'
'ပျက်နေတဲ့ ကိစ္စတွေကို အပျက် သဘောနဲ့ မကြည့် ပါနဲ့  အကောင်းမြင်ပေးတာ စိတ်သက်သာတဲ့ ဗျ ..''
'' ငင်...မကောင်းလို့  ပျက်နေပါတယ်ဆိုမှ...ဘိုလုပ်.?..'''
'' သြော် ဒီလိုဗျာ...၀င်လာစကတည်က ဈေးပေါပေါနဲ့ ဝယ်ဝယ်သုံးတဲ့  တရုပ် တိုင်ကပ်နာရီ အစုတ်အပျက်တွေ အိမ်မှာ များနေပြီ မဟုတ်လား အဲ့ ဒါ့ ကို တရုပ်လုပ်ဆိုတိုင်း ပျက်တာမြန်လိုက်တာလို့  အဆိုးမမြင်ဘဲ လမ်းထဲလာတဲ့ အဟောင်းအစုတ်ဝယ်တဲ့ လူထဲ ရောင်းလိုက်ရင် လက်ဘက်ရည်ဖိုးတော့ ရသေးသား ဆိုတဲ့ အကောင်းမြင် သဘောလေးပေါ့ ဗျားး..'''
''' ညယ်...တရုပ်နာရီအပျက်အစုတ်တွေများ အလကားပေးတောင် လက်တွန်းလှည်းထဲ ရှုပ်လို့ တဲ့ ယူကြဘူးရယ်....အငှင့် ..'''
''ငင့် ...အာ့  ဥပမာပေးတာလေ...ကိုင်းဗျာ..မယူလည်း အမှိုက်ပုံသွားပစ်လိုက်တော့  အိမ်မှာ အပျက်အစုတ်အပုံတွေကြား ကြွက်သိုက်တွေဘာတွေ လာမရှုတ်တော့ ဘူးဗျာ..ကဲ..ဒဂဒဲ ကြံဖန်ပြီး အကောင်းမြင်ပေးပါလို့ ဆိုတဲ့ ဟာ....'''
'''ဟီးးးး...နို့ .အဲ့ လို့  ကြံဖန်ပြီး အကောင်းမြင်ပေးရမယ်လို့ .တိမှ မတိတာကြီးကိုးးး...ချိတ်ကြီးပဲ..ခ်ခ်..'''
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..