Powered By Blogger

Tuesday, February 10, 2015

''ဒီနေ့  ဖွရွာထဲမှာရေးခဲ့ တဲ့ စာ''

ပြည်ပထွက်ကြည့် မှ

တစ်ယောက်ပေါ့  BE ပြီးလို့  ME ကို စကော်လာရလို့  ပြည်ပမှာ သွားတက်ရတော့  ပထမဆုံး စိတ်ခေါ်မှု့ ကတော့  စာသင်ခန်းမှာ ဆရာက အင်္ဂလိပ်  ၊ လက်ချာပေးတာက အင်္ဂလိပ်လိုချည်း ပြီးတော့  ဘာမှတ်စုမှ မပေး လက်တန်း တော်ကီလာထု ပြန်ထွက်သွား.....ကိုယ့် ဟာကို လိုက်မှတ်ရ တော့  ဘယ်က စလို့ ဘာလိုက် မှတ်ရမှန်း မသိ အတန်းချိန် သာ ပြီးပြီးသွား တစ်လုံးစသိ နှစ်လူံးစသိ ဆယ်လုံး လောက်က ၀ါးတားတား..အရေးတော့ ရပါရဲ့  အပြောရော  အကြားရောက ဘိုပဲကုလားပဲပင်စဉ်းငုံ..
.
အဲ့ ဒီ့ မှာ...ပြန်ပြေးချင်စိတ်တွေတဖွားဖွား...ဖုံးဆက်ပြီး အိမ်ကိုငိုပြရတာ နာရေးသတင်းပို့ လို့  အပြန်အလှန် ပြောနေကြတဲ့ အတိုင်းပေါ့ ...မြန်မာပြည်သားသွေးက
အဲ့ တော့ မှပေါ်လာတော့ တယ်...မထူးဘူး ဖေါင်ဖျက်တိုက်ကြမယ်ဆိုတဲ့ စိတ်သဘောပေါ့ ...အဲ့ စိတ်ကြောင့် သာ....

အဲ့ ဒီမှာ ပြောချင်တာက တစ်ခြား ဗီယက်နမ် ထိုင်း ဖိလစ်ပိုင်ကျောင်းသားတွေလည်း ရှိတဲ့ နေရာမှာ ME တောင် လာတက်နေမှတော့  စရောက်သူ အချင်းချင်း သူတို့ တွေနဲ့ အပြော အကြား လယ်ဘယ်တွေ  သိပ်မကွာဘူးလို့ ဆိုတယ် ...သိပ်ကွာသွားတာက ကုလားတွေဆိုတဲ့ ''အိန္ဒိယက ကျောင်းသားတွေ'' နဲ့ အင်္ဂလိပ်စာ အပြော အကြား  တုန့် ပြန် လျင်မြန်မှု့ မှာ ကျန်တဲ့ အရှေ့ တောင်အာရှက ကျောင်းသားတွေနဲ့ အတော် ကွာသွားတယ်လို့  ဆိုတယ် ..ဘာကြောင့် ကွာ သွားရ တာလဲ..တွေးစရာပေါ့ ..အိန္ဒိယရော ဘားမားဆိုတဲ့မြန်မာရောအင်္ဂလိပ် လက်အောက်တော့  နေခဲ့ ဘူးတာချည်းပဲ....လွတ်လပ်ရေးရတာလည်း မတိမ်းမယိမ်းပဲ...
-

------------------------------------
၈၈ ပြီးတော့  အစိုးရကို ရှိရင်းစွဲလက်ကျန် အကြည်ညိုလေးပါ သိပ်ပျက်သွားတယ်..သိပ်မကြာခင် ရန်ကုန်မြို့ ထဲမှာ ကားလမ်းမဖြတ် လူကူးဂုံးကျော်တံတားတွေ ဖြစ်လာတော့  အရပ်ကလူတွေအများစုက ဝေဖန်တယ် '' ဒါ စေတနာနဲ့ အကောင်းလုပ်ပေးတာမဟုတ်ဖူး...နောက်တစ်ခါဖြစ်ရင် တံတားပေါ်က တက်ပြီး အပေါ်စီးကနေ နေရာယူ ပစ်ကွင်းကောင်းကောင်းနဲ့  ရွေးပြီး ပစ်ချလို့ ရအောင် လုပ်ထားတာ လူထုအတွက်အဓိက မဟုတ်ဖူး '' လို့ ပေါ့ ...ဟုတ်သည်ဖြစ်စေ မဟုတ်ဘူးငြင်းစေ မပြေးသော်ကန်ရာရှိခဲ့ ပြီလေ...

ဆိုပါတော့  လူ့ သဘာဝမှာ သမိုင်းကြောင်းကို ဘယ်လောက်ကြည့် မိသလဲဆိုရင် အင်္ဂုလိမာလကြီး ရဟန္တာဖြစ်သွားတာက ဖြစ်သွားတာပဲ...ဒါပေမယ့်  သူရဟန္တာမဖြစ်ခင်က သူ့ လက်ချက်ကြောင့်  အသက်တွေပေးခဲ့ ရ တဲ့ သူတွေရဲ့ မိသားစုဝင်တွေက ကိုယ်တော်ကို ကိုယ်တော်လို့ မမြင်ပေးနိုင်သေးလို့ ဆွမ်းမလောင်းကြသေးတဲ့ အပြင် ခဲတွေနဲ့ ပစ်တာတောင် လုပ်ခဲ့ ကြသေးတယ်လို ဆိုတယ်...အတိတ် ခြေရာဆိုတာ ထပ်ကျပ် မကွာ...
-------------------
ကိုယ်တွေ တက္ကသိုလ်တက်နေတုန်းက တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှု့ အသင်းတွေ အနုပညာ အသင်းတွေဆိုတာ သူ့ ခေတ်နဲ့ သူ ပျော်စရာ အတော် ကောင်းခဲ့ သလို့  ကိုယ်ချင်း ကိုယ်ချင်းတွေ ဘော်ဒါကြီးတွေ ဖြစ်ခဲ့ ကြတယ်

တစ်မြေထဲနေတစ်ရေထဲသောက်တွေ သူဟာကိုယ် ကိုယ်ဟာသူ ဖြစ်နေပြီး သူဟာဘယ်သူ ကိုယ်ဟာဘယ်ဝါလို့  ခွဲပြီးတော့ ကို မမြင်ခဲ့ ကြသလို အကြောင်းသင့်တဲ့ အခါ အချင်းချင်းတွေရဲ့  ဘာသာစကားအပိုင်းအစလေးတွေပါ သိခွင့် သင်ခွင့် ရခဲ့ ကြသေးတယ်..နယ်စုံပယ်စုံက ရန်ကုန်ပင်မကြီးမှာ လာဆုံကြတာကိုး...

အဲ့ ဒီမှာ တစ်ချို့ တွေစီကစကြားဖူးခဲ့ တာပဲ..ဒီ ရန်ကုန် ပင်မတက္ကသိုလ်က ဘွဲ့ ယူပြီးပြန်သွားရင် SSA မှာ ဗိုလ်တန်းဖြစ်တယ်တဲ့ ...ကိုယ်တွေ နယ်ပေါင်းစုံက သူငယ်ချင်း အချင်းချင်းကြားမှာတော့ ဟာသ စကားပါပဲ...အဲ့ ခေတ်က မာဇဒါဂျစ်ခေတ်ပေါ့ ..
--------------------------
'' သမိုင်းကြောင်းဆိုတာ ဒါပဲ...''
---
၉၀တုန်းက NLD ကို ပုံအော မဲပေးခဲ့ ကြတာက NLD ဘာလဲ သေသေခြာခြာမသိသေးပေမယ့်  မဆလ ရဲ့ သမိုင်းကြောင်းကို ပါးစပ်ဟတာနဲ့ ဘယ်နှစ်ခါ အူတော့ မလဲဆိုတာ ၂၆နှစ်စာလောက် သိနေခဲ့ ကြပြီးဖြစ်လို့ ပေါ့ ..

ပြီးခဲ့ တဲ့ ကြားဖြတ်မှာလည်း NLDကို အများဆုံး ရွေးပေးကြပြန်တာက အုပ်ချုပ်ရေးဆိုင်ရာ ဘာအာဏာမှ မယူဘူးခဲ့ သေးယုံတင်မက အမျိုးမျိုး အနှိပ်ကွပ်ခံခဲ့ ရပေမယ့် မီးလျံကြားက အကြိမ်ကြိမ် ရှင်သန် ထမြောက်လာခဲ့ တဲ့ မီးလျံငှက် ဖီးနစ်လို NLD ရဲ့  သမိုင်းကြောင်းရော အာဏာကိုင်ထားတဲ့  ကြံ့ ဖွတ်တစ်ဖြစ်လဲ စစ်အာဏာရှင်တွေရဲ့ လက်ထက် အနှစ်၂၀ကျော် မှာ တိုင်းပြည်ကြီး သဒေါင်းဇား ဘ၀တင်မက အုပ်ကဌကြီးမော်စီတုန်တို့ နယ်မြေခွဲ ကျွန်ဖြစ်လုလုဘ၀ဖြစ်နေခဲ့ တဲ့ သမိုင်းကြောင်းပါ သိနေကြလို့ ပဲ

ခုနေ ထောက်ပြုတ် ဘုရားဒကာ ဗိုလ်ခင်ညွန့် နဲ့  ကျနော်တို့ လမ်းထိပ်က ဆိုက်ကျဲရိုးဆရာ ရှပ်ကီဘဲ ကိုပွား အမတ်နေရာပြိုင်ရင် ရှပ်ကီဘဲ ကိုပွားကိုပဲ မဲပေးမိမှာပါ ကိုပွားရဲ့ သမိုင်းကြောင်းက ထောက်ပြုတ် ဗိုလ်ခင်ညွန့် သမိုင်းကြောင်းထက် ကောင်းတာကို ကိုယ်ကသိနေလို့ ပေါ့ 

အမျိုးသား ပညာရေးဥပဒေဆိုတာကြီးကို မဖတ်ဖူးသေးပါဘူး... ဒါပေမယ့် ကျောင်းသားသပိတ်ကို ထောက်ခံတယ်..ထောက်ခံရတဲ့ သဘောက ရိုးစင်းတယ် ကျောင်းသားတွေရဲ့ သမိုင်းကြောင်းက ဘယ်တုန်းကမှ မရိုင်းခဲ့ ဘူးသလောက် စစ်အာဏာရှင်အစိုးရတွေရဲ့ သမိုင်းကြောင်းက အမြဲတမ်း ရိုင်းခဲ့ တာချည်းပဲဆိုတာ ကိုယ်တွေက သိနေလို့ ပေါ့ ...

.....သမိုင်းကြောင်းဆိုတာ ဒါပဲ...


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..