတာ..။ အဓိက ကာဗာက စိတ်ကို ပေါ့ ပေါ့ ပါးပါးထားတယ် ခပ်ပျော်ပျော်ပဲနေတယ် စိတ်တိုလဲ ခဏပဲ တိုတဲ့ စိတ်ကို အာရုံလွှဲ မောင်းထုတ်လိုက်တယ်..ကြုံသလိုစားကြုံသလိုနေတယ် အဓိကစိတ်က ရဖို့ ချည်းတွေမနေဘူးအရမ်းမွဲမသွားပြီးတာပဲစိတ်ပဲထားတယ်..ရကောင်းစေစိတ်လဲမရှိဘူး....သေခြင်းတရားအပေါ် တွေးပြီးကြောက်နေတာမျိုးလဲမရှိဘူး မကြောက်ဖူးလဲ မဟုတ်ဘူး...သေလွယ်နိုင်တဲ့ ကိစ္စမျိုးတွေမှာ နဲနဲပိုသတိထားလိုက်ယုံလေးပဲနေတယ် အကုသိုလ် နဲ့  ၀ဋ်ကြွေးတွေ အရမ်းကြီးနိုင်မယ့် ကိစ္စတွေရှောင်ယုံလေးနေတယ် ကျန်တာ မီးစင်ကြည့် ကတယ်  ငွေ အသက် သိက္ခာ မိသားစု နေရာထိုင်ခင် အနာဂတ် တွေကို ဘာတစ်ခုမှာ တင်းတင်းကြီး ဆုတ်မထားပဲ လွှတ်ချိန်တန်လွှတ်ရမှာပဲ ဆဲခံထိချိန် ဆဲခံထိမှာပဲ ဆိုတဲ့ စိတ်မွေးပြီး ဖွဖွလေးပဲ ကိုင်ထားတော့ လူဟာ စိတ်ပေါ့ နေတယ်

သက်ရောက် ဗုဒ္ဓဟူးကို လူပင်ပမ်း ရုပ်ဒုက္ခ  လူမမာနှစ် စသဖြင့်  သဘောပေါက်ထားလို့  သွေးတိုးလောက်တာ စားရင် ဆေးဆောင်ပြီးစားတယ် ငချဉ်သုတ်စားရင် အစာအိမ်ဆေးပါ သောက်ဖို့ မမေ့ ဘူး ) ( ကာဗာဆိုတာ သတိ ပဲ) စနေလစိတ် မ၀င်ခင် အိမ်မှာ ကြောင်သားပေါက်တယ်..သုံးကောင်ပေါက်တယ်.အေးဆေးပဲ ပေါက်ရိုးပေါက်စဉ်ပေါ့ ...( ခါတိုင်းထက် အကောင်ပေါက်လေးတွေ နဲသွားတာစသတိပြုမိတယ် ကြောင်မက အိုလာလို့ လို့ ပဲသဘောထားလိုက်တယ်...

စနေလစိတ်ဝင်တော့  ကြောင်တွေက လသားဖြစ်လာပြီ...ဆော့ ပြီ ချစ်စရာကောင်းတဲ့ အရွယ်တွေဖြစ်လာပြီ ( ကြောင်တွေကို ကြောင်တွေလို့ ပဲ မြင်တာတော့ ကြာပြီ) တစ်ညမှာတော့  ညသန်းခေါင်းကျော် ကြောင်ကြီးတွေ အိမ်ထဲမှာတိုက်ပွဲဖြစ်တာ ၀ုန်းဒိုင်းကြဲသွားတယ်..ဖြစ်နေကျ ဆိုပေမယ့်  ဒီတစ်ခါမှာ ကြောင်ပေါက်ကလေး တစ်ကောင်ရဲ့ စူးစူးဝါးဝါးအော်သံပါထွက်လာတော့  စိတ်နဲနဲပူသွားတယ် ကြောင်စုန်းများလားပေါ့ ...၀ုန်းဒိုင်ကျဲနေတဲ့ ကြောင်ကြီးတွေကို တုတ်နဲ့လိုက်ရိုက်ပြီး အိမ်ထဲကို အခြေအနေပြန်ကြည့် တော့  ကြောင်ပေါက်လေး တစ်ကောင် လည်ပင်း ဘေးပေါက်ပြီး အော်ပြီး လဲနေတယ်..သွေးတော့ သိပ်မထွက်ဘူး. ကြောင်မက အနားရောက်လာ လျှာနဲ့ လာယက်ပေးနေတယ်....( ကြောင်ထီးကြီးတစ်ကောင်က ကြောင်ပေါက်တွေကို မနာလိုဖြစ်ပြီး လာကိုက်တာမျိုး သဘာဝရှိတယ်)...

ဒါနဲ့  မနက်ကျတော့  ဆနွင်းသိပ်ပေးပေါ့ လေ.....ကျန်တဲ့  ကြောင် ၂ ကောင် မှာ တစ်ကောင်တော့ တွေ့ တယ် အဲ့ တော့  ၃ ကောင်မှာ ၁ ကောင်ကတော့  ဂန့် တော့ မယ် ၁ ကောင်ပျောက်နေတယ် ၁ကောင်ကတော့  အိုကေနေတယ် ( အဲ့ မှ စပြီး အလိုလို စိတ်ကသိပြီး အိမ်ရှင်းဖို့ လိုပြီလို့  အိမ်ထဲမှာ အဲ့ လို အနိဌာရုံတွေ မဖြစ်တာ တော်တော်ကြီးကို ကြာခဲ့ ပြီ...ဖြစ်လေ့ ရှိတယ် ဖြစ်ခဲတယ် ဖြစ်ခဲတာဖြစ်လာရင် ကံ ကို ချက်ကင်ဝင်ရပြီပေါ့ လေ...)...
ဒီတစ်ခါ ကြောင်ပေါက်တာ နဲတာ အခုလို ကြောင်စုန်းလာကိုက်တာ အိမ်သားတွေ သက်ရောက်မကောင်းချိန်နဲ့ တိုက်ဆိုင်လေ့ ရှိတယ်...၊

ဒါနဲ့  အိမ်ကို ပထမအကြိမ် သပြေညွန့် နဲ့ အမွှေးနံ့ သာရေ (စပရေးရေမွှေးရေတွေ) ပဌာန်းရေ ရေမွှေးနဲ့  ကိုယ့် အဆောင် ပိတုန်းရုပ်အဆောင်လည်း ထည့် ပြီး ကိုယ်တိုင်ထပြီး အိမ်ရှင်းဖြန်းလိုက်တယ်...။

ကြောင်ပေါက်လေးက ၀ဋ်ကြွေးပါ ပါလာပုံရတယ် ချက်ချင်း မသေနိုင်သေးပဲ နာလို့ အော်နေတယ်..ဒါနဲ့  ဆနွင်းသိပ်ပြီး ပါရာစီတမောနဲ့  ဘာမီတွန် ကြိတ်ပြီး အာခေါင်ဖြဲ လောင်းထည့် ပေါ့  ရေလောင်းထည့် ပေါ့ ....ကြောင်မအေကြီးက ပထမပိုင်းမှာ အနာလာလာပေးနေတယ် လိုက်ပြီး အသံပေးနေသေးတယ် နို့ ကတော့  ကြောင်ပေါက်လေးကိုက မစို့ နိုင်တော့ ဘူး....( ကြောင်ပေါက်လေး နာလို့  အော်နေတဲ့ အသံက အတော်စိတ်ဆင်းရဲစရာပေါ့  တစ်ချက်တစ်ချက် သနားလို့  မြန်မြန်သေရင် မခံရတော့ ဘူးဆိုပြီး  သတ်ပေးလိုက်ချင်ပေမယ့်  ၀ဋ်နာ ကံနာတွေ ရဲ့ ဓမ္မသဘောကို နှလုံးသွင်းလိုက်ပြီး သူ့ ဝဋ်နာ ကံနာထဲ ကိုယ် ၀င်မပတ်သက်တော့ ပါဘူး ဆေးတိုက် ဆနွင်းသိပ်တာပဲ လုပ်ပါတော့ မယ်လို့  နားကို သည်းခံပြီနေလိုက်ရတော့ တယ်....)...( အနှေးနဲ့ အမြန် သေမယ်ဆိုတာတော့  နို့ မစို့ နိုင်တော့ တဲ့  ကြောင်ပေါက်အတွက် တွက်လို့ ရနေပြီး အော်နေတာ သနားလို့ သာ မြန်မြန် ဂန့် သွားလေ သက်သာလေ လို့ သဘောထားမိတာ...

နောက် တစ်ကောင် ပျောက်နေတာကိုတော့  စသတိထားမိလာပြီ...ပုန်းနေတာမျိုးဆို ကြောင်မအေသံ ကြားတာနဲ့  ထွက်လာရမှာ ( ကြောင်ပျောက်တာကိုတော့  စိတ်ထဲ မထားတော့ ပါဘူး ကြောက်ပေါက်တွေ အရွယ်ရောက်စလေး  ပျောက်တာ ကားကြိတ်တာတွေတော့ ရိုးနေပြီ ( အီးကြုံးရသက်သာတယ်ပဲ သဘောထားတော့ တာ) ဒါနဲ့  ဆေးတိုက်လိုက် ဆနွင်းသိပ်လိုက် လုပ်ပေးနေရင်းက ကြောင်ပေါက်လေး အသံက မထွက်တော့ ဘူး အော်နိုင်စွမ်း မရှိတော့ ဘူး နှုတ်ခမ်းတွေဖြူသွားပြီး ငယ်ချီး ထွက်လာပြီ...နာရီပိုင်းပေါ့ လေ...( အိမ်မှာ ကြောင်သေရင် အိမ်သားတွေရဲ့  ဒဏ်ခံသွားရတာလို့ လဲ အယူရှိကြသလို အိမ်သားတွေ ကံ သိပ်မကောင်းဘူး  သတိထားနေကြလို့ လဲ နမိတ်သဘောဆောင်တယ်လို ယူကြတယ် ( ငါးမွေးထားလဲ ထိုနည်း၎င်း)...ကြောင်ကိစ္စ မတိုင်ခင်က မွေးထားတာ နှစ်ပေါက် လာ လို့ တော်တော်လေး ကြီးလာတဲ့  ရွှေငါးကြီးတွေထဲက ၂ ကောင်က ရှောဘရားသားပြသွားပြီးသား...အဲ့ ထဲက သတိိထားနေပြီ ( အိမ်သားတွေ အကုန်လုံးကို တစ်ယောက်ချင်း န၀င်းခေါ်ထိုင်ပေးထားလိုက်ပြီးသား ( ကာဗာက အိမ်သားတွေထဲက သက်ရောက်ညံ့ နေသူတွေကို အရင်ယတြာခြေပေးထားလိုက်တာ) )

ကြောင်လေး သေသွားလို့  သွားစွန့် ပြီး. သိပ်မကြာဘူး ညနေစောင်းတော့  အပုပ်နံ့ က ထွက်လာတယ်...အဲ့ မှာ စသတိထားမိတာက ပျောက်နေတဲ့ နောက်တကောင် ဂန့် နေပြီနဲ့ တူတယ်ဆိုပြီး အိမ်ထဲလိုက်ရှာတော့  ထင်တဲ့ အတိုင်းပဲ တွေ့ တယ်...ဒဏ်ရာမရှိဘူး...အလန့် လွန်ပြီး နှလုံးရပ်သေတာမျိုး..
( ဒါလဲ ကြုံဖူးတယ်  အိမ်ရှ့ မှာ ဆိုက်ကား ဘီးပေါက်တာ အလန့် လွန်ပြီး ငုတ်တုတ် ၀ပ်လျက်လေး သေသွားတဲ့ ကြောင်တစ်ကောင်)..ဒါနဲ့  အဲ့ ဒုတိယမြောက်
ကြောင်ကို ရှင်းလိုက်ရတယ်..အခုတော့  ၁ ကောက်ထဲကျန်တော့ တယ်ပေါ့ ....ဒီ ၂ ကောင်မြေုာက်ကို ရှင်းပြီး ဒုတိယအကြိမ် အိမ်ထပ်ရှင်းလိုက်တယ်...

..ကိုယ်တိုင် ဘက်ထရီအို ထဲ ရေနဲ့  စပရိုက်မှားထည့် တာ လျပ်စစ် တူးပင်ခေါင်းတွေ လောင်ပြီး အရေပျော်နေတာတွေ ဖြစ်လာတွေ့ လာတော့ တာပါပဲ...သဘောက ကြောင်ကိစ္စက လူ့ အစားခံသွားတာမျိုး. နောက် အိမ်ရှင်းယတြာက မိန်းပေါ့ ..နောက်တစ်ချက်က အည့ံလာမှာကို တွေးကြောက
်မနေပဲ ကြုံလာတာကို ဖြေရှင်းသွားတာမျိုး  ဒဏ်ရာရနေတဲ့  ကြောင်ကိုဆေးကုပေးခွင့် ဆေးတိုက်ခွင့် ရတယ်ဆိုတာ အဓိက ကောင်းမှု့ ကြီးပဲ
အဓိက ကြိမ်းကြေမှု့ ကြီးသဘော ဒါမျိုးက လုပ်ယူလို့ မလွယ်ဘူး သူ့ ဟာသူဖြစ်လာတာကို ကိုယ်က အထာပေါက်ပြီး လှုပ်ရှားသွားတာ....

အဓိကပြောချင်တာက အညံ့ သဘောတွေ မလာခင်မှာ လာတော့ မယ်ဆိုတဲ့  ရှေ့ ပြေး အနိဌာရုံ လက္ခဏာ ဆိုင်းတွေ နမိတ်တွေ ကိုယ့် အိမ်ထဲမှာ လာလာနေတယ်
ဒါကို သတိထားမိဖို့  သတိရှိနေဖို့ လိုတယ်ပေါ့  ပြီးတော့  အဲ့ သတိက စိတ်ရှင်းနေမှ စိတ်ဖိအားနဲနေမှာ ငါ့ ဆိုတဲ့ ကဏ္ဍကို ပါးပေးထားမှ ပိုပြီး အလုပ်ဖြစ်တယ်
ဖြစ်ရိုးဖြစ်စဉ်လာ လက္ခဏာပြနေတာလိုကို ခွဲခြားပြီး စိတ်ကအလိုလိုသိလာတယ်လို့ ပြောချင်တာ


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..