Powered By Blogger

Wednesday, June 3, 2015

အမြစ်ဆိုတဲ့  ခိုက် တစ်လုံးကနေ..


အမြစ်ဆိုတဲ့  ခိုက် တစ်လုံးကနေ..
----------
အခါတိုင်ဆိုဆို နံတိုင်ဆိုဆို  အဲ့ တိုင်ရဲ့  ခိုက်နေရာက နံဟာ အစွန်းရောက်တာ သိပ်များသွားရင်  မူလအလယ်အချာက နံကို သွားလှုပ်ခတ်တယ်ပေါ့ လေ..
တကယ်တန်းမှာတော့  ခိုက်ဆိုတဲ့ အမြစ်နံ ထိခိုက်ပြီးဆိုရင် သစ်ပင်လိုပဲ တစ်ပင်လုံးကို ပတ်ထိတော့ မျိုး ၇ နံစလုံး ဖယိုဖရဲတွေ ဖြစ်ကုန်တော့ တာမျိုးပဲ



ဆိုပါတော့ သောကြာသားတစ်ယောက်ရဲ့ အမြစ်နံဖြစ်တဲ့ ကြာသာပတေးနံသဘော အတွေးအကြံတွေဟာ လောကနဲ့  လူတွေလက်မခံနိုင်တော့ လောက်အောင် သိပ်ကို အစွန်းရောက်လာပြီဆိုရင် ...မူလအလယ်နံ ဖြစ်တဲ့ သောကြာနံ သဘော သူ့ စကားတွေကို အများက လက်မခံချင်တော့ ဘူး အရာမသွင်းချင်တော့ ဘူးသဘော.

မူလအခြေပျက်ရင် န၀င်းနံဖြစ်တဲ့  အင်္ဂါနံ သဘော သူ့ စိတ်ကြံစည်တာတွေဟာ ဖြစ်မလာတော့ ဘူး စိတ်ကူးယဉ်နယ်ထဲသာဖြစ်ပြီ..အညွန့် က စနေနံ သိက္ခာဟာ
အညွန့် ပုပ်သဘောဖြစ်သွားပြီး အလုပ်ထက် လေသာများနေတဲ့ သောကြာသား သုံးစားမရတဲ့ သောကြာသားလို့ သတင်းဖြစ်ပြီ..ဆပွတ်ဆိုတဲ့ စုတ်နေရာ (သို့ ) ပီယနေရာက လူချစ်လူခင်သဘောကနေ အချောင်သမားအာနဲ့ စားသူ သူလာရင်နားငြီးတယ်တွေ ဖြစ်ခံရပြီ..နာ နေရာက တနင်္လာနံ ငွေကြေးသဘောဟာ ခဏခဏဘိုင်ပြတ်သူငွေကြေးအတွက်အမြဲသောကရောက်နေရသူဖြစ်လာတာ ပျက်နေရာက တနင်္ဂနွေနံဟာ မိသားစုနဲ့ သဟဇာတမဖြစ်တော့ ..သင်းကွဲဖြစ်ပြီ သဘော..စသဖြင့် ဖယိုဖရဲတွေဖြစ် သူဘ၀ အခြေတည်ရခက်ပြီ မတည်ငြိမ်တော့ သဘောတွေဖြစ်လာတာ မြင်သာထင်သာဖြစ်လာတယ်ပေါ့ ...

ကျန်တဲ့ နံတွေက အမြစ်နံဆိုတဲ့ ခိုက်နေရာက နံတွေလည်း ဒီလိုသဘောပါပဲ...ဆိုပါတော့ ဗုဒ္ဓဟူးသားရဲ့  အမြစ်ခိုက်က အင်္ဂါနံ စိတ်ခံစားမှု့ သဘော..ဒီတော့  သူ့ ကိုသိတာ စိတ်တိုလွယ်တယ်လို့ သိထားမယ်ပေါ့  တကယ်တန်းမှာ စိတ်တိုလွယ်တာ ခိုက်ထဲမရောက်သေးဘူး..စိတ်ပုပ်ပြီ ဆိုမှာ ခိုက်စိတ်ဖြစ်သွားတာ..စိတ်ပုပ်တယ်ဆိုတာ တဘို့ တည်းကြည့် အဆင့် ကနေ သူများကိုပါ ပျက်ဆီးရာပျက်ဆီးကြောင်းဖြစ်စေချင်တဲ့ စိတ်..အဲ့ စိတ်ခိုက်ပြီဆိုရင် မူလအလယ်က ဗုဒ္ဓဟူးနံ လူ..လူကောင်းသူကောင်းမဟုတ်တော့ ဘူးပေါ့ ..ဒီတော့ န၀င်းနေရာက တနင်္ဂနွေနံ အလုပ် အသင်း မိသားစုကိစ္စတွေဖယိုဖရဲဖြစ်ပြီပေါ့ ..
အဲ့ ဒီလိုအဲ့ ဒီလိုတွေပေါ့ လေ...

ဒါက လူကဲခတ်သဘောနဲ့ ဆင်တယ်..ဒီလိုတွေတွေ့ နိုင်ပေမယ် ဘ၀မပျက်တတ်သေးဘူး အဲ့ လို အစွန်းရောက်စိတ်တွေ ကိုဘ၀တစ်လျှောက်လုံး သယ်သွားပြီးတစ်ချိန်ချိန် ကံနိမ့် တဲ့ အခါမှာတော့  ပြန်အဖတ်ဆယ်ရခက်လောက်အောင် မြောင်းထဲရောက်သွားတော့ တာမျိုးပဲ..သဘောက ခိုက်စိတ်ဆိုတာ သာမန်သဘောထက် လွန်ကဲပြီး သူများအကျိုးစီးပွားကိုပါထိခိုက်စေလိုတဲ့ မနောပုပ်သဘော (မနာလိုတိုရှည်သဘော) ကြီးလာတော့ မှ တကယ်ခိုက်ပြီ...

အများအားဖြင့်  အများစုဟာ အဲ့ ဒီလောက် စိတ်ပုပ်တဲ့ ဘက်မရောက်ကြတာများပါတယ် တစ်ခ့တစ်လေပုထုဇဉ်သဘောအရ ခဏတာတော့  ဖြစ်တတ်ကြပေမယ့် ပုံမှန်သမားရိုးကျ ပျော့ ပြောင်းတဲ့ စိတ်တွေဘက်ပြန်ပြန်ရောက်လာကြတာပါပဲ ဒါကြောင့် ပုံမှန် လူသဘောတွေလိုသာများမျာျးွှေ့ ရပြီး အလွန်အကျွံ ဘ၀ကို ထိခိုက်သွားသူတွေက နဲနဲသာတွေ့ ရတတ်တာပါပဲ

တစ်ချက်ဆင်ခြင်ရတာ စိတ်ပုပ်တာတောင် ဂြိုလ်ကောင်းနေရင် အမည်ဆိုးတာကလွဲလို ကြီးမားတဲ့ ဘ၀ပြဿနာဖြစ်မလာသေးပဲ ဂြိုလ်ဆိုးမှာ အရင်လိုစိတ်သွားပုပ်မိလိုက်မှာ ဘ၀ကိုထိသွားတော့ တာမျိုးပါ..ဒါကြောင့်  စိတ်ပုပ်ချင်ရင်တောင် သက်ရောက် ကောင်းဆိုး အခြေအနေကြည့် ပုပ်လို့ ရသေးတယ်ပေါ့ လေ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..