Powered By Blogger

Wednesday, June 3, 2015

အင်္ဂါသက်ရောက်ထဲဝင်သွားတဲ

(မွေးလကစ မေလထိမကြုံစဖူး တာတွေကြုံခဲ့တယ်
အသက် ၁၄ လောက်ကစ နားမကောင်းတဲ့ ဘဝနဲ့ရုန်းကန်ရင်ဆိုင်ခဲ့တာတောင် ဒီလောက်မခံစားရဘူး)
----------------------------
ဒါဟာ အခု အသက် ၄၁ အင်္ဂါသက်ရောက်ထဲဝင်သွားတဲ့  မူလ ၆ကြွင်း အင်္ဂါသမီး အဓိပတိဖွား မွေးချိန် မနက် ၁၁ နာရီ  ဗုဒ္ဓတိုင် ( မွေးချိန် ၄ကြွင်းမဟာဘုတ်)နဲ့ မွေးသူတစ်ယောက်ရဲ့  ငြီးတွားချက်ပါဗျား...(ဘ၀ကို လက်မြှောက်ချင်ပြီ အရှုံးပေးလိုက်ဖို့  ခဏခဏလည်းကြံနေမိတယ် လို့ တောင် ပြောတဲ့ အထိ စိတ်ညစ်နေတာပါ) (အသည်းကွဲသလား လူမှု့ ရေးလားတော့ ပြန်မမေးတော့ ပါဘူး အင်္ဂါသက်ရောက်ရဲ့ ဘေ့စစ်သဘော  သတ်သေချင်လောက်အောင် စိတ်ဆင်းရဲစရာတွေ လာတတ်တယ်လို့ သာ ယူလိုက်တယ်)
--------------
အဲ့ မှာ ထူးခြားချက်က ( ဖြစ်တတ်ပြီး ဖြစ်တော့ ဖြစ်ခဲတဲ့  နား ဆိုတဲ့ စနေနံရောဂါ ) ပဲ ဒီရောဂါဟာ ၄ကြွင်းမဟာဘုတ် သဘောဖြစ်နေတဲ့   မွေးချိန်မဟာဘုတ်က ပေးလာတဲ့  စနေနံမရဏရောဂါ (၀ါ) အတိတ်ကံရောဂါ သဘောလည်း တွေ့ လိုက်နိုင်သလို..အပျိုဖေါ်ဝင်စမှာ နားအကြားအာရုံ အကြောင်းတစ်ခုခုကြောင့်  ပြဿနာတက်သွားရတာဟာ   အပျိုမ မိန်းကလေးတစ်ယောက်အဖို့  သူ့ ရဲ့ အကြွားဆိုတဲ့ အင်ပရက်ရှင် အတွက် ရွယ်တူ ကျောင်းသွားဖေါ်သူငယ်ချင်းမလေးတွေကြားထဲမှာ ဘယ်လောက်တောင် ရှက်နေလိမ့် မလဲဆိုတာကို ခံစားပေးလို့ ရတယ်
( မလိုသူတွေက ''နားပင်းမ'' လို့  ပြောလေမလား ၀ိုင်း စ လေမလား  လှောင်ပြောင်ကြလေမလား လို့ တွေးပြီး ကရုဏာသက်စရာ )
အဲ့  အရှက်ဟာ ၆ကြွင်း မရဏ တနင်္လာ နံ ရဲ့  ဂုဏ်သဘောကို အတိတ်ကံအရ အထိခိုက်ခံရတဲ့ သဘောပဲ...သဘောက နားရောဂါ ဖြစ်သွားတာက  မွေးချိန်ကံအရဆိုတာ အရင်လာတာ  မြင်သာပြီး ( မူလ ၆ကြွင်းတွေရဲ့  မူလ မရဏနံ အား သဘောသက်သက်သာဆိုရင် နားပြဿနာတက်ခဲတယ်
ဒီနားအကြားရောဂါရဲ့ အရှက်ကြောင့်  နဲ့  နောက်ပိုင်း ရုန်းကန်ခဲ့ရတယ်ဆိုတာ ၆ကြွင်းရဲ့ မရဏကနှိပ်စက်တဲ့ စိတ်ဖိစီးမှု့ ဒဏ်ကိုမြင်ရတဲ့ သဘောပဲ
-------------------
အားနာလို့ အခုရော နားအခြေအနေ ဘယ်လိုနေသေးလဲလို့ တော့ မမေးရက်လို့ မမေးတော့ ပါဘူးဗျားး...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..