'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, February 10, 2015
'' ဂိမ်မာတဲ့ လား...''
သိပ်မပြောချင်ပါဘူး
---
လွန်ခဲ့ တဲ့ ၂၀၀၀ပြည့် စွန်းစွန်းဝန်းကျင်ကာလတွေက တိုင်ဝမ် ဟောင်ကောင် ကိုရီးယား တရုပ်ပြည်မကြီး စသဖြင့် တွေဖက်မှာ ခေတ်ထခဲ့ တဲ့  ဂိမ်းပြိုင်ပွဲတွေ ကျနော်တို့ ဆီကို ပျံ့ နှံ့ လာခဲ့ တယ်..အဲ့ အချိန်မှာ ကျနော်တို့ ဆီမှာလည်း အလုပ်မရှိ စစ်ထဲဝင်မလား တက္ကစီမောင်းစားမလား ဆိုသလို ဆူလွယ်နပ်လွယ် ထ လုပ်ရသလိုမျိုး ငွေယားလေး နဲနဲရှိရင် ..အင်တာနက်ဆိုင်လေးတွေ ဆူလွယ်နပ်လွယ်ထထူထောင်ခဲ့ ရတယ်..ကျနော်တို့ လမ်းဆို လမ်းတိုလေးသာဆိုတယ် ၃ ဆိုင်တောင် ရှိခဲ့ တယ်.အနာဂတ်စိတ်ကူးယဉ်လို့ ရတဲ့  အလုပ်မှန်သမျှနီးနီး စစ်အုပ်စု လက်ထဲ ဘီယာဆိုင်သေးသေးလေးပါမကျန် ရောက်ကုန်လို့ ပါပဲ .။
ပုံမှန် အသုံးအတွက်မှာ လူထုတွေကို အများကြီးမျက်စိနားပွင့် စေခဲ့ တယ်၊ ဒါပေမယ့်  တပ်ဆင်ခ လျပ်စစ်ခ လေအေးစက်ခ မီးစက်ခ ရပ်ကွက်က အလှုငွေကောက်တာ အခွန်ခတွေဟာ ဖြစ်သင့် တာထက်ကို အဆမတန် ကြီးလွန်းလှလို့  အဲ့ ဆိုင်လေးတွေ ရပ်တည်ဖို့ အတွက် ဂိမ်းလာကစားတဲ့  လူငယ်တွေကို အားကိုးရတော့ တယ်..။ အဲ့ အချိန်မှာပဲ နက်ဝပ်ကင်းတင်မက ဂိမ်းမာ ဆိုတဲ့ ရောဂါဟာ ဂိမ်းကစားသမားတွေရဲ့ ကြားမှာ နေ့ချင်းညချင်း သူဌေးဖြစ်တော့ မလို စိတ်ကူးယဉ်စရာအဖြစ် စတင် ၀င်လာပြန်တော့ တယ်..
ရပ်ကွက် လမ်းသွယ် နက်ဆိုင်လေးတွေရဲ့ ကွန်ပြူတာပစ္စည်း အများစုကို မြို့ ထဲက လျပ်စစ်ပစ္စည်း ကွန်ပြူတာပစ္စည်း အကြီးအကျယ်ဖြန့်ဖြူးတဲ့  ဆိုင်တွေကနေ၀ယ် ယူရတာ များပါတယ် ။ အဲ့ ဒီ့  ဆိုင်ကြီးမဟာတွေ အများစုဟာ စစ်အာဏာရှင်အုပ်စု ထောက်လှမ်းရေးအုပ်စုဝင်မိသားစုတွေ အများစု ပိုင်ဆိုင်တင်သွင်းဖြန့်ဖြူးကြတဲ့ ဆိုင်တွေ ဖြစ်တယ်..သူတို့ တွေ ပစ္စည်းမှာ သွင်းတာဟာ ကွန်တိန်နာ အလုံးပေါင်းများစွာ ဖြစ်ပေမယ့်  အနဲအပါးသာ အခွန်ဆောင်လိုင်းရိုက်သွင်းတာ ကျောင်းတွေကို အပေါ်လူကြီးတွေနဲ့ ပေါင်းသွင်းတာ သွင်းစာရင်းပြတစ်မျိုး အသွင်းပြတစ်ခြားနဲ့ သွင်းတာ တွေချည်းများပြီး သောင်းဂဏန်းနု့ ချီပြီး သိပ်ချမ်းသာကုန်ကြတယ် ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်း သွင်းကြတာဟာ နည်းပညာစက်တွေဖြစ်လို့  လူမသိသူမသိ ထောနေတဲ့ ခွင်ကျယ်ကြီးပေါ့ ....
ဆူပါမားကက်တွေပလာဇာကြီးတွေဟာလည်းထိုနည်း၎င်းပါပဲ..၊ ဂိမ်းတွေ ခေတ်ထလာတော့  အလောင်းအစားတွေကြေးတွေပါလာပြီ..ဒီကာလမှာပဲ ပလာဇာကြီးတွေဟာ သူတို့ ဈေး လူစည်ဖို့  ပရိုမိုးရှင်းသဘောအဖြစ် ပလာဇာကြီးတွေရဲ့ အလယ်မှာ အဖွဲ့ လိုက်တွေ ဂိမ်းပြိုင်ပွဲကြီးတွေကို မက်လုံးပေးပြီး ပြုလုပ်ပေးကြတော့ တယ်..၊ နက်ဆိုင်လေးတွေကလည်း ဆိုင်ဆိုင်ချင်း ချိတ်ဆက်ပြီး အဖွဲ့ လိုက် ကြေး ထပ်ပြီး ဂိမ်းပြိုင်ပွဲတွေ ဆိုင်ပရိုမိုးရှင်အဖြစ် လုပ်ပေးလာရတော့ တယ်...
တိုင်ဝမ်မှာဟောင်ကောင်မှာ ကိုရီယားမှာ ဂိမ်မာလူငယ်တစ်ယောက် ကောင်းပြီဆိုရင် ဒေါ်လာ ဘယ်နှစ်သိန်းတွေရတာ ဘယ်လို မွေးထားတာ ဘယ်လို ဖူးဖူးမှုတ်ထားတာ ဘာညာဟာ လူကြီးသားတွေ ထင်တိုင်းကြဲနေလို့  သူတို့ ကိုအားကျပြီး သူဌေးစောစောဖြစ်ချင်နေတဲ့  ဂိမ်မားလေးတွေ အတွက် သိပ်စိတ်ကူးယဉ်လို့ ကောင်တာပေါ့ လေ..။
အဲ့ ဒီ့  ဂိမ်းပြိုင်ပွဲကြီးတွေအတွက် အဓိက စပွန်စာက စောစောက ကွန်ပြူတာ ဆင်စပ်ပစ္စည်းတွေ အကြီး အကျယ် တင်သွင်းတဲ့  စစ်အုပ်စု ထောက်လှမ်းရေးအုပ်စု မိသားစုဝင်တွေ ပါပဲ...အာရှမှာ နာမည်ကြီး ဂိမ်းမာကြီးဖြစ်သွားတယ်လို့ သာ မယ်မယ်ရရ မကြားလိုက်ရတာ ဂိမ်အမာ ကောင်းလို့ တဖုတ်ဖုတ်ကျလို့ ဆေးကျောင်းကတောင် ထွက်လိုက်ရပြီး ဂိန်ကနဲ့ အော် သွားရသူတွေ ကျောင်းမပြီး လို့ ဟိုဆိုင်မှာ ၀န်ထမ်းလိုလို ဒီနိုင်ငံခြားဘဲထွက်ပြီး စာဖတ်တော့ မလိုလို အလုပ်ဝင်တော့ မလိုလို ဂိမ်း ကစားလွန်းလို့ အိမ်နဲ့ ပြဿနာတက် မိဘအိမ်က ကျော့ ကော့ ဆင်းသွားရင်းလေလွင့် ပြီး ဝေလေလေ ဇာတ်ခင်းသွားတာ တစ်ပုံကြီးပါပဲ...
သိပ်မပြောချင်ပါဘူး. မသိသင့် တာတွေသိလာရင် အန်ဒလယ်ချိလယ်လို့ ပြောစံကြားဖူးလယ်...ခိခိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..