Powered By Blogger

Tuesday, February 10, 2015

'' အသစ်ဗျ အသစ် အသစ် ''


မကြာခင်က ဓါတ်ရိုက်ဓါတ်ဆင်ပညာ အကြောင်းတွေမှာ ဟောဒီ့ ပညာရပ် မဟာကြီးဟာဆိုရင်ဖြင့် ........
 ( အမငီး လျှာယားချက်..ဟီးး)ဓမ္မတရားတွေကျင့် ရတာထက်တောင် နက်ရှိုင်းသလိုလို အစီအရင်တွေ လုပ်ရင် အမှားမခံသလိုလို မှားရင်ပဲ တန်းပြီး နူတော့ မလိုလိုပေါ့ ...ဒါလဲကိစ္စမရှိပါဘူး...ပွဲရုံမှာသုံးဖို့  လိုလို့ ဂုံင်္နအိပ်တွေ အလုံး ငါးဆယ် တစ်ရာဝယ်တိုင်း ဦးလန်ဘားကြီးက သူ့ ဆိုင်က ဂုနီအိပ်က ကမ္ဘာ့ အကောင်းဆုံး ကုလားပြည် မဒရပ်စ်စက်ရုံကလာသလိုလိုပေါ့  အမှန်က အုပ်ကျင်း ဂုံနီစက်ရုံက ထွက်တာတွေချည်းပဲ.ဟီးး

အဲ..အဲထဲမှာ ထူးဆန်တာ တစ်ခုပါတယ် တစ်ခါမှတော့ မကြားဘူးဘူး..ငွေ ဆိုတဲ့ ပိုက်ဆံကို တနင်္လာနံ  ကောက်တာက အများသိပြီးသားပေါ့  ဒါပေမယ့် နေရာတကာမဟုတ်ဘူး အဲ တနင်္လာနံကို ငွေ ၂ ကောက်တာဟာ အများသဘော ဆိုင်ရာမှာစသာကောက်တာပါတဲ့  ကိုယ်တစ်ဦးတည်းပိုင်ဆိုရင်တော  ကြာသာပတေးနံကောက်ရတယ်တဲ့ 

'''''ဟာာာားးးးအဲဒါ အဲဒါ လူသား အားလုံးကို လေးစားပါတယ်ဆိုတဲ့  ကျနော်တို့ မင်းသားကြီး ကိုကျော် လိုချင်တဲ့ အသစ် ပဲဗျ...အသစ်.အသစ် ...'''..ဆိုတာမျိုးပါပဲဗျား...ပါရမီရှင်တွေသာ ဒါမျိုး ရှာဖွေလေတွေ့ ရှိလေရယ်ပေါ့ ဗျားးး..

ဒါပေမယ့်  ပညာရပ်က နံကောက်တွေ  သစ်တာ မသစ်တာထက် ဘေးကနေ ဒံပေါက်စားသုံးသူအဖြစ် ကျနော်က စဉ်းစားကြည့် တယ်...ဆိုပါတော့  ကျနော်က ဒံပေါက်ကြိုက်တယ်ပေါ့ နော်...အဲ့ တော့  ဆိုင်ပေါင်းစုံလိုက်စားကြည့် တယ်ပေါ့ နော် ..အဲ့ တော့ ဆိုင်တစ်ဆိုင်ဆိုင်ကလက်ရာတစ်ခုခုကို ကျနော်က အကြိုက်ဆုံးဖြစ်သွားတယ်ပေါ့ နော် ဒါပေမယ့် အာလုံးကတော့ ဒံပေါက်တွေချည်းပေါ့ လေ...အဲ...တကယ့် .စာသုံးသူဆိုတာ ဒံပေါက်ထဲ ဘာတွေပါလဲ မပါဘူးလဲ အဓိကမကျ သိပ်သိလေ့ မရှိ ချက်နည်းမသိ သိတာက မျက်စိနဲ့ မြင်နေရတဲ့  ပါလေ့ ရှိတဲ့ ပဲသီးစိမ်းစေ့ လေး သီဟိုစေ့ လေးကရဝေးရွက် သစ်ကြမ်းပိုးခေါက်လေး အနှစ်ကလေးမြင်နေရရင်ပြီးသလို သလို ဘယ်သူ ရောင်းသလဲကလည်း မိန်း မဟုတ်ဘူး စ စားလိုက်တာနဲ့ လျှာပေါ်ဝဲ အရသာဂွတ်ဖို့ ပဲလိုတာ ...အဲ့ ဒါတကယ့် ပုံမှန်စားသုံးသူသဘောပဲ 


အဲ့တော့ ဗေဒင်ရဲ့ ဓါတ်ရိုက် ဓါတ်ဆင်တွေကိစ္စမှာလဲ ဒံပေါက် စားသုံးသူတွေလိုပဲ...တနင်္လာနံ မကလို့  ဘာနဲ့ ကောက်ကောက်  ကျနော်လိုချင်တာ ငွေ အော် ပိုက်ပိုက် အော် ပိုက်ဆံ အော် မန်းနီး ဒါပဲ ကျနော်ငွေမလည်ဘူး ငွေကျပ်တယ် အဲ့ ဒါ မြန်မြန်ပြေလည်ချင်တယ်.ဘယ်လိုနည်းနဲ့ မြန်မြန်လာလာ ဥပဒေနဲ့ မငြိရင်ပြီးရော..ဒါပဲဗျ...တကယ့် ဗေဒင် မေးသူတွေဆိုတာ...ဆရာက ဒီကိစ္စ ဒါ ဒါ ယတြာလေး လုပ်လိုက်ပါလို့ ဆိုရင် ဒါက ဘာနံကောက်တာလဲငင်...လို့  ပြန်မေးလေ့ မရှိဘူး  တက်ကြွပြီးပြန်သွားတော့ တာပါပဲဗျာ...သဘောက ကောက်ချင်တဲ့ နံကောက်ပါ ဆြာသခင်ရယ်.. ဒံပေါက်က ရေရေလည်လည်.စားကောင်းဖို့ ပဲလိုတယ်ပေါ့ လေ..

အဲ  အဲ့ လိုတွေ ထွေလီကာလီတွေ လိုက်ဖတ်နေတုန်း အောက်က ကောင်မလေးအမည်မျိုးနဲ့ အကောင့် က ၀င်ရေးခဲ့ တဲ့  ကွန်းမန့် တစ်ကြောင်းဖတ်မိလိုက်တာ..
''.ဟိုက်ရော...တေပီဆြာ့ .အမငီး ကြိုးစားပမ်းစား .ရေးပြရကြိုးနပ်ချက်.'' .ဖြစ်သွားရောဗျာ...ကွန်းမန့် လေးကလေ....

 '' အဲ့ ဓါတ်ရိုက် ဓါတ်ဆင်ဆိုတာ ဘာလုပ်တာလဲဟင် ''''' တဲ့ ...ဟီးးးးး..

တစ်ခါတစ်လေတော့ လည်း လောကဟာ ပျော်စရာကောင်းပါတယ်လေ....ခိခိ

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..