Powered By Blogger
Wednesday, February 11, 2015
''ပညာသဘော ၊ စာသီအိုရီ။ အဟောဆရာ နဲ့ ဗေဒင်မေးသူ '''
သိုင်းပြောင်းပြန်ရဲ့ သဘောက သမားရိုးကျ အကွက်တွေကြားက စတင် သင်ကြားရတဲ့  သိုင်းပညာတွေမျိုး သဘောမဆန်တော့ ပဲ လွတ်လပ်ပြီး တစ်ဖက်ကလာတဲ့ 
ရန်ဘက်ရဲ့ အခြေအနေကြည့် ပြီး အလိုက်သင့် ပြန်တုန့်ပြန်တဲ  တိုက်ခိုက်ရေး ပညာ တစ်မျိုးပါပဲ..စနစ်ဇယား ပုံသေ မထားတဲ့ စနစ်ဇယားကျတဲ့ ပညာ တစ်မျိုးဖြစ်လို့ 
သိုင်းပြောင်းပြန်လို့ ဆိုပါတယ်..သူ့ လိုရင်းက အမြန်ဆုံးတုန့် ပြန်ဖို့  '''လူ့ တစ်ကိုယ်လုံးကို လက်နက်အဖြစ်'' မူလသိုင်းပညာရပ်တွေထဲက နည်းစနစ်တွေကို ခြုံ့ ပြီး ကြုံသလို သုံးသွားတဲ့ သဘောမျိုးလို့ ဆိုတယ်...ဆိုလိုတာက '''စည်းဘောင်အတွင်းကနေ လွတ်လွတ်လပ်လပ် ပြန်တိုက်ခိုက်တဲ့ သဘောပေါ့ .'''.
လူမမာက ဆေးခန်းသွားပါတယ်..ဆရာဝန်ကဆေးထိုးပေးလိုက်ပါတယ်..လူနာ သက်သာ ပျောက်ကင်းသွားပါတယ်..ဒါပေမယ် ဆရာဝန်က (အရပ်အခေါ်) မိုးရေထိုးပေးလိုက်တာလား အင်နာဂျက်ဆင်ထိုးပေးလိုက်တာ မသိပါဘူး သူ့ ဟာသူ ဘာနဲ့ ထိုးပေးလိုက်ထိုးပေးလိုက်လူနာက နေပြန်ကောင်းသွားရင် အသက်သခင်ကျေးဇူးရှင်ဆိုပြီး ကျေနပ်နေတာပါပဲ...
နှစ်နံပေါင်းမှ ပညတ်တစ်ခုဖြစ်လာတဲ့  ''သပြေ '' ရွက် နံ ဟာ '' သက်ရှင်အရင်း သက်ကင်းအဖျား '' ဆိုတဲ့  စာသီအိုရီ အတိုင်းဆိုရင် လူလို နာမ်ဓါတ်မရှိ ၀ိဥာဉ်ကင်းတဲ့ သဘောရှိလို့  ''သက်ကင်း အဖျား သဘော  ''ပြေ ''..ကြာသာပတေးနံ '' အဖြစ်ကောက်ပါလိမ့် မယ်။ ၂ နံ တွဲကို တိုက်ရိုက်သုံးမယ်ဆိုရင် သပြေရွက်ဟာ တနင်္လာသားသမီးတွေအတွက် အကာအကွယ် မတွန့် စေရအညွန့်  အဆောင် တွေဖြစ်လာပါလိမ့် မယ်...ဒါဟာ စာသီအိုရီကနေသွားတဲ့  ပုံသေ အမှတ်သညာသဘောပေါ့ 
ကျနော်ရေးခဲ့ ဘူပါတယ်..သောကြာနံ သီဟိုရွက် မရှိလို့  သပြေရွက်က အရင်းနံ '' သ '' ကိုယူပြီး သီဟိုအစားထိုး ယတြာလုပ်ခဲ့ တာလည်း အလုပ်ဖြစ်ခဲ့ တာပါပဲလို့ ရေးခဲ့ တာပါပဲ...သဘောက သက်ရှိအရင်း သက်ကင်းအဖျား စာအရဆိုရင် မှားနေပြီပေါ့ လေ...စာသီအိုရီကို ပုံသေကိုင်ထားရင် သီဟိုရွက် မရှိရင် ယတြာ မလုပ်တတ်တော့ ဘူးဖြစ်နေမှာလို့ မြင်နိုင်ပါပြီ....
ဗေဒင်ပညာသဘောမှာ သီအိုရီစာရယ် ဆရာရယ် မေးသူ ရယ် အပိုင်း  သုံးပိုင်း  ရှိပါမယ်. ..ဗေဒင်စာအုပ်တွေလိုက်ဖတ်တဲ့ သူကို မေးစရာတစ်ခု ရှိလာတာက ဟောစားမှာလား စာမှတ်မှာလား လိုက်ဗေဒင်မေးမှာလားဆိုတာပါပဲ...
စာမှတ်ရင်တော့  မူကွဲ အမျိုးစုံတွေကြားမှာ နောင်ဘ၀အထိတောင် ဖတ်မကုန် မှတ်လို့ မကုန် လိုက်ကျက်နေလို့ ကုန်မှာ မဟုတ်ပါဘူး..။
ဟောစားမယ်ဆိုရင်တော့  ၂ ပိုင်းဖြစ်လာပါမယ် စာအတိုင်း ဟောစားမယ်ဆိုရင် ကိုယ်ယုံတဲ့ စာသီအိုရီလာ အတိုင်းဟောစားကြပေါ့ လို့ ပဲ ပြောစရာရှိပြီး  နောက်တစ်ပိုင်းကတော့  စာနဲ့ ဆရာနဲ့ တစ်သားထဲဖြစ်သွားပြီးဆိုရင်  ပညာဟာအရှင်ဖြစ်သွားပါတယ်...နှင်းဆီ ပန်းဟာ ဆရာတစ်ယောက်ထဲရဲ့  စိတ်ထဲမှာပဲ တစ်ချို့ ကိစ္စတွေမှာ အင်္ဂါနံဖြစ်လိုက် တစ်ချို့ ကိစ္စတွေမှာ စနေနံ ဖြစ်လိုက် ဖြစ်ချင်သလို ဖြစ်နေတာ ဟောစားတဲ့ ဆရာတွေသာသိလာလေ့ ရှိတဲ့  (ပညာအပေါ်မှာ စိတ်နစ် နေချိန်ဖြစ်လာတဲ့  ဆရာပါဝါလမိုင်း)က ၀င်ဆုံးဖြတ်လုပ်ကိုင်သွားတာမျိုးပါပဲ..
အဲ့ လို ကောက်ချင်သလို ကောက်ပြီး အလုပ်ဖြစ်အောင် လုပ်တတ်တဲ့ ဆရာတွေမှာ သီအိုရီ ဘောင်ခတ်ထားလေ့ မရှိဘူး သိုင်းပြောင်းပြန်လို တစ်ဖက်ကလာတဲ့ ဗေဒင်မေးသူရဲ့ ဆန္ဒနဲ့ ကိုယ့် ဆီမှာရှိတဲ့  ဆေးဝါးကို အသုံးတဲ့ မယ့်  အင်ဂျက်ရှင်း အလုပ်ဖြစ်အောင်ထိုးပေးလိုက်တတ်တယ် သူတို့ ရဲ့ စိတ်ကိုက တစ်ခုခုကို ဒါနဲ့ မှ ဆိုတဲ့ စိတ်မျိုးကို ဆုတ်ကိုင်မထားဘူး..
သဘောက စိတ္တဇ ပန်းချီဆရာလိုပေါ့ ..အဲ့ ဆရာတွေဟာ ပုံတူဆွဲပန်းချီအခြေခံတွေအပြင် ကာလာတွေရဲ့ အခြေခံတွေပါ ကျေညက်ပြီးသားပါပဲ...အရူးချီးပန်း လျှောက်ဆွဲနေတာမျိုး မဟုတ်ကြောင်း သူတို့ ပန်းချီတွေရဲ့ ကာလာတွေ သရုပ်ဖေါ်တွေဟာအဓိပ္ပါယ်ရှိကြောင်း ဘောင်တွေ မူတွေ စနစ်တွေ အပြီး လွတ်မသွားကြသလိုပါပဲ..။
မေးသူကဏ္ဍဆိုရင်တော့  အခုရေးတဲ့ စာတွေ သိပ်သိစရာမလိုပါဘူး ဖတ်ကောင်းရင် အပျင်းပြေရင် စိတ်ဝင်စားစရာကောင်းလိုက်တာဆိုတာလောက် ခံစားမှု့ ရရင် ဖတ်ရကျိုးနပ်ပါပြီ....မေးသူတွေအတွက် အဓိက လိုအပ်ချက်က  ဗေဒင်ယတြာကို စိတ်ကူးပေါက်လို့  လိုအပ်လို့  ယုံလို့ လုပ်တဲ့ အခါ ကိုယ့် ဆန္ဒကို ကိုယ့် အခက်အခဲကို မြန်မြန်ပြည့် စုံစေတဲ့ ဗေဒင်ဆရာ ဖြစ်နေရင်ပြီးတာပါပဲ ကုန်ရကျိုးနပ်တယ်ပေါ့  သူ့ ဟာသူ မိုးရေနဲ့ ထိုးထိုး အင်နာဂျက်ဆင်ထိုးထိုးပေါ့ ..။
ချုပ်လိုက်ရင် လောကီပညာတွေ ဗေဒင်ပညာတွေဟာ စာအခြေခံ သီအိုရီရှိတယ်...ဒါဟာ အခြေခံပဲဖြစ်တယ် တကယ်လုပ်ပြီဆိုရင် သိုင်းပြောင်းပြန်လိုပဲ ပုံသေ မရှိတာကိုက နည်းပညာတစ်မျိုး ဖြစ်လာတယ် အဲ့ ဒါဟာ စိတ်လမိုင်းက ဖြစ်လာတာဖြစ်တယ် ကြိုသတ်မှတ်ချက်မရှိဘူး စိတ်သတ္တိဘက် ပိုနွယ်ပြီး ကိုယ့် ကိုယ်ကို ယုံကြည့် တဲ့ စိတ်က ဖြစ်လာတာဖြစ်တယ် စည်းဘောင်တော့ အပြီးလွတ်မနေဘူး ယုတ္တိကျတဲ့ အချက်အလက်တွေရှိတယ် တကယ်သုံးစွဲနေတယ်ပေါ့ ...
ဆိုပါတော့  ''ရေ '' နဲ့  '''ပရိပ်ရေ'''  ရဲ့  အခြေခံက '''ရေကို အခြေခံရတာချည်း''' ပါပဲ...တူသလားမေးရင် မတူဘူးလို့ ဖြေကြမှာပါ...လွတ်လပ်တဲ့ လောကီပညာတွေ ဓါတ်ပညာသဘောတွေရဲ့  အသုံးချပညာသဘောက ဒီသဘောမျိုးပါ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..